Unicode ver"ကဲ.. ရောက်ပြီ ပေါက်စလေး.. ထ"
လက်ကိုအသာလှုပ်ယမ်းပြီးနှိုးလိုက်တဲ့အခါမှ မျက်လွှာနှစ်ဖက် တဖျတ်ဖျတ်ခတ်ရင်း နိုးလာတဲ့သူ..
ကျန်းချန် သူတကယ် အိပ်ပျော်သွားခဲ့တာဘဲ။
"အခုသွားမယ့်ဆိုင်က ကိုယ့်ညီလေးနဲ့ သူကောင်လေးဆိုင်.. ကလေးနဲ့ မိတ်ဆက်ပေးရင်း နေ့လည်စာအတူစားဖို့လေ.."
"..."
"စောနကကိုယ်အသံသေးသေးလေးပဲဖြစ်ဖြစ် မာပြီး အော်ခဲ့မိသည်ရှိ တကယ်ကိုထပ်ပြီးတောင်းပန်ပါတယ်နော်.. ဟုတ်ပြီလား။ လောလောဆယ် အခုကိုယ်မိတ်ဆက်ပေးမယ့်လူနှစ်ယောက်ကိုတော့ ယုံကြည်ပေးလို့ရတယ်..."
"ကဲ..လာ.. ဒါဆိုကိုယ်တို့သွားကြရအောင်"လက်ဆွဲပြီးခေါ်လာမိသည်နေရာလေးက ကုန်းမြင့်အပိုင်းတစ်နေရာမှာ ပင်လယ်ဘက်အခြမ်းသို့ မျက်နှာမူထားတဲ့ စားသောက်ဆိုင်ခန်းလေးတစ်ခု..
စားသောက်ဆိုင်အမည်ကား...
"WangXian"ကျန်းချန်ကတော့ လက်ဆွဲခေါ်သွားရာ နောက်ကိုသာအသာလိုက်ရင်း ပင်လယ်ဘက်သို့ငေးကြည့်မြဲသာကြည့်နေမိသည်။
သိပ်မကြာ..စားသောက်ဆိုင်အတွင်းပိုင်းမှာ ရှပ်အနီနှင့်ကောင်လေးတစ်ယောက်ပြေးထွက်လာပါ၏။
"အစ်ကိုရှီးချန်!!! ကျနော်တို့ဒီဘက်မှာဗျို့.. လန်ကျန့်လည်းအထဲမှာစောင့်နေတယ်.. လာ လာ.. အယ် ဘေးကဧည့်သည်လား။"
"အာ..အင်း! ဧည့်သည်.. ဒီ.. ဒီအတိုင်းကိုယ့်အသိကောင်လေးတစ်ယောက်လေ.. ဟို အထဲမှာဆက်ပြောရအောင်လား။"
CZYTASZ
My Baby Merman~
Romansလရောင်အောက်မှာ မထင်မှတ်ဘဲဆုံတွေ့ခဲ့ရတဲ့ ခရမ်းတောက်ရောင် အမြှီးလေးနဲ့ ရေသူထီးလေး... အမြှီးလေးရဲ့ အောက်နားလေးက ဒဏ်ရာမှ သွေးစက်တို့က တစ်သွင်သွင်စီးကျနေလေတော့ စိုးရိမ်စွာနဲ့ ပွေ့ချီမိလိုက်တဲ့အချိန် ကြာရနံ့ သင်းသင်းလေးက နှာထိပ်ဖျားနား လာရောက်ကျီစယ်လေသော...