Zawgyi
"တံခါးဝက Dream Catcherလေးတွေဆီက'ချွင်ချွင်' အသံကြားတိုင်း အကိုဖြစ်ပါစေလို့ဆုတောင်းမိတာ ညီမမှာ အမှားများရှိသွားသလားအကို"
တံခါးဝရှိ DreamCatcherသံလေးကြားမိ၍ ကူရာကြည့်လိုက်မိသည်
မျှော်လင့်ချက်တွေတစ်ပုံတစ်ပင်နှင့်။
"အကိုမဟုတ်ဘူးပဲ"
ညီမဆီ အကိုဘယ်တော့ထပ်လာအုံးမှာလဲဟင်"ဒီမှာမိန်းကလေး ဒါလေးဝယ်လို့ရမလား?"
ထိုလူကြီးညွှန်ပြရာကို ကြည့်မိတော့ အကိုလက်နဲ့ထိတွေ့ခဲ့ဖူးတဲ့ အိုးလေး။
"အဲ့တာလေးကမရောင်းဘူးရှင့်""သြော်...အဲ့ဒါဆိုပြန်လိုက်ပါအုံးမယ်"
ဟုတ်..ကျေးဇူးပါနော် အားလဲနာပါတယ်"
အနှီလူကြီးကခေါင်းငြိမ့်ကာထွက်သွားလေသည်။ ထွက်သွားသွားချင်း ကူရာ ထိုပန်းအိုးလေးကို သူ့အခန်းထဲရွှေ့ရန်ပြင်လိုက်သည်။ အကိုနဲ့ပတ်သက်တယ်လို့ ယူဆရတဲ့အရာတိုင်းကို ညီမတန်ဖိုးထားတတ်နေပီအကို။ မတွေ့ခဲ့တာ၉လတောင်ကြာသွားခဲ့ပြီဆိုပေမဲ့ တစ်ခါသာတွေ့ဆုံခဲ့ဖူးသော အကို့ကို ကူရာတစ်နေ့မှမေ့မရခဲ့ပါ။ အကို့အငွေ့အသက်လေးတွေချန်ထားရစ်ခဲ့တဲ့ ဒီအိုးလေးကို တခြားသူလက်ထဲ ကူရာထည့်မပေးနိုင်။ ကူရာလောဘများကြီးနေမိသလား။ အကိုထပ်မလာတော့ရင်တောင် ဒီပန်းအိုးလေးမြင်တိုင်း သိပ်နှစ်သက်ရတဲ့အကို့လက်ချောင်းလှလှလေးတွေနဲ့ အကို့ကျောပြင်ကျယ်လေး ကူရာ့အာရုံထဲ ဖြတ်ဝင်လာတာကိုသဘောကျတယ်။ အကို့အကြောင်းလေးတွေးမိတိုင်းပြုံးနေရတာ ကူရာသိပ်သဘောကျတယ်။
သမီးလေး ပန်းအိုးကိုဘာလို့နေရာရွှေ့နေတာလဲ?"
ပန်းအိုးကိုပိုက်ရင်း အဘွားကိုမည်သို့မည်ပုံပြန်ဖြေရမည်ကို ကူရာမသိ။
YOU ARE READING
Transgender Torii (HIATUS)
Fantasy"If they cross it,she will become a boy and he will become a girl"