CJSB💕5💕

19.8K 1.7K 41
                                    

ရှောင်းကျန့်အိမ်ရဲ့ စာကြည့်ခန်းထဲမှာ စိတ်မပါဘဲ စာထိုင်လုပ်နေရတဲ့ ရှောင်းကျန့် သူ့ကို ခဏခဏဘေးနားကနေ လှမ်းကြည့်နေတဲ့ ရိပေါ်ကို တကယ် စိတ်ဆိုးပစ်ချင်လာတယ်..

မနက်ဖြန်ပဲ concert သွားကြည့်တော့မယ့်ဟာကို ဒီလိုအချိန်မှာ စာလုပ်ခိုင်းနေတော့ လူက ဘယ်လို စိတ်ပါလိမ့်တော့မလဲလေ..

အကြောင်းသိတဲ့ ရိပေါ်က ညနေကတည်းက ရှောင်းကျန့် အိမ်ဘက်ကူးလာပြီး laptop တစ်လုံးနဲ့ ရောက်လာကာ ရှောင်းကျန့်ကို စာလုပ်စေပြီး သူကိုယ်တိုင်လည်း ဘေးနားထိုင်ကာ စာရင်းဇယားတွေနဲ့ အာရုံများ အလုပ်ရှုပ်နေလေတယ်..

ဒီကြားထဲတောင် ရိပေါ်က သူ့ကို မျက်စိတောက်ထောက်ပြီး စာလုပ်မလုပ် ခဏခဏ လှည့်ကြည့်နေသေးတာ..

Baby သိပ်တရားလွန်တာပဲ..

ပြောချင်တဲ့ စကားကို အလုံးလိုက်မြိုချပြီး ရင်ထဲသိမ်းထားရတာမို့ ရှောင်းကျန့်ရင်ထဲ တင်းကျပ်ကျပ်နဲ့ နေမကောင်းလှ..

ညစာစားပြီးကတည်းက စာလုပ်နေတာ သုံးနာရီတောင်ကြာပြီမို့ ရှောင်းကျန့် တကယ်ကို ပျင်းရိလာပြီ ဖြစ်သလို လက်ထဲက ကိုင်ထားတဲ့ ဘောပင်က စိတ်မပါမှုကို လှစ်ဟဖော်ပြကာ စာအုပ်ပေါ် ဟိုခြစ်ဒီခြစ်..

နှုတ်ခမ်းကလည်း တစ်တောင်လောက်ထွက်လာပြီ ဖြစ်သလို စာအုပ်ပေါ် ဒေါသထွက်နေသော ယုန်ကလေးပုံများ ဟိုတစ်စု သည်တစ်စု ခြစ်နေသော ချစ်ရသူ တွေ့ရတော့ ရိပေါ်လည်း Laptop ကို ပိတ်ချလိုက်တယ်..

ဘေးတိုက်ဖြစ်နေတဲ့ အကောင်ပေါက်လေးမျက်နှာကို
ဒီဘက်လှည့်စေဖို့ မေးစေ့ကလေးကို လက်မနဲ့ လက်ညှိုးကြား လှည့်ယူပြီး မျက်နှာချင်းဆိုင်စေတော့ ယုန်ပေါက်ကလေးဟာ သူ့မျက်ဝန်းကို စာအုပ်ဆီသို့သာ ပို့ထားလေရဲ့..

"ကော..ကျွန်တော့်ကို တစ်ချက် ကြည့်ဦးလေ.."

ပါးစပ်ကထုတ်ပြောမှ နှုတ်ခမ်းထော်ထော်ကလေးက ဘာတွေ ပြောလို့ပြောမှန်းမသိပဲ ပွစိပွစိ ရေရွတ်ပြီး ရိပေါ်ရဲ့ မျက်ဝန်းတွေနဲ့ ဆုံဆည်းလိုက်တဲ့ ကောရဲ့ မျက်ဝန်း လဲ့လဲ့ကလေးများ..

CANDY JELLY SUGAR BABY( COMPLETED)Tahanan ng mga kuwento. Tumuklas ngayon