Part.18..[final]

2K 74 3
                                    

..

"ကိုကို..ဆေးသောက်​ရအောင်​လေ.."

ပြတင်းပေါက်​လေးကနေအပြင်​ကိုငေးကြည့်​နေတဲ့ကိုကို....ကိုကိုအနားကျွန်​တော်​ပြန်​လာခဲ့တာအခုဆို
2နှစ်​ကျော်​ခဲ့ပြီ...ကိုကိုရောဂါလည်းသက်​သာလုနီးပါးဖြစ်​နေခဲ့ပြီ...မောင်​...မောင်​ကတော့ဂျပန်​ကိုထွက်​သွားခဲ့လေပြီ....မောင်​မင်္ဂလာဆောင်​တော့မယ်​လို့လည်းသတင်းတွေကြားရတယ်​...မောင်​အဆင်​ပြေနေတယ်​လို့ကြားရတော့ကျွန်​တော်​အရမ်းပျော်​မိပါတယ်​...အချိန်​ခဏလေးအတွင်းမောင့်​ဆီမှာရှိနေခဲ့တဲ့နှလုံးသားလေးကနာကျင်​ပေမယ့်​ပေါ့...။

"ငယ်​..."

"ပြောလေ...ကိုကို..."

"ကိုကို ကိုချစ်​တယ်​မလားဟင်​..."

"...."

တုံဆိုင်းနေမိခဲ့ပြီလေ...
ဘယ်​လိုပြန်​ဖြေရမလဲ...အကယ်​၍ချစ်​တယ်​လို့ဖြေခဲ့မယ်​ဆိုရင်​ကိုကို ကိုလိမ်​ရာကျမယ်​...အမှန်​တိုင်းဖြေခဲ့မယ်​ဆိုရင်​လည်းကိုကိုနာကျင်​ရလိမ့်​မယ်​...
ဖြစ်​နိုင်​ရင်​မမေးပါနဲ့လား...။

"ငယ်​..."

"ဟင်​...ကျွန်​တော်​...ကျွန်​တော်​ကိုကို ကိုချစ်​...ချစ်​ပါတယ်​..."

ညာခဲ့မိပါတယ်​...
မနာကျင်​စေချင်​တာကြောင့်​ပါကိုကို...

"ကျေးဇူးတင်​ပါတယ်​...ငယ်​..."

အခုချိန်​မှာကိုကိုရင်​ခွင်​ထဲမှာငယ်​ရောက်​နေခဲ့ပြီ...
ကိုကိုပျော်​နေမယ်​လို့ငယ်​မျော်​လင့်​ပါတယ်​...
ငယ့်​ကြောင့်​နာကျင်​ရတဲ့ကိုကို ကိုထပ်​ပြီးအနာတွေမပေးချင်​တော့ဘူး...။

*အခုရော...ကိုကိုပျော်​နေလိမ့်​မယ်​လို့..ငယ်​ထင်​လား..?*



📱"အင်း...သူပြန်​ရောက်​နေပြီလား..?"

"ဟုတ်​...သူပြန်​ရောက်​နေပါပြီဆရာ..မနေ့ကဘဲရောက်​တာပါ.."

"အင်း...ငါစီစဉ်​ထားတဲ့အတိုင်းလုပ်​လိုက်​တော့.."

"ဟုတ်​ကဲ့..ဆရာ.."

"ဒါပဲ.."📱

"ဒီတစ်​ခါတော့ငယ်​ပျော်​ရွှင်​ရအောင်​...ကိုယ်​လုပ်​ပေးမှာပါငယ်​..."

He [complete]Wo Geschichten leben. Entdecke jetzt