ယုန်ဖြူလေးကို ပျောက်၍ လွတ်ထွက်သွားမှာ စိုးရိမ်သည့်အလား ရင်ခွင်ထဲကို ပိုမိုတိုးကာ ဖက်ထားလေတော့ အကောင်ပေါက်ကလေးက အသက်ရှူရခက်လာသည်ရော့ ထင့်၊
မျက်ခွံဖောင်းဖောင်းကလေးများက ပွင့်ကာ လှုပ်စိ လှုပ်စိနဲ့ နိုးလာလေတယ်..မျက်ဝန်းကိုသေချာဖွင့်ကြည့်လိုက်တော့ ချစ်ရသူ baby ရဲ့မျက်နှာချောချောလေးကို အရင်ဆုံး ဖူးမြော်လိုက်ရတာမို့ ရှောင်းကျန့် နှုတ်ခမ်းကလေးဟာ အလိုလို ပြုံးယောင် သမ်းလာရဲ့..
ဘုရားပေးသည့် အကောင်းဆုံးလက်ဆောင်ကို ရထားသော နတ်သားတမျှပြည့်စုံလွန်းသော ချစ်ရသူ baby မျက်နှာကို အခွင့်အရေးကို လက်လွှတ်မခံပဲ တစိမ့်စိမ့် ကြည့်လိုက်မိတယ်..
မေးရိုးထင်းကာ သွယ်လျသော မျက်နှာကျ ရှိသော်လည်း ဖောင်းအိနေသည့် ပါးဖွေးဖွေးဥဥလေး..
ဖြောင့်စင်းသွယ်တန်းနေသော နှာတံလေး..
အမြဲ ချယ်ရီတစ်ပွင့်လို့ ပန်းဆီဖျော့ဖျော့သွေးပြီး ဘယ်တော့မှ နမ်းလို့မဝနိုင်တဲ့ နှုတ်ခမ်းနှစ်လွှာ..ဟုတ်တယ်လေ..
အဲ့ နှုတ်ခမ်းကို ငါပဲ နမ်းခွင့်ရှိတာ..
ငါလေး သိပ်ကံကောင်းးး ဟီးးဟီးးးတွေးရင်းနဲ့ပင် ဘာမဆိုင်ညာမဆိုင် ဂုဏ်ဆာသောအနေနဲ့ Baby ရဲ့ ချယ်ရီဖူးကလေးကို ပြွတ်ခနဲ အနမ်းတစ်ပွင့်ခြွေလိုက်လေတော့ အိပ်မပျော်သေးတဲ့ Baby က ချက်ချင်း နိုးလာပြီး ပြုံးရိပ်သန်းတဲ့ မျက်နှာချိုချိုကလေးနဲ့ ကောကို ကြည့်တယ်..
"အားးးးးးးးးးးး!!! မေ့တော့မလို့! ညဈေး! ညဈေး! Baby ရေ!!! ကောတို့ ညဈေး သွားမယ်ပြောထားတယ်လေ! မေ့နေပြီလား??? ထ! ထ! ထ!"
အကြည်စိုက်ပြီး ချစ်ခြင်းဖွဲ့ခွန်းချိုသာ စကားလှတပတလေးတွေနဲ့ ရိုမယ့် ရိပေါ်ရဲ့ ကိုယ်တွင်းက လိပ်ပြာကလေးတစ်ကောင်ဟာ ရှောင်းကျန့်ရဲ့ ထအော်သံကြောင့် ဖလူးဖလူးနဲ့ လူးကာ လွန့်ကာ ထွက်ပြေးသွားလေရဲ့..
"Baby! အချိန်မီသေးတယ်! လာလေ! လာ! လာ! လာ!သွားရအောင်!"
အိပ်ယာပေါ်တွင်လှဲနေကာ လုပ်သမျှ လိုက်ကြည့်နေသော ရိပေါ်ကို လက်ကနေ ဆွဲ၍ ရှောင်းကျန့် ထဖို့ ခေါ်လေတယ်..
YOU ARE READING
CANDY JELLY SUGAR BABY( COMPLETED)
Fanfictionရှိပြီလား? ကိုယ့်ကို အလိုလည်းလိုက်၊ သဝန်တွေတိုပြီး ဂျယ်လီတွေနင်၊ တုန်နေအောင်လည်းချစ်ပေးမယ့် သကြားဖီဖီ တစ်ယောက်လောက်? ဟဲဟဲ..ကိုယ်တွေမှာတော့ ရှိတယ်.. သကြားဖီဖီတော့ မဟုတ်ဘူး.. သကြားပေပီလေး~ ^_~ Inspired by a Fic I've read ~ ^_^