******* အသွားထက်တဲ့ဓား (၃) *****
အခန်း ( ၃ )
သင်္ကြန်ပြီးတော့ ကျတော် ကဲထားသမျှ အစွမ်းကုန် နားတော့တာပဲ။ အတက်နေ့ည ချောင်းသာမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေက တစ်ရက်နှစ်ရက်ထိတော့ ခေါင်းထဲက မထွက်ပေမယ့် သုံးလေးရက်လောက်ကျ နေသားကျသွားတယ်။ ဒါပေမယ့် ကျတော်တို့ရဲ့ ရေစက်က ပြီးမသွားသေးဘူး။ နှစ်ဆန်း သုံးရက်နေ့မှာ ပုသိမ်မှာ တာဝန်ရော အိမ်ထောင်ပါကျနေတဲ့ အစ်ကိုဝမ်းကွဲက အိမ်ကို အလည်လာခဲ့တယ်။ ဘာကိစ္စလည်း စိတ်မဝင်စားပေမယ့် သူ့ကြောင့် ကျတော်နဲ့ ဆရာဝန်တို့ ထပ်တွေ့ရပြန်တယ်။"ညီ ကိုကို့ကို ဒေါက်တာ ရဲရင့်သွေးစီ လိုက်ပို့ပေးကွာ။"
ခက်ပြီ။ ဒီဆရာ၀န်နဲ့ ကျတော်က ဘယ်လိုရေစက်ဆိုးပါလိမ့်။ တွေ့ဖို့ မျက်နှာပူနေပါတယ်ဆိုမှ လာခေါ်နေတယ်။ ကိုကိုပြောမှ ဆရာဝန်ကို သတိရပြီး စိတ်မကောင်း ဖြစ်ရတယ်။ ဟာ ကိုကိုနဲ့ သူက အသိတွေလား။ အရိပ်ရဲ့ အစကားတွေ ပြန်ကြားယောင်မိတယ်။
"ဟာ ကိုကိုရာ။ ကိုကို့ဟာ ကိုကို သွားပါဗျာ။ ညီ မလိုက်ချင်ဘူး။"
"လိုက်ခဲ့ပါကွာ။ ညီလေးနဲ့လည်း မိတ်ဆက်ပေးချင်လို့ပါ။ သူက ကိုကို့သူငယ်ချင်းကွ။ လူရိုး လူအေးကြီး။ နည်းနည်းပါးပါး ကူညီလိုက်ဦး"ရိုးအေးတာလား မာနကြီးတာလား မပြောတတ်။ ကျတော့်ကို ပြောခဲ့တာတော့ ခုထိ နားထဲက မထွက်ပါဘူး။ အင်း ငြင်းလည်း ရမှာ မဟုတ်မယ့်တူတူ လိုက်ပို့တာ နားအေးပါတယ်။
***************-*
"ဒေါက်တာ နေမကောင်းလို့ ဆေးရုံမလာတာ သုံးရက်တောင် ရှိပြီရှင့်"နပ်စ်မ တစ်ယောက် အပြောကြောင့် ကျတော် စိတ်မကောင်း ဖြစ်သွားတယ်။ အဲဒီညက သူ အပြင်မှာ တစ်ညလုံး ထွက်ထိုင်နေတာကိုး။ သူရဲ့ အေးစက်နဲ့ အထိအတွေ့တချို့ကြောင့် ကျတော် ကြက်သီး ထသွားတယ်။ ဟော မကြည်ဖြူ လာပြီ။
"သွေးသစ် နင် ဒေါက်တာနဲ့ လာတွေ့တာလား။ ဟိုမှာ လာနေပြီ"
မကြည်ဖြူ ညွှန်ပြရာဘက်ကို မဆိုင်းမတွ လှမ်းကြည့်လိုက် မိတယ်။ မျက်နှာလေးကရဲပြီး ချောင်ကျသွားသလိုပဲ။ ကျတော် ကြည့်နေတုန်းမှာ သူ ကျတော့်ကို တွေ့သွားတော့ အလိုမကျစွာနဲ့ ချက်ချင်း မျက်နှာလွဲသွားတယ်။ ကိုကို လှမ်းခေါ်မှပဲ သူ ပြန်လှည့်လာတယ်။
YOU ARE READING
အသွားထက်တဲ့ဓား
Romanceအငြိုးကြီးတဲ့ ဂျစ်ကန်ကန်ကောင်လေးက ဆရာဝန်လေးကို ရန်ငြိုးဖွဲ့ ကလဲ့စားချေတဲ့အခါ