********* အသွားထက်တဲ့ဓား (၂) *******
အခန်း( ၂ )
"ဖြည်းဖြည်းပက်××× ချမ်းချင် ချမ်းပါစေ××× ..."ကျတော်တို့အဖွဲ့ကတော့ အမိုးပွင့်ကားလေးပေါ်ကနေ လှုပ်လှုပ်ရွရွနဲ့ အပြတ်ကဲနေကြတယ်။ ဟိုဆရာဝန်ကတော့ ငူငူငိုင်င်ုင်နဲ့ လိုက်ငေးနေတယ်။ အစတည်းက မလိုက်ပေမယ့် ပထမတစ်ခုအနေနဲ့ အကျပ်ကိုင်ပြီး ခေါ်လာခဲ့ရတယ်။ ခေါ်မယ့် ပြောမယ့်လူလည်း မရှိနဲ့။ ကျတော် အကြံရသွားတယ်။ ညီရဲကို မျက်စပစ်လိုက်တယ်။ ဟိုကောင်ကလည်း ပါးမှပါးပဲ။
"ဆရာ အဲလို မနေနဲ့ဗျာ။ ပျင်းစရာကြီး။ လာပါ ကရအောင်။"
ဆရာဝန်က ငြင်းနေပေမယ့် ညီရဲ အတင်းခေါ်တာကြောင့် မအီမလည်နဲ့ အလိုက်သင့်နေနေရတယ်။ မဏ္ဍပ်တစ်ခုရောက်တော့ ပိုက်ကြီးကြီးနဲ့ ရေပက်နေတယ်။
"ဗွမ်း"
"အား"
ရေပိုက်ကြီးနဲ့ ဆရာဝန်ရဲ့မျက်နှာကို ထိုးပက်လိုက်ချိန်မှာ ဆရာဝန် ကျတော့်ဘက်ကို လန်ကျသွားတယ်။ ကျတော်လည်း အသာလေးရှောင်ပေးလိုက်တယ်။ ဆရာဝန်လဲကျပြီး အထင်နဲ့ ကျတော် ဝမ်းသာ အားရ လှည့်ကြည့်လိုက်တယ်။ကံကောင်းစွာနဲ့ အရိပ်ရဲ့အကိုဝမ်းကွဲက ထိန်းထားလိုက်တယ်။ ကားခေါင်းနားက ထောင့်လေးမှာ ဆရာဝန်ကို ထိုင်ခိုင်းလိုက်ပြီး သူက ဘေးနားက ကာပေးထားတယ်။ ခဏနေနေတော့ အရိပ်ရဲ့ အစ်ကိုဝမ်းကွဲကလည်း ဆရာဝန်ကို မေ့ပြီး ဝင်ကလိုက်ပြန်တယ်။ ကျတော် ဆရာဝန်ကို ကြည့်လိုက်တော့ လက်ကို တင်းတင်းပိုက်ပြီး အချမ်းဖြေနေတယ်။ နှုတ်ခမ်းလေးတွေ ပြာပြီး တဆတ်ဆတ်တုန်နေတယ်။ တော်တော် ချမ်းနေပုံပဲ။ ကျတော်လည်း မသိသလို မျက်နှာလွဲလိုက်တယ်။ ဒါ သင်ခန်းစာတစ်ပေါ့။
******************"ဆရာကလည်း ယောက်ျားပဲ။ သောက်ပါဗျာ။"
"မသောက်ပါရစေနဲ့ညီ။ ကို မသောက်တတ်လို့ပါ။ ဒီတစ်ခုတော့ နားလည်ပေးပါ။"ဆရာဝန်နဲ့ ညီရဲ ငြင်းခုန်နေတာကို ကြည့်ပြီး ကျတော် အကြံတစ်ခုရသွားတယ်။
"ဆရာ ဒီတစ်ဗူးတော့ သောက်ရမယ်။ ဒါ ဒုတိယအကြွေး ဆပ်တယ်လို့မှတ်။""ညီ တစ်ခြားဟာ ပြောင်း တောင်းဆိုပါ။ ကို မသောက်တတ်လို့ပါ။ ကို မသောက်ဘူးလို့လဲ ဆုံးဖြတ်ထားလို့ပါ။"
"မရဘူးဗျာ။ ကတိတည်ကြေးလေ။"
![](https://img.wattpad.com/cover/199519391-288-k677398.jpg)
YOU ARE READING
အသွားထက်တဲ့ဓား
Romanceအငြိုးကြီးတဲ့ ဂျစ်ကန်ကန်ကောင်လေးက ဆရာဝန်လေးကို ရန်ငြိုးဖွဲ့ ကလဲ့စားချေတဲ့အခါ