Zawgyi
တစ်ယောက် ကာကာ့ဆာကူရာအပင်အိမ်ထဲတွင် နေရသည်မှာ တစ်ပတ်ကျော်ကြာသွားပီ ဖြစ်သည်။ အိမ်ပြင်ထွက်လျှင်လည်း အပြင်လူမှန်းသိလျှင် ထိန်းသိမ်းစခန်းရောက်မည်စိုးသောကြောင့် တစ်ကြောင်း၊ နေရာအသစ်ဖြစ်သောကြောင့် လျှောက်သွားမိလျှင် လမ်းပျောက်နေမည်စိုးသောကြောင့် တစ်ကြောင်း အပြင်မထွက်ဖြစ်ခဲ့။ ဟိုးအရင်အချိန်ကတည်းက ရှေးဟောင်းပစ္စည်း အိမ်ဆိုင်ကလေးထဲမှာသာ အနေများခဲ့သော ကူရာသည် တော်ရုံတန်ရုံအပြင်ထွက်လေ့မရှိသော်လည်း... နေရာအသစ်ကိုတော့ စူးစမ်းကြည့်ချင်သည်။ တစ်နည်းအားဖြင့် အမည်တူပန်းကလေးများရှိရာ အရပ်တွင် မည်သည့်အရာများ ထပ်ရှိနေမည်ကို စူးစမ်းချင်မိသည်။"ကူရာ...နေရတာပျင်းနေပီမလား"
"ရှင်...အင်..အဲ...မဟုတ်"
"ကာကာ့ ဆာကူရာခင်းကို လိုက်ခဲ့လေ...အဲ့ဘက်က လူမရောက်တော့ ကူရာအန္တရာယ်ကင်းမှာပါ။"
ကူရာ့စကားမဆုံးခင်အမြန်ဖြတ်ပြောလိုက်သည်။ ကာကာနှင့် ကူရာတွေ့ခဲ့သည်မှာ တစ်ပတ်ကျော်ပင်ရှိသေးသော်လည်း ကူရာ့မျက်နှာအရိပ်အကဲ ကို ကာကာနားလည်နေပီ ဖြစ်ပါသည်။ ကူရာသည် မျက်နှာကဲခက်ရ အတော်ပင်လွယ်သော မိန်းကလေးဖြစ်ပါသည်။ဆာကူရာပန်းခင်းသို့ လိုက်သွားသောအခါ ကာကာပေးသော ဆာကူရာပွင့်ဖတ်ဦးထုပ်ကြီးကို ကူရာ ဆောင်းလာခဲ့ရသည်။ သည်တစ်ခါတွင်တော့ ထူးခြားစွာ ဆာကူရာအပွင့်များနှင့် ဂါဝန်ကိုပါ ဝတ်ဆင်လာခဲ့ရသည်။ ဆာကူရာနံ့သင်းသင်းလေးနဲ့ ပန်းနုရောင်ရှိသော ဂါဝန်လေးမှာ ကူရာ၏သေးသွယ်သွယ်ခန္ဓာ၊ ဖြူဖွေးသောအသားအရည်နှင့် ပနံသင့်လှသည်။
ဆာကူရာခင်းထဲတွင် အတန်ကြာအောင် လျှောက်သွားနေမိသည်။ မြင်သမျှထူးဆန်းလှသော အရာတို့ကြောင့် ကူရာတစ်ယောက် မိမိကိုယ်ကိုမယုံကြည်နိုင်ဖြစ်နေသည်။ အဖြစ်အပျက်မှာလဲ အိပ်မက်ဆန်လွန်းလှသည်။ သို့စေကာမူ ကူရာ့ရှေ့တွင် မြင်နေရသည်များက အိပ်မက်ဖြစ်မနေ။ ကာကာပြောခဲ့ဖးသည့် လူရှင်းသည်ဆိုသော စကားကြောင့် ဆာကူရာခင်းတို့၏အပြင်ဘက်သို့ ထွက်လာခဲ့သည်။
YOU ARE READING
Transgender Torii (HIATUS)
Fantasy"If they cross it,she will become a boy and he will become a girl"