Unicode
(ဒါလေးက special episode လေးဖြစ်လို့ မူရင်းဇာတ်ကြောင်းအသွားနဲ့ ဆက်နွှယ်ခြင်းမရှိပါဘူးနော် ✨ ဒါပေမဲ့ ရှေ့ဆက်လာမယ့် အပိုင်းတွေမှာတော့ ဒီအပိုင်းလေးကတစ်ခေါက် အပိုင်းတိုလေးအနေနဲ့ပြန်ပါလာမှာပါ..
ကဲ.. ဒါဆိုစလိုက်ကြရအောင်..)
° ° ° °
ခရစ္စမတ်လက်ဆောင်မွန် 💚
ဒေါက်~ ဒေါက်~ ဒေါက်
"ပေါက်စလေးရေ... ကိုယ်တို့ဈေးဝယ်ထွက်ရအောင်လား?"
လန်ရှီးချန် အကောင်ပေါက်လေး၏ အခန်းရှေ့တွင် တံခါးခေါက်လိုက်ရင်း လှမ်းခေါ်လိုက်သည်... December ဆောင်းတွင်းကာလ ဖြစ်သည့်အလျောက် ရာသီဥတုကလည်း အေးစိမ့်စိမ့်ဖြစ်နေသဖြင့် စောင်ပုံထဲမှာ အမြဲခွေနေသောအကောင်ပေါက်လေး စိတ်ပြေလက်ပျောက်ဖြစ်ရန် အလို့ငှာ အပြင်ထွက်အတူဈေးဝယ်ရန် စကားခေါ်လိုက်သည်... ။
"ပေါက်စလေး...??"
~အာ... ဒီကောင်လေး အိပ်နေပြန်ပြီထင်တယ်..တံခါးဖွင့်ကြည့်သင့်လား~
"ပေါက်စ..."
ကျွီ~~
တံခါးပွင့်လာသည်နှင့်အိပ်မှုန်စုံမွှားဆူပုတ်ပုတ်နဲ့ မျက်လုံးပွတ်ရင်းထွက်လာသော အကောင်ပေါက်လေးကို ကြည့်ရင်း လန်ရှီးချန် မပြုံးဘဲမနေနိုင်...
ကျန်းချန်: ဘယ်သွားမှာမို့လို့လဲ.. ဒီလောက်အပြင်မှာအေးနေတဲ့ဟာကို...
ငြူစူစူနဲ့ပြောလာသော အကောင်ပေါက်လေးကို ကြည့်ရင်း ရှီးချန်အူယားလို့မဆုံး...။
အရှေ့ကရေသူထီးလေး သူစကားစပြောတတ်တဲ့အချိန်ကစပြီး သူသိချင်တာတွေမေးတယ်.. ဝေ့ရင်းတို့နဲ့ စကားတွေပြောတယ်..လန်ရှီးချန်ကိုဆိုရင်တော့ အမြဲစူပုတ်ပုတ်လေးနဲ့ အရစ်တလိုင်းလေး၊ စကားကလည်းတတ်ပါ့ဗျာ၊ ဒါပေမဲ့ ရှီးချန်စိတ်မဆိုးရက်.. ကျန်းချန်ရင်ထဲမှာသေချာပေါက် လန်ရှီးချန်ဆိုတဲ့လူသားကို အခင်တွယ်ဆုံး အယုံကြည်ဆုံးဆိုတာ ပါးစပ်ကဖွင့်မဟပေမဲ့လို့ မျက်နှာလေးကြည့်တာနဲ့သိသာနေတာ ဆိုတော့...
YOU ARE READING
My Baby Merman~
Romanceလရောင်အောက်မှာ မထင်မှတ်ဘဲဆုံတွေ့ခဲ့ရတဲ့ ခရမ်းတောက်ရောင် အမြှီးလေးနဲ့ ရေသူထီးလေး... အမြှီးလေးရဲ့ အောက်နားလေးက ဒဏ်ရာမှ သွေးစက်တို့က တစ်သွင်သွင်စီးကျနေလေတော့ စိုးရိမ်စွာနဲ့ ပွေ့ချီမိလိုက်တဲ့အချိန် ကြာရနံ့ သင်းသင်းလေးက နှာထိပ်ဖျားနား လာရောက်ကျီစယ်လေသော...