အပိုင်း (၆)

327 16 0
                                    

****** အသွားထက်တဲ့ဓား (၆) ******
အခန်း ( ၇)

၀မ်းကွဲညီမတစ်ယောက် due date ရောက်ကာ ကလေးမွေးတဲ့ညမှာ ကျတော်က ဆေးရုံမှာ လူနာစောင့်ဖို့ လိုက်လာခဲ့တယ်။ ဆေးရုံကို လာဖို့ အကြောင်းဖန်လာသလား၊ ထိုအကြောင်းကို ကျတော်ကပဲ တမင်ဖန်နေသလား မပြောတတ်တော့။ တကယ်တော့ ကျတော် ထိုသို့အိပ်ရေးပျက်ခံပြီး အမျိုးများအတွက် လောက၀တ် မကျေတတ်ပါဘူး။

ကလေးအမေရဲ့ အော်ဟစ်ညည်းညူသံကြောင့် လူနာအနားကထွက်ပြီး ကျတော် ဆေးရုံရှေ့တန်းလျားတွင် ထိုင်နေမိတယ်။ အဲဒီအချိန်တွင် ကားတစ်စီး ဝင်လာသံကို ကြားရတယ်။ ခဏကြာတော့ ဆရာမများ ညည်းညူသံ ကြားရတယ်။

"ဘာ caseလို့ ပြောရမှန်းကို မသိဘူး။ abortion လည်းမဟုတ် birth လည်း ပြောမရ။ ဆရာဝန်ကြီးလည်း ခုဏတင် နားရတာ။ သွားခေါ်ရမှာလား အားနာတယ်။"

"လုပ်ပါဦး သွေးကလုံးဝမတိတ်ဘူး။ ကျမလည်း ဘာလုပ်ရမှန်း မသိတော့ဘူး။"

ဆရာမများ အပြန်အလှန်​ ညည်းညူရင်း လက်ကလည်း တရစပ် လုပ်နေကြတယ်။ နားကျပ်ဖြင့် ထောက်လိုက် သွေးပေါက်ချိန်လိုက်၊ ဆေးထိုးလိုက်၊ပုလင်းကြီးချိတ်လိုက်ဖြင့် ရှုပ်ရှက်ခတ်နေသည့်အပြင် ငွေးအလှူရှင်လည်း ရှာဖို့ ပြောနေသံကြရတယ်။ စောစောက ဆရာမပြောချက်အရ ည (၁၂)နာရီ ကျော်နေပြီ သူ ခုဏလေးတင် နားရတာတဲ့။ ပင်ပန်းလိုက်တာဗျာ။ ဒါကြောင့် အဲလောက် ပိန်နေတာ။

"Bသွေး နှစ်လုံး လိုနေတာ။ ရှင်တို့ သွေးအမြန်ရှာတော့။"

ပါလာသော လူနာရှင်က အသက်၄၀အရွယ် အဒေါ်ကြီးတစ်ဦးနှင့် အသက် ၂၀ အရွယ် ကောင်လေးတစ်ယောက်။ ကောင်လေးက .....

"ကျတော်က Bသွေးပါ ကျတော့်ဆီက ယူပါ"
"ရှင့်က လူနာနဲ့ ဆွေမျိုးတော်စပ်လား။"
"ဘာမှ မတော်ပါဘူးဗျ"

ရုပ်ချင်းလည်းမဆင်ပုံထောက်တော့ ဆွေမျိုးမတော်စပ်ရင် ချစ်သူတို့၊ အိမ်ထောင်ဘက်တို့ ဖြစ်မယ်။ နောက်ဆုံးတော့ ထိုကောင်လေးဆီမှ သွေးတစ်လုံးရတယ်။

ခဏကြာတော့ သူ ရောက်လာပြီး ခွဲခန်းထဲ ၀င်သွားခဲ့တယ်။ သူ့မျက်နှာထက်မှာ ပင်ပန်းနွမ်းနယ်မှုထက် ပူပန်စိုးထိတ်မှုကိုသာ တွေ့ရတယ်။
              **************************

အသွားထက်တဲ့ဓားWhere stories live. Discover now