အပိုင်း (၈) အတွေ့အကြုံသစ်များ ရှာဖွေခြင်း

486 87 18
                                    

Unicode~

    "ရေသူပေါက်လေးရေ!! ကိုယ်တို့သွားကြရအောင်"

မနေ့ညကတည်းအမှန်ပြောရရင် လန်ရှီးချန်လည်း အိပ်မပျော်မပါ။ ဒီနေ့အတွက်ကို ရင်ခုန်လွန်း၍...

   
   သူ့ခမျာ လူတွေနဲ့တွေ့ရင် အဆင်ပြေပါ့မလား.. ကြောက်နေမလား..

    အဝတ်အစားအသစ်တွေ ဝယ်ပေးရင်ကော သူ့အတွက် ရွေးရအဆင်ပြေမလား..

 
   အစားအသောက်တွေကော သူကြိုက်ပါ့မလားစသဖြင့်..

 အတွေးပေါင်းစုံနဲ့ ပူပန်ခဲ့သမျှ အခုလိုရိုးရိုးရှပ်အဖြူတစ်ထည်နဲ့ ဘောင်းဘီဒူးလောက်အမဲလေးဝတ်ပြီး ဆံပင်ရှည်ရှည်တို့ နဖူးရှေ့ခပ်ဝဲဝဲဖြင့် အဆင်သင့်ပြင်ထွက်လာသော လူသားလေးကိုတွေ့တော့လည်း ပူပန်နေတာတွေ နည်းနည်းတော့လျော့သွားသလို..

  
အဆင်ပြေမှာပါ၊ အဆင်ပြေလောက်မှာပါ ဟူးး~

   
  "ကဲ..လာ သွားမယ်။ လက်ကို ကိုယ်မလွှတ်မပေးမချင် မလွှတ်လိုက်နဲ့နော်.. လူတွေအများကြီးတွေ့လည်း မကြောက်နဲ့ ကိုယ်ရှိတယ် ဟုတ်ပြီလား.."

  
   ကျန်းချန် နှာခေါင်းတစ်ချက် ရှုံ့လိုက်မိသည်။
မသိရင်ဘဲ လောကကြီးကို မရင်ဆိုင်ရဲဘဲ အလွန်တရာ အားနည်းနေသည့် မိန်းမပျိုလေးလို.. -,-

 
ထိုလူသားလက်ကနေရုန်းပြီး
ခြေဦးတည့်ရာ ထွက်သွားချင်ပါဘိ..
သွားစရာမရှိ အဆုံး ပင်လယ်ထဲခုန်ချရုံပေါ့။

ဒါပေမဲ့... ဒါပေမဲ့လည်း..
ဟူး..ထားပါတော့။

ဒီလူသားက လောလောဆယ်မှာ
သူအယုံကြည်ရဆုံး လူဖြစ်တဲ့တစ်လျှောက်
အတွန့်မတက်ရက်ပါ။

~သူလည်းငါ့တစ်ယောက်အတွက်နဲ့တော်တော်
ဒုက္ခများမှာဘဲ.. ထားပါတော့~

သက်ပြင်းတို့ကို ခပ်သာသာချမိပါသည်..

   
    ~အဆင်ပြေသွားမှာပါ၊ မဟုတ်ဘူး အဆင်ပြေမှာပါ~

ရင်ဘတ် ၂ စုံ အတွေးတစ်စုံက ထိုအချိန်ကတည်းက ထပ်တူကျနေခဲ့ပါသည်~~

 
     ***          ***              ***              ***

ကျန်းချန် ပါးစပ်အဟောင်းသားဖြင့်သာ လန်ရှီးချန်ခေါ်လာသည့် mall တစ်ခုအား မှင်သက်စွာမော့ကြည့်နေမိသည်။

My Baby Merman~Where stories live. Discover now