****** အသွားထက်တဲ့ဓား (၄) ******
အခန်း ( ၄ )
ခုတလော အရိပ်တိုနဲ့ သွားမတွေ့ဘဲ ကျတော် အိမ်တွင်းပဲ အောင်းနေမိတယ်။ ကိုကိုနဲ့လည်း မျက်နှာချင်း မဆိုင်ချင်တာကြောင့် အခန်းထဲက သိပ်မထွက်ဖြစ်။ အဲဒီအချိန်မှာ အရာတစ်ချို့ကို ကျတော် စပြီး နားလည်လာတယ်။ နေ့လည်လောက်ကျတော့ မေမေတို့ ခေါ်လို့ ဧည့်ခန်းထဲ ဝင်လာချိန်မှာ ကိုကိုလည်း ရှိနေတယ်။ ဖေဖေတော့ ရှိမနေဘူး။"သားကို အရိပ်နဲ့ စေ့စပ်ထားချင်တယ်။ သားတို့လည်း ချစ်သူတွေဆိုတော့ သဘောတူတယ်မလား။"
ကြားရသောစကားကြောင့် ခေါင်းနပန်းပင် ကြီးချင်မိတယ်။ ထိုစကားများကို တစ်ချိန်ချိန်တွင်ကြားရမည်၊ ထိုအဖြစ်အပျက်များကို တစ်ချိန်ချိန်မှာ ကြုံရမယ်မှန်း ကျတော် သိထားပါလျက်နဲ့ ဘာကြောင့် အလိုမကျ ဖြစ်နေမိလဲ မသိဘူး။
"မေမေရာ။ မစောလွန်းဘူးလား။ အချိန်တန်ရင် သားအရိပ်ပဲ ယူမှာပါ။ အခုလည်း သားမရှုပ်တော့ဘူးလေ။ အရိပ်ကရော သဘောတူလို့လား"
ဘာတွေ ဖြစ်လာမှန်းကို မသိတော့ပါဘူး။ အချိန်တန်ရင် အရိပ်ကိုပဲ လက်ထပ်မယ်ဆိုပေမယ့် အဲလောက် စောစောကြီးတော့ လက်မထပ်ချင်သေးဘူး။ အမေ ဘာတွေများ လောတာလဲ။
"အေး မင်း အခုလို ဘယ်သူနဲ့မှ မရှုပ်လို့က်ို မေမေစိုးရိမ်တယ်။ အခုလိုစီစဉ်တာကလည်း အရိပ်သဘောတူတယ်။ အရိပ်ဆန္ဒလည်းပါတယ်။"
မရှုပ်လို့စိတ်မချတာတဲ့။ ဘယ် လိုပါလိမ့်။ ဘာတွေပါလိမ့်။ မရှုပ်ရင် ပိုစိတ်ချရမှာကို ပြောင်းပြန်လုပ်နေကြတယ်။
" ဟာ အရိပ်မ ဘာတွေ အရူးထနေလဲ မသိဘူး။ စိတ်ရှုပ်တယ်ဗျာ။ မေမေတို့သဘောပဲ။"
*********************တစ်နေ့ခင်းလုံး ဘယ်မှ သွားချင်စိတ်မရှိဘဲ အခန်းထဲအောင်းနေမိတော့ စိတ်တို့က ပိုလို့ မွန်းကြပ်လာသည်။ rockသီချင်းဖြင့် ခံစားချက်တို့ကို ပေါက်ကွဲဖွင့်ထုတ်ဖို့ ဖုန်းယူလိုက်ချိန်တွင် ဖုန်းထဲရှိ အရေးကြီး ဖိုင်တစ်ခုကို သတိရလိုက်မိတယ်။ ဖိုင်လေးကို ဖွင့်ကြည့်မိတယ်။
YOU ARE READING
အသွားထက်တဲ့ဓား
Romanceအငြိုးကြီးတဲ့ ဂျစ်ကန်ကန်ကောင်လေးက ဆရာဝန်လေးကို ရန်ငြိုးဖွဲ့ ကလဲ့စားချေတဲ့အခါ