PART 7

70 11 0
                                    

Flashbacks

Zawgyi
" သမီး ကာဇူးလေးအဖေ ဘယ်သွားလဲ "

" ဂိတ်တံခါး ဆောက်တဲ့နေရာကို ခဏသွား
တာ ပြီးရင်ပြန်လာတော့မှာ ဖေဖေ
သမီးသွားခေါ်ပေးရမလား "

ကြမ်းပြင်သို့လက်ထောက်ကာ
ဖြည်းဖြည်းချင်း မတ်တတ်ထရန်
ပြင်နေသော သမီးငယ်ကို အဖေဖြစ်သူက

"သမီး မသွားနဲ့ ထားထား ဗိုက်ထဲက
ကလေးကိုပဲဂရုစိုက် ဖေဖေပဲသွားလိုက်မယ်"

"ဟုတ်ကဲ့ ဖေဖေ "

ယောက္ခထီး ထွက်သွားသည်နှင့် ကာဇူးလေးအမေက မတ်တတ်ထရပ်ကာ စားပွဲပေါ်ရှိ
ဆာကူရာပန်းများအား နမ်းရှိုက်လိုက်သည်
သူမအား ကာဇူးလေးအဖေက
ဆာကူရာပန်းတို့နှင့် ချစ်ခွင့်ပန်ခဲ့သည်..
လက်ထပ်ပြီး သူမ ကာဇူးလေးကို
ကိုယ်ဝန်လွယ်ထားရသည့် အချိန်ထိ
နေ့တိုင်းလိုလို သူမအား ဆာကူရာပန်းတို့
ပေးလေ့ရှိသော သူ့ကို သူမ အသည်းအူ
ပြတ်မတတ် ချစ်ရပါသည်..

ကာဇူးလေးအ‌မေသည် ကာဇူးလေးအဖေရှိ
ရာ အခြား ကမ္ဘာသို့မည်သို့ရောက်ခဲ့မှန်း
သူမ ကိုယ်တိုင်မသိခဲ့ပါ သူမမှတ်မိသော
တစ်ခုတည်းသောအရာက ကုန်တင်ကား
တစ်စီးသူမရှေ့သို့ ‌တည့်‌တည့်မောင်းနှင်
လာခဲ့ခြင်းတစ်ခုသာ....
သူမ သေပြီး၍ရောက်လာခဲ့သည်လား
တခြားကမ္ဘာ၌ သူမ ဆေးရုံပေါ်၌
ကိုမာရောဂါသည်အဖြစ်နှင့်ရှိနေမလား
သူမမသိပါ.. ဂိတ်ဝနှင့် သဏ္ဌာန်တူသော
အရာတစ်ခုကိုမတွေ့ခင်ကဖြစ်သည်
ဂိတ်ဝကိုတွေ့သော်လည်း
သူမ မစူးစမ်းဖြစ်ခဲ့ပါ ကာဇူးလေးအဖေကို
သူမ တစ်ယောက်တည်းမထားပစ်နိုင်ခဲ့..
ခေါ်သွားရန်လည်း သူမ အဆင်သင့်မဖြစ်ခဲ့
ခြင်းများ‌...

အတိတ်မှအကြောင်းအရာတို့အား
သူမပြန်တွေးနေရင်း သမီးဦးလေး
သေဆုံးမှုဆီစိတ်ရောက်သွားခဲ့သည်..
လွန်ခဲ့သော နှစ်နှစ်ကျော်က
လေမုန်တိုင်းတစ်ခုသည်
ကာဇူးလေး၏အစ်မဖြစ်သူအား
သေမင်းတမန်ဆီခေါ်ဆောင်သွားခဲ့သည်
လေမုန်တိုင်းကြောင့် သူမ
မစူးစမ်းမိခဲ့သော ဂိတ်ဝလည်း
ပျက်စီးသွားခဲ့သည်...

အချိန်ကြာလာသည်နှင့်အမျှ
သူမ အိမ်ကိုလွမ်းလာသည်
ခင်ပွန်းဖြစ်သူက အရိပ်အကဲနားလည်သူ
မို့ ဂိတ်ကို ပြန်ဆောက်ရန် စီစဉ်ခဲ့သည်..

Transgender Torii (HIATUS)Where stories live. Discover now