ဇာတ်သိမ်းပိုင်း

316 9 0
                                    

နိဂုံး
                           ******
အစ်ကိုရေ အခု ကျတော် ချောင်းသာကို ရောက်နေပြီ။ ကျတော်နဲ့ အစ်က်ို အတူနေခဲ့တဲ့အခန်းမှာ တည်းပြီး ကျတော် အစ်က်ို့ကို လွမ်းနေတယ်။ အခုလည်း အစ်ကို ထွက်ထိုင်နေတဲ့ နေရာလေးမှာ ထိုင်နေတယ်ဗျ။ အစ်ကို အဲဒီညက အရမ်းနာကျင်နေတဲ့မျက်နှာကို ကျတော် ပြန်တွေးမိတိုင်း ရင်ထဲမှာ မွန်းကြပ်ပြီး လှိုက်တက်လာတယ်။ တစ်ခါတလေ ငိုမိတယ်။
              
ညသန်းခေါင်တောင်ရှိပြီနော် အစ်ကို။ အစ်ကိုရော အိပ်နေပြီလား။ အစ်ကို မလာဘူးလားဗျာ။ ဒီချိန်မှ မရောက်သေးရင် မလာသေးလို့ပေါ့နော်။  မျှော်လင့်ချက်ရေးရေးလေးက တဖြည်းဖြည်း ဖျော့တော့ မေးမှိန်လာတယ်။ အရိပ်ရယ် နင် ငါ့ကို လက်စားချေဖို့များ ဒီလိုတွေ လုပ်ခဲ့တာ လားဟာ။

လှိုက်တက်လာတဲ့ ဝေဒနာတို့ကို ထိန်းချုပ်ဖို့ကြိုးစားရင်း အစ်ကို့ကို မျှော်နေမိတယ်။ ဆက်စောင့်နေပါ့မယ်။ အစ်ကို့စိတ်ဆန္ဒမပါလို့ ကျတော့်ကို မချစ်လို့ မလာခဲ့ရင်ဖြင့် ကျတော် ဆက်ပြီး အစ်ကို့ကိုချစ်တဲ့၊ အစ်ကို့ကို အားကျတဲ့၊ ဖေဖေဖြစ်စေချင်တဲလ လူကောင်းတစ်ယောက်အဖြစ် ဆက်ရှိနေပါ့မယ်။

အရိပ်ကပြောတယ်။ သူ့တာ၀န်အရ ကျတော့်ကို မိသားစုနဲ့ အဆင်ပြေအောင် လုပ်ပေးခဲ့ပြီးပြီ။ အခု အစ်ကိိုနဲ့ အဆင်ပြေဖို့ သူ ကိုကိုနဲ့ ပေါင်းပြီး လုပ်တာတဲ့။ အစ်ကို့ကိုပါ ဒီချောင်းသာကမ်းခြေကို ချိန်းထားတယ်တဲ့။ ကျတော့်ကို ခွင့်လွှတ်နိုင်ရင်၊ ချစ်ခဲ့တယ်ဆိုရင် လာပါလိမ့်မယ်တဲ့။ ဒီညမှ ရောက်မလာခဲ့လျှင်တော့ အစ်ကို့နားကို နောက်ထပ် မကပ်ရတော့ဘူးတဲ့။

ဒါပေမယ့် အစ်ကို လာမှာပါတဲ့။ သူ့အတွက် လက်ထပ်ပွဲ ဖျက်ပြီးထွက်ပြေးခဲ့တဲ့ ကောင်လေးကို အမြဲစိတ်ပူနေခဲ့တာတဲ့။ အရိပ်ကိုယ်တိုင် သူ့ကို ကျေးဇူးတင်လေးစားခဲ့တာတဲ့။ မေမေတို့ကလည်း သူ့ကို သဘောကျ ခင်မင်နေပြီတဲ့။  "ဒေါက်တာရဲရင့်" ဆိုတာကို ပါးစပ်ဖျားကတောင် မချဘူးတဲ့။ ဘာလိုသေးလို့လဲ အစ်ကိုရာ အစ်ကို့အချစ်တစ်ခုသာ ရရင် အကုန်ပြည့်စုံနေပြီကို။

ဟာ... အရိပ်ကို ယုံရပါ့မလား။ အရိပ်လှည့်စား ခဲ့တာများလား။
အချိန်တွေက မြန်လွန်းနေတယ်နော်။ အစ်ကို မြန်မြန်ရောက်အောင်လို့များလား။ ဟော မနက်
တစ်နာရီ .....
နှစ်နာရီ ......
သုံးနာရီ ......
လေးနာရီ ......
ငါးနာရီ    ........
ခြောက်နာရီ .......

အသွားထက်တဲ့ဓားWhere stories live. Discover now