Zawgyi ~ညတစ်ညကုန်ဆုံးပြန်တော့ မနက်ခင်းနေ့အချိန်သို့ ကူးလာပြန်ပြီ..
လန်ရှီးချန်တစ်ယောက် ဒီနေ့အလုပ်ခွင်ကိုပင်မသွားနိုင်ပင်.. သူဋ္ဌေးဖြစ်နေလို့ပင် တော်သေး..
သို့သော် အခုလောလောဆယ် အချိန်အခါမှာ နိုင်ငံတကာကို ထိုးဖောက်နေသော ပုလဲလုပ်ငန်းစု သူဋ္ဌေးကြီးသည် မနက်စာလေး တစ်ပွဲချက်ဖို့ကို တိုင်ပတ်နေသည်တဲ့လေ🤦♂️...
"နေပါအုံး... ရေသူထီးတွေက ဘာစားတတ်လဲ..ငါးလား စားပါ့မလား .. သူတို့ရေအောက်က အမျိုးတွေကို စားတယ်ဆိုပီးဖြစ်နေအုံးမယ်"
"ရေမှော်ကော...? ဘယ်ကသွားရှာရမလဲ.. ရေညှိဘဲ ရှိတယ်.. ဒါပေမဲ့ အခုလိုအားနည်းနေတဲ့အချိန် အဲ့တာတွေက အားဖြည့်ပါ့မလား"
"ကြက်သားစွပ်ပြုတ်လေးကော.. နေပါအုံး ကြက်တောင်မြင်ဖူးရဲ့လား 🤔" (နှိမ်တာနော် ကလေးကို အားကြီးနဲ့🤨)
"@&&$*%"
နောက်ဆုံး ပင်ပင်ပန်းပန်း ခေါင်းမွှေးအခြောက်ခံ ကြိုးစားပမ်းစား အားတက်သရော ရိုးရိုးဆန်ပြုတ်ပူပူနွေးနွေးလေးကိုဘဲချက်ကျွေးတော့မယ်လို့ စဉ်းစားလိုက်ခါမှ...
"အော် .. ဆန်သူတို့ဆီမှာ မရှိလည်း ငါ့ဆီမှာ ကျွေးစရာမှမရှိတော့တာ... သူကြိုက်လောက်မှာပါ.. နိုးလာမှသူဘာကြိုက်တတ်လဲ ဘာညာ အနေအထားကြည့်ပီး မှတ်တာပေါ့ ဟူးး...."
ရေသူထီးလေးတစ်ကောင်မွေးစားလိုက်တာ ထင်သလောက်မလွယ်ခဲ့ပေ🥺...။
*** *** *** ***
ပြန်သတိရလာတာနဲ့ ကျောပြင်အောက်က နူးနူးညံ့ညံ့ အထိအတွေ့ကြောင့် အတန်ငယ်လူးလှိမ့်နေမိသည်... နေရောင်ခြည် ခပ်နုနုကြောင့်သူမျက်လုံးကို အတင်းအားယူကာဖွင့်ကြည့်လိုက်သောအခါ ကောင်းကင်ပြာကြီးအစား...... အစား....
ဟင် ကောင်းကင်ဖြူကြီး??!!!
"အယ်... နိုးလာပြီလား?"
~~Ahhhh!!!~~
ဘုတ်*
"အားပါးပါး..! နာလိုက်တာ... အကောင်ပေါက်လေး..ဒဏ်ရာရထားလို့သာဘဲ..ဘယ်နှယ့်လို့ လူကိုအားကြီးနဲ့ ကုတင်ပေါ်ကနေ ကန်ချရတုန်းလို့... အိုး ငါ့ရဲ့ခါးလေး ... ကျွတ် ကျွတ်"
أنت تقرأ
My Baby Merman~
عاطفيةလရောင်အောက်မှာ မထင်မှတ်ဘဲဆုံတွေ့ခဲ့ရတဲ့ ခရမ်းတောက်ရောင် အမြှီးလေးနဲ့ ရေသူထီးလေး... အမြှီးလေးရဲ့ အောက်နားလေးက ဒဏ်ရာမှ သွေးစက်တို့က တစ်သွင်သွင်စီးကျနေလေတော့ စိုးရိမ်စွာနဲ့ ပွေ့ချီမိလိုက်တဲ့အချိန် ကြာရနံ့ သင်းသင်းလေးက နှာထိပ်ဖျားနား လာရောက်ကျီစယ်လေသော...