Zawgyi
အကို ထွက်သွားပီးသည့်တိုင် ကူရာကြောင်ရပ်နေမိသည်။ အကိုပြောသွားခဲ့သော စကားလုံးတစ်ခုဆီ တိုင်းက ကူရာ့ရင်ကို စူးအောင့်စေသည်။ အထူးသဖြင့် အပြစ်တင်သံ စိတ်ရှုပ်သံရောနေသည့် အကို့၏ အေးစက်စက်အသံ။ ပစ္စည်းလေးတစ်ခုကို ကိုင်ကြည့်ခဲ့ခြင်းသည် ဤမျှအပြစ်ဖြစ်သွားမည်ဟု ကူရာမထင်ခဲ့။"ကူရာ ဆင်ခြင်ခဲ့သင့်တာ....."
သက်ပြင်းရှည်ကြီးတစ်ခုကိုချရင်း စိတ်ပြန်တင်းလိုက်သည်။ နောက်ဆို အစစ အရာရာသတိထားရမည်။ ပစ္စည်းလေးတစ်ခုကို ထိတာကိုင်တာကအစ။ အကိုပြောသွားသလို...ပိုင်ရှင်မသိဘဲ ကူရာ ယူမကိုင်ခဲ့သင့်။
ကူရာသတိကပ်မိတော့ ကောင်းကင်မှာ အတော်ပင်မှောင်နေပီ။ ဘွား ခွဲစိတ်ခန်းက ထွက်ကတည်းက ကူရာ ဘွားကိုမတွေ့ရသေး။ ဘွားအကြောင်းစဉ်းစားမိတော့ စိုးရိမ်စိတ်များ စိုးမိုးလာသည့်နှယ် စိတ်လေးလာသည်မို့ ခေါင်မိုးထပ်မှ အမြန်ပြေးဆင်းလာခဲ့သည်။
"ဘွား...အဆင်မှပြေပါမလား"
ကူမာမိုတိုကုသိုလ်ဖြစ် ဆေးရုံကြီး၏လှေကားထစ်များ ပေါ်မှ လျင်မြန်စွာပြေးဆင်းလာသော မိန်းကလေးမှာ အခက်မသင့် ခြေချော်ကျသည်။ လက်ရန်းကိုအမြန်ထိန်းကိုင်လိုက်သည်မို့ ကြီးကြီးမားမား ဒဏ်ရာမရသွားသော်လဲ ခြေထောက်အနည်းငယ်ပွန်းသွားသောကြောင့် ခြေသလုံးဖွေးဖွေးလေးတွင် သွေးစို့သွားသည်။ ထောက်လိုက်ရသော လက်တစ်ဖက်မှာ ဖုန်များပေကျံသွားလေသည်။
"ဒီနေ့တစ်နေ့လုံး...ကူရာ ကံမကောင်းလိုက်တာ..."
လက်မှဖုန်မှုန့်များကို ပွတ်သပ်ခါရင်း မတ်တပ်ထလိုက်သည်။ နီးရာတံခါးမှ ကူရာ ထွက်လိုက်ရင်း သန့်စင်ခန်းရှိရာဘက်ကို ဦးတည်သွားလိုက်သည်။ နှာရည်များပေကျံနေသော မျက်နှာ၊ ညစ်ပတ်ပေကျံနေသော လက်၊ သွေးစို့နေသော ခြေထောက်နှင့် ကူရာ ဘွားဆီသွားမတွေ့ချင်ပါ။ သန့်စင်ခန်းသို့ဝင်ကာ ဘေစင်ရှေ့တွင်ရပ်လိုက်သည်။ပေကျံနေသော မိမိလက်ကိုဆေးကြော သန့်စင်ရင်း မှန်သားပြင်ထဲမှ ကိုယ့်ပုံကို အတန်ကြာသည်အထိ စိုက်ြကည့်မိသည်။ မျက်လုံးများမှာ ဖားမျက်လုံးကဲ့သို့ အစ်ထွက်နေပီး နှာခေါင်းပတ်ပတ်လည်တွင် နာရည်များဖြင့်စေးကပ် ပေပွနေသည်။ နဂိုကတည်းက ရူပါမလှပခဲ့သော ကူရာသည်အတော်ပင် ကြည့်ရဆိုးနေလေသည်။ မလှသော်လဲ ကူရာသည် ရုပ်ဆိုးဆိုးကောင်မလေးမဟုတ်။ ကြည့်ပျော်ရှုပျော်ရှိသည့် ရွက်ကြမ်းရေကြိုအဆင့်သာ။ Tissiue boxမှ တစ်သျူး တစ်ရွက်ဆွဲထုတ်ကာ ရေဆွတ်လိုက်သည်။ သွေးစို့နေသော ပွန်းပဲ့ဒဏ်ရာကို အသာပွတ်သပ်ရင်းသာ သန့်စင်လိုက်သည်။
YOU ARE READING
Transgender Torii (HIATUS)
Fantasy"If they cross it,she will become a boy and he will become a girl"