အခန်း ( ၁ )
မြို့နယ်အဆင့်မဟုတ်သေးတဲ့ တိုက်နယ်အဆင့် ဆေးရုံကလည်း စည်ကားလိုက်တာ။ နေမကောင်းတဲ့လူတွေ တကယ်ပဲ အဲလောက်များတာလာလို့ ကျတော် တွေးမိတယ်။ လာလိုက်တိုင်းလည်း အမြဲတမ်းပြည့်နေတာပဲ။ ကိုယ်တွေက နေကောင်းနေလို့သာ သတိမထားမိတာ။ နေမကောင်းတဲ့လူတွေ များတယ်ဆိုတာ ဆေးရုံလာမှပဲ မြင်တော့တယ်။ ပိုဆိုးတာက ဘုန်းကြီးတစ်ပါး ဆေးရုံတက်နေရသောကြောင့် ခါတိုင်းထက် လူကြပ်နေတယ်။ ကျတော် နပ်စ်မ မကြည်ဖြူနား ပြေးကပ်လိုက်တယ်။"လုပ်ပါဆရာမရာ ကျတော် သွားစရာရှိလို့ ကျတော့်ကို အရင်စစ်ပါဗျာ"
"မရလို့ပါသွေးသစ်ရယ် ရှေ့ကနှစ်ယောက်ကို အရင်စစ်ပြီးရင် နင့်ကို စစ်ပါ့မယ်ဟယ်နော်။ ခဏစောင့်။ ဒါမှ မဟုတ် ပြီးမှ ပြန်လာခဲ့ဟယ်"သွေးဘဏ်မရှိသော နယ်ဆေးရုံတွေရဲ့ ထုံးစံအတိုင်း သွေးလိုသော လူနာလာမှ သွေးအလှူရှင်ရှာကြတယ်။ အခု အရေးပေါ်လူနာအတွက် သွေးလှူဖို့ ဆေးရုံ ရောက်နေပေမယ့် စိတ်က ပြန်ဖို့ပဲ လောနေမိတယ်။ ဒီနေ့ အရိပ်ကို သွားကြိုပြီး လျှောက်လည်ဖို့ ချိန်းထားတာက နောက်ကျနေပြီ။ စိတ်က ကောက်ဦးမယ်။ သွေးတစ်ခါလှူရင် ဖေဖေ့ဆီက မုန့်ဖိုးအချီကြီးကို ရမှာ။ အခုစစ်ထားပြီးရင် လိုမှာက ညနေလောက်မှ ဆိုတော့ အေးဆေးလျှောက်သွားလို့ ရသေးတယ်။
"ဆရာမရာ ကျတော်က အရင်ကလည်း လှူနေကျပဲ သွေးက သန့်ပါတယ်။ မစစ်ဘဲနဲ့ စာရင်းသာ ယူထားလိုက်ဗျာ။ နော် ဖြစ်တယ်မလား။ အရေးကြီး ကိစ္စရှိလို့ပါ။"
'ဟယ် မဖြစ်ဘူးဟဲ့ မလှူဖြစ်တဲ့ လေးလကျော်အတွင်းမှာ ဘာမှဖြစ်မလာဘူးလို့ မပြောနိုင်ဘူးလေဟယ်။ နင်က အရက်သောက် ဆေးလိပ်သောက်နဲ့။ ကဲပါဟယ် ငါ အလုပ်ကို ဖြောင့်ဖြောင့်လုပ်ပါရစေ။"ဟာ မကြည်ဖြူကလည်းကွာ ဘယ်လိုမှ ပြောမရဘူး။ စိတ်ညစ်တယ်။ ဒီနေ့ အရိပ်နဲ့ သွားရင် ပိုက်ဆံက ကုန်ဦးမယ်။ ပြတ်လပ်လို့တော့ မဖြစ်ဘူး။ သွေးတစ်ခါလှူရင် ငါးသိန်းလောက်တောင် ရမှာ။
"အဲဒါဆိုလည်း ကျတော့်ကို အရင်ပေးဗျာ။ ရှေ့ကနှစ်ယောက်ကို ကျတော်ပဲ ပြောလိုက်မယ်။"
YOU ARE READING
အသွားထက်တဲ့ဓား
Romanceအငြိုးကြီးတဲ့ ဂျစ်ကန်ကန်ကောင်လေးက ဆရာဝန်လေးကို ရန်ငြိုးဖွဲ့ ကလဲ့စားချေတဲ့အခါ