Unicode
ကူရာ ဒီကမ္ဘာဆီရောက်နေသည်မှာ
၂ပတ်ကျော်ကျော်ကြာနေပြီ
ကူရာ ဒီနေရာကြီးကထွက်သွားချင်ပါပြီ
ဂိတ်တံခါးကဖြတ်လျှင် ကူရာ့အရင်
ကမ္ဘာကိုပြန်ရောက်နိုင်မှန်း ကူရာ
ကောင်းကောင်းသိသည် ကာဇူးကိုလည်း
မထားခဲ့ချင်ပါ ...
ကူရာ ပြတင်းအပြင်သို့လှမ်းကြည့်မိတော့
ပတ်ဝန်းကျင်က အနည်းငယ်လင်းနေသေး
သည် .. ကာဇူးကလည်းအိပ်ယာဝင်သွားပြီ့ ပတ်ဝန်းကျင်မှအသံများကလည်း
တိတ်ဆိတ်လွန်းနေသည်ကူရာ ထိုဂိတ်တံခါးကိုဖြတ်ဖို့စိတ်ဆုံး
ဖြတ်လိုက်သည် လူဆိုတာ အချိန်တန်ရင် ကိုယ့်အိမ်ကိုပြန်ရမှာပဲလေ
ကူရာ လှဲနေရာ ဆာကူရာပွင့်ဖတ်ကြီးပေါ်မှ
ဆင်းလိုက်ပြီး ခြေဖွဖွနင်းကာ အိမ်ရေှ့
တံခါးဝရေှ့သို့သွားလိုက်သည် ကာဇူးက
ပွင့်ဖတ်နောက်ကွယ်မှာအိပ်မောကျနေ
မည်ဟုထင်ကာ ကူရာအိမ်ပြင်သို့ထွက်လိုက်ပြီး။ အိမ်ရေှ့အရောက် ကူရာ ကာဇူး
အိမ် တစ်ဖြစ်လည်း ဆာကူရာပင်ကြီးအား
မော့ကြည့်လိုက်သည် ..ကတိဆိုတာတစ်ခါတလေမှာ
တစ်စုံတစ်ယောက်ရဲ့စိတ်ကို နှစ်သိမ့်ပေးရုံ
အရာတစ်ခုမို့ ပျက်လဲပျက်စေတော့... ။
အစတည်းက မတည်နိုင်မှန်း သူမ ကိုယ့်ကိုယ်ကို သိပြီးသားမို့ အပျက်ခံလိုက်နိုင်ပါသည်။
ကိုယ်တိုင်တောင်မသိလိုက်ခင်မှာပဲ ဖြစ်ပေါ်ခဲ့တဲ့ သံယောဇဉ်မို့ တစ်ဘက်လူ မသိခင်မှာပဲ
သူ ထွက်သွားလိုက်တော့မည် သံယောဇဉ်
ဆိုတာကတော့ မပြတ်နိုင်တဲ့ကြိုးပေမို့
ဆာကူရာတွေပွင့်လန်းနေသ၍ ကာဇူးဆီကို
ကူရာ နောက်တစ်ခေါက် ပြန်လာခဲ့ပါ့မယ် ။ကူရာသက်ပြင်းရှည်ကြီးတစ်ခုကိုချကာ
'ကာဇူး ကူရာသွားပြီ' နွုတ်ခမ်းနှစ်လွွာလွုပ်ရုံသာ
ကူရာနွုတ်ဆက်လိုက်သည်
လမင်းကြီးကလည်း ထိန်ထိန်သာနေသည်။
ကူရာ ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း
မမြင်ရသော်လည်း လရောင်ကြောင့်
ကူရာလမ်းတော့မပျောက် ...။
နာရီဝက်ကြာကြာလမ်းလျေှာက်ပြီးသည့်
နောက် ဂိတ်တံခါးဝရေှ့သို့ ဆိုက်ဆိုက်
မြိုက်မြိုက်ရောက်လာသည်ကူရာ ခြေတစ်လှမ်းလှမ်းလျှင်ပင်
ကူရာ့ ကမ္ဘာသို့ပြန်ရောက်တော့မှာဖြစ်၍
ကူရာ စိတ်ကျေနပ်မိသည် ။ ကူရာ
နောက်ဆုံးတစ်ခေါက်အနေဖြင့်
နောက်ကိုလှည့်ကြည့်လိုက်သည်
လရောင်အောက်မှ ဆာကူရာပင်ကြီးတို့၏အရိပ်က ကူရာ့ကိုနွုတ်ဆက်နေသယောင် .. ကူရာ ကရေှ့ပြန်လှည့်ကာ စိတ်ကို
ပြင်ဆင်ကာ ခြေလှမ်းလှမ်းရင်ပြင်စဉ်
သူမလက်ကောက်ဝတ်ပေါ် မှအေးစက်စက်
ခံစားမွုတစ်ခုအား သူမခံစားလိုက်ရသည်
ကူရာငုံ့ကြည့်တော့ လက်တစ်ဖက်
ကူရာ ကြောက်ကြောက်လန့်လန့်နှင့်
လှည့်ကြည့်တော့ ကာဇူးဖြစ်နေသည် ...။
YOU ARE READING
Transgender Torii (HIATUS)
Fantasy"If they cross it,she will become a boy and he will become a girl"