အပိုင်း (၁၃)

343 18 0
                                    

အခန်း (၁၄)
               ****-----*******
"You raised me up xxxxx so can stand on mountain xxxxx …"

ကိုကို့ ဖုန်းပါလား။ ထွက်သွားတဲ့ နှစ်လအတွင်း အစကတော့ နေတိုင်းဆက်ပေမယ့် နောက်ပိုင်းတော့ မဆက်တော့ဘူး။

"ဟုတ် ကိုကို ပြောလေ။"
"ငါ့ ရဲရင့်နဲ့ အဆင်ပြေသွားပြီ။ ငါတို့ ဘဝတစ်ခု ထူထောင်ဖို့ ဆုံးဖြတ်လိုက်ပီ။ မင်း သဘောတူတယ် မဟုတ်လား။"

နှစ်လလောက်အတွင်းမှာ အခြေအနေတွေ ပြောင်းလဲတာ မြန်လှချည်လား။ရင်ထဲလှိုက်တက်လာတဲ့ ခံစားချက်ကို မြန်မြန်ထိန်းလိုက်ရတယ်။ ကျတော် အသံတုန်လို့မဖြစ်ဘူး။ ကျတော် ငိုချလို့ မဖြစ်ဘူး။ အစ်ကိုသာ ကိုကို့ကို တကယ်ချစ်လို့ လက်ခံတာကို ကျတော် ဝမ်းသာရမှာပေါ့ ။ အစ်ကို တကယ် စိတ်ချမ်းသာရမှာကို ကျတော် မုဒိတာပွားပေးရမှာပေါ့။ က်ုကိုလောက် အစ်က်ု့က်ု ဘယ်သူမှ ချစ်နိုင်မှာမှ မဟုတ်တာ။ ကျတော် အတွေး ဘယ်လောက်လွန်တယ် မသိဘူး။ ကိုကို ဖုန်းချသွားတာကိုတောင် မသိလိုက်ဘူး။

လူရှင်းတဲ့နေရာသွားပြီး ကျတော် အော်ဟစ် ပေါက်ကွဲ ပစ်လိုက်ချင်တယ်။ ရန်ကုန်လိုနေရာမျိုးမှာ လူရှင်းတဲ့နေရာကလည်း မရှိပြန်ဘူး။ တကယ်တမ်း ဆုံးရှုံးရမယ်ဆိုတော့လည်း ကျတော် ခံနိုင်ရည်မရှိဘူး အစ်ကို။ အစ်ကိုသိလား ကျတော် အစ်ကို့ကို အရမ်းချစ်တာ။ အစ်ကို့ကို အရမ်းမြတ်နိုးတာ။  အစ်ကို့ကို လက်လွှတ်အဆုံးရှုံးမခံနိုင်ဘူး။ မဖြစ်ဘူး။ ကျတော် အစ်ကို့ကို ပိုင်ဆိုင်မှ ဖြစ်မယ်။ အရာအားလုံးကို စွန့်ပြီး ချစ်ခဲ့တာပါ။  ဒါကြောင့် ကျတော် အစ်ကို့ကို ပိုင်ဆိုင်ခွင့်ရမှ ဖြစ်မယ်။
တကယ်တော့ လှည့်ကွက်တစ်ခုကိုသာ ကျတော် သ်ိခဲ့ရင်ဖြင့် .....
             *******************

မေ့ဆေးစွတ်ထားတဲ့ပဝါလေးကို ကိုင်ပြီး အစ်ကို့ အိမ်ထဲ ရောက်လာခဲ့တယ်။ အစ်ကို့ကို မေးရမယ်။ ကျတော့်အချစ်ကို လက်ခံပြီး ကျတော့်နောက် လိုက်နိုင်မလားလို့ပေါ့။ မလိုက်နိုင်ဘူးဆိုရင်တော့ အစ်ကို့ကို ခေါ်ပြီး အဝေးကို ထွက်သွားမယ်။ အစ်ကို့ကို မခွဲနိုင်ဘူး။ ကျတော့်ကို ခွင့်လွှတ်ပါ အစ်ကို။ ခုချိန် အစ်ကို့ဘေးမှာ ကိုကို ရှိမနေပါစေနဲ့ လို့ ဆုတောင်းမိတယ်။ ကျတော့်စိတ်ကို ကျတော် ထိန်းနိုင်မယ်လို့ အာမ မခံဘူး။

အသွားထက်တဲ့ဓားWhere stories live. Discover now