ရှောင်းကျန့်တစ်ယောက်ဦးစီး ဦးဆောင်ပြု၍ ကျိရန်၊ယွီပင်းနှင့် ဟောက်ရွှမ်းတို့ သူငယ်ချင်းတစ်သိုက် Club သို့ရောက်ကာ ထင်တိုင်းကြဲနေကြသည်..
Tutorial ပိစိလေးဖြေပြီးသည်ကို ဦးနှောက်ဆေးမည်ဟုဆိုကာ ရှောင်းကျန့်တစ်ယောက် နှစ်ခါပင့်စရာမလိုသော သူငယ်ချင်းများနှင့် ပေါက်ချလာခြင်းဖြစ်သည်..
တကယ်တော့ ဒီနေ့ Baby ညသန်းခေါင်ကျော်မှ နယ်က စက်ရုံကပြန်ရောက်မည်ဆိုသည့် အခွင့်အရေးကို လက်လွှတ်မခံပဲ ရှောင်းကျန့်တစ်ယောက် ကောင်းကောင်း လက်ဝယ်အသုံးချကာ club ရောက်နေခြင်း ဖြစ်သည်..
ယွီပင်းမှာတော့ နတ်မိမယ်ကလေးများ ဝန်းရံ၍ ဝိုင်းတစ်ဝိုင်းတွင် ပွဲကျနေသလို ကျိရန်ကတော့ ဟောက်ရွှမ်း၏ တောင်းဆိုမှုကြောင့် မီးရောင်အောက်တွင် ချစ်သူစုံတွဲနှစ်ယောက်ဟာ သောက်ထားသော အရှိန်ကလေးဖြင့် စိတ်ပါလက်ပါ ဒွန့်နေကြပေသည်..
နဂိုကတည်းက မသောက်နိုင်သဖြင့် ရှောင်းကျန့်သည် စပျစ်ဝိုင်တစ်ခွက်ကိုသာ လက်ထဲတွင် ကိုင်ထားရင်း မီးရောင်စုံနှင့် EDM သံစဉ်များကြား မြူးထူးကခုန်ကာ စိတ်ဖိစီးမှု၊ ဘဝအမောများကို ဖြေဖျောက်နေသော လူတစ်စုကိုသာ ကြည့်ရင်း ခပ်ဆဆပြုံးနေမိ၏..
Ringtone သံမကြားရသော်လည်း ဘောင်းဘီအိတ်ကပ်ထဲက တုန်ခါလာသော ဖုန်းကြောင့် ဒီအချိန် message ပို့မည်သူမှာ နှစ်ယောက်မရှိသော Baby ဆီက Good Night Message ဖြစ်လိမ့်မည်ဟု ရှောင်းကျန့်တွေးမိရင်း ပြုံးလိုက်မိကာ ဖုန်းကို ဖွင့်လိုက်သည်..
^ကော..အိပ်ပြီလား?^
^အင်း..ခုပဲ အိပ်တော့မလို့ Baby!^
ပိုးစိုးပက်စက်လှလှကလေး ညာလိုက်သည်..
^ဟုတ်လား? အာ့ဆို ကော ခဏစောင့်ဦး! ကျွန်တော်အခု မြို့ထဲဝင်လာပြီ..လုပ်ငန်းကိစ္စက ထင်တာထက် စောစောပြီးသွားတယ်..ကော ကြိုက်တဲ့ပူတင်းလေးဝယ်လာခဲ့တယ်..စားပြီးမှအိပ်..ပြန်ရောက်ရင် တွေ့မယ်^
ဖုန်း screen ကို ကြည့်နေသော ရှောင်းကျန့်မျက်ဝန်းများသည် အံ့ဩခြင်း၊ထိတ်လန့်ခြင်း စသည့် ခံစားချက်တို့ ဆင့်ကာဆင့်ကာ ယှက်ပြေး ပြောင်းလဲသွားသည်..
ESTÁS LEYENDO
CANDY JELLY SUGAR BABY( COMPLETED)
Fanficရှိပြီလား? ကိုယ့်ကို အလိုလည်းလိုက်၊ သဝန်တွေတိုပြီး ဂျယ်လီတွေနင်၊ တုန်နေအောင်လည်းချစ်ပေးမယ့် သကြားဖီဖီ တစ်ယောက်လောက်? ဟဲဟဲ..ကိုယ်တွေမှာတော့ ရှိတယ်.. သကြားဖီဖီတော့ မဟုတ်ဘူး.. သကြားပေပီလေး~ ^_~ Inspired by a Fic I've read ~ ^_^