Unicodeလန်ရှီးချန်လောလောဆယ် ရေသူထီး လူပေါက်လေးကို သူရဲ့ ရှပ်အင်္ကျီအဖြူအပွနဲ့ ဘောင်းဘီအတိုလေးကိုဝတ်ထားစေပြီး သူကတော့ မျက်နှာကိုရေခဲကပ်၍ခဏနားနေ၏။
ဘုထွက်အောင်လုပ်လိုက်တဲ့ ရေသူလူပေါက်လေးကိုလည်းအပြစ်မတင်နိုင်။ သူကိုယ်တိုင်ကိုက မတွေ့စဖူး မမြင်ဖူး ပြူးပြဲပြီးကြည့်နေမိတာကို.. ခံပေရော့။
ဒါတောင်အကောင်ပေါက်လေးက သူ့အမြှီးတွေကိုဘာလုပ်လိုက်တာလဲဆိုတဲ့ အကြည့်နဲ့တစ်ချိန်လုံးမျက်စောင်းနေတော့လည်း လူမှာမနေတတ်မထိုင်တတ်။
ဘယ်သူကတစ်ညတည်းနဲ့ခြေချောင်းတွေ တန်းပေါက်လာမယ်လို့ထင်မှာတဲ့လဲ?!><
ပြီးတော့ ကိုယ်သည် မှော်အစွမ်းရှိနေသူလည်းမဟုတ်.. ခြေ ၂ ချောင်းသာပေါက်လာသည်။ အခုထက်ထိ ကိုယ်ပြောနေတာတွေသူနားမလည်သေးတော့လည်း လက်ကိုင်ပြီးရှင်းပြရပြန်ရော..
"ကိုယ်ပြောတာ တကယ်တွေပါဗျာ.. နော်..ယုံပေးပါနော်။ ကိုယ်ပေါက်စရဲ့အမြှီးကိုဘာမှမလုပ်ရပါဘူးဗျ.."
ဖြေရှင်းချက်အပြီးမှာတော့ လက်မခံချင် ခံချင်နဲ့ဆူပုတ်နေတဲ့ ပေါက်စလေး။ ပြီးတော့ မကြိုက်တာလည်းမဟုတ်..ခြေချောင်းလေးတွေကို လှုပ်ရင်းကစားနေသေးတာ။
ခဏနေတော့ သူက ကိုယ်ကိုင်ထားတဲ့လက်တို့ဆီကနေ ရုန်းထွက်လိုက်ပီး ကုတင်ပေါ်ကထရန် ကြိုးစားတော့သည်။ လန်ရှီးချန်ကလည်း အသာလးထကာ နောက်ဆုတ်ပေးလိုက်သည်။ ခပ်ဝေးဝေးတော့မသွား.. တော်ကြာအခုမှလမ်းလျှောက်ဖူးတာဆိုတော့ ချော်လဲနေမှ..ဘာညာ...
"ဝုန်း!"
စကားပင်မဆုံးသေး ဝုန်းကနဲပစ်လဲတဲ့သူ့ကြောင့်ကိုယ့်မှာ ထိတ်ထိတ်ပျာပျာဖြစ်အောင်သွားတွဲထူနေရပြန်ရော...
တော်သေးရဲ့.. ကြမ်းပြင်မှာကော်ဇောအမွှေးပွ နုနုတို့ခင်းထားတော့ မပွန်းမပဲ့သွား။ သို့ပေမဲ့ နာကျင်မှုကြောင့် မျက်နှာလေးရှုံ့မဲ့သွားသော ကောင်လေးကိုကြည့်ပီးလည်း စိတ်မကောင်း။
"ကိုယ်နဲ့အတူလမ်းလျှောက်ကြည့်ချင်လား"
သူမော့ကြည့်လာတယ်.. လန်ရှီးချန်ရဲ့မျက်လုံးတွေရဲ့မျက်ဝန်းတွေထဲကို သေချာစိုက်ကြည့်ရင်း.. လန်ရှီးချန်ကလည်းအကြည့်မလွဲဘဲ သေချာလေးစိုက်ကြည့်နေမိတယ်.. ထုံးစံအတိုင်းမူပိုင်အပြုံးလေးကို ချိတ်ဆွဲထားရင်း..
KAMU SEDANG MEMBACA
My Baby Merman~
Romansaလရောင်အောက်မှာ မထင်မှတ်ဘဲဆုံတွေ့ခဲ့ရတဲ့ ခရမ်းတောက်ရောင် အမြှီးလေးနဲ့ ရေသူထီးလေး... အမြှီးလေးရဲ့ အောက်နားလေးက ဒဏ်ရာမှ သွေးစက်တို့က တစ်သွင်သွင်စီးကျနေလေတော့ စိုးရိမ်စွာနဲ့ ပွေ့ချီမိလိုက်တဲ့အချိန် ကြာရနံ့ သင်းသင်းလေးက နှာထိပ်ဖျားနား လာရောက်ကျီစယ်လေသော...