ရေအောက်ကမ္ဘာ~~ရောင်စုံ သန္တာကျောက်တန်းကြီးတွေ.. ရေမြင်းလေးတွေ.. ကြယ်ငါး.. နီမို.. ရောင်စုံငါးတွေ...ပုဇွန်..ဂဏန်း.. ရေဘဝဲ... ငါးမန်း...ဝေလငါးကြီးတွေအပြင် ထိုအကောင်ငယ်လေးတွေကို အုပ်စိုးတဲ့ ရေသူမျိုးနွယ်တွေ...
ထိုရေသူမျိုးနွယ်စုတွေဟာ ပင်လယ်ကြီးကို အပိုင်စားရထားသလိုမျိုး.. ရေအောက်ကမ္ဘာမှာရှိတဲ့ သက်ရှိမှန်သမျှကို ကာကွယ်ပေးရတယ်... အထူးသဖြင့် သူတို့ရေသူမျိုးနွယ်စု.. ရှားပါးမျိုးနွယ်စုဖြစ်တာကြောင့် ခြေ ၂ ချောင်းသားတွေက သူတို့ကိုလိုချင်ကြတယ်..
လွန်ခဲ့တဲ့ ၁၀ ရာစုလောက်ကတည်းက အဲ့ဒီလူသားတွေက ငြိမ်သွားခဲ့ပြီလို့ထင်ခဲ့ပေမဲ့ အခုတော့...
"လူသားတွေလာပြီလေ!! ဘာလုပ်နေကြတာလဲ နင်တို့သေချင်နေကြတာလား!ဟမ်!!! ဘယ်မှာလဲ ရှေ့ထွက်တိုက်မယ့် ငါးမန်းတပ်!! ကျန်တဲ့စစ်သားတွေကော..!!!!! "
"သခင်မကြီး....စိတ်..စိတ်လျော့ပါ...သူ..သူတို့လည်း အခုလို ရာ..ရာစုတွေကြာပြီးမှ ဒါ..ပ...ပထမဆုံးပြန်ဖြစ်တာဆိုတော့..."
"အဲ့တော့ဘာဖြစ်လဲ!!! အဲ့လိုနဲ့ဒီ သမုဒ္ဒရာမှာရှိတဲ့ သတ္တဝါတွေအကုန် မျိုးတုံးပါစေဆိုပြီး စစ်ပြန်မတိုက်ဘဲ နေတော့မှာလား!! အထူးသဖြင့် ငါတို့မျိုးနွယ်စု..နဂိုကတည်းက တဖြည်းဖြည်းနဲ့ ရှားပါးလာတာ.. အခုငါတို့က ငါတို့ဘိုးဘေးတွေရဲ့ မျိုးဆက်ကို မကာကွယ်နိုင်ဘဲ အသေခံရတော့မှာလား!!!! ဦးနှောက်သုံးပြောစမ်း!!!!"
"ရှင်မ! စိတ်လျော့!!"
ကျန်းဖုန်းမြင့်_ရေသူမျိုးနွယ်စုတို့၏ ဘုရင်သူ၏ကြင်သူမိဖုရား၏ ပခုံးအား ခပ်ဖွဖွလေး ဆုပ်ကိုင်လိုက်ပြီး သူ့ဘက်သို့လှည့်၍ ကြည့်စေလိုက်သည်..။
"မင်းတို့ အကုန်အဆင်သင့်ပြင်ထား.. တစ်အောင့်နေ တိုက်ပွဲစမယ်...ဘာဆင်ခြင်မှမယူနိုင်တော့ဘူး.. အခုချိန်က သေရေးရှင်ရေးဘဲ..ခပ်ပေါ့ပေါ့မဟုတ်ဘူး..အရေးကြီးနေပြီ..သွားတော့."
"ဟုတ်ကဲ့ပါ အရှင်မင်းကြီး..ကျတော်တို့ နားလည်ပါပီ... သွားလိုက်ပါအုံးမယ်"
YOU ARE READING
My Baby Merman~
Romanceလရောင်အောက်မှာ မထင်မှတ်ဘဲဆုံတွေ့ခဲ့ရတဲ့ ခရမ်းတောက်ရောင် အမြှီးလေးနဲ့ ရေသူထီးလေး... အမြှီးလေးရဲ့ အောက်နားလေးက ဒဏ်ရာမှ သွေးစက်တို့က တစ်သွင်သွင်စီးကျနေလေတော့ စိုးရိမ်စွာနဲ့ ပွေ့ချီမိလိုက်တဲ့အချိန် ကြာရနံ့ သင်းသင်းလေးက နှာထိပ်ဖျားနား လာရောက်ကျီစယ်လေသော...