Zawgyi:
ရက်သတ္တပတ်ရဲ့တနင်္ဂနွေတိုင်းမှာ
အဖြူရောင်Lilyပန်းတွေနဲ့တူတဲ့
မိုးပြာရောင်ကောင်လေးတယောက်ရှိဖူးတယ်။အကြည့်ချင်းဆုံတိုင်း
ခေါင်းငြိမ့်ပြုံးပြခြင်းအားဖြင့်
သွားလေးတွေဖွေးခနဲပေါ်လာအောင်ရယ်ပြခြင်းအားဖြင့်
ကိုယ့်တိမ်းညွှတ်မှုကိုစိုးစံခဲ့တယ်။ပါးချိုင့်လေးတွေပေါ်လာတာမြင်မိတိုင်း
ကိုယ့်မှာအသက်ရှုကျပ်နေရဖူးတယ်။Flashback……
"Mae!! ဘေးအိမ်ကိုသွားပို့မှာမလား။ပေး…ပေး သားသွားလိုက်မယ်"
အထက်တန်းဒုတိယနှစ်M2တန်းတက်ဖို့ဆိုင်းပြင်းနေတဲ့အိုက်စပ်စပ်နွေတစ်ခုမှာဖြစ်လောက်မယ်။အန်းမလို့ခေါ်ကြတဲ့အဖွားနွန်နဲ့ကိုယ့်ညနေဘက်စာသွားလုပ်တေကြtutorအမတို့နေတဲ့ခေါင်းရင်းအိမ်ကိုပါးချိုင့်တွေနက်နေတဲ့ကောင်လေးနဲ့သူ့မားမားရောက်လာခြင်းဖြစ်စဉ်မှာကိုယ်ရှိနေခဲ့တယ်။
မျက်မှန်လေးပင့်ကာပင့်ကာရယ်
မိုးပြာရောင်shirtလက်တိုလေးနဲ့ပနံသင့်။
သူကကိုယ့်ထက်တနှစ်ငယ်သည်တဲ့။"Sing…P'ကနယ်ဘက်ကိုtransferပြောင်းရမှာကွ။ဒါကအန်းမသမီးကြီးလေ။P'အစ်မပေါ့။သူပဲလာနေပေးမှာ"
"Sawadee krup!!အန်တီ။ကျွန်တော်နာမည်Singto Prachayaပါ။"
ပြုံးပြလာတဲ့ထိုအန်တီပါးမှာပါးချိုင့်ရယ်ခွက်ဝင်လို့။
"Sawadee Sing။ဒါလေးကအန်တီသားလေ။Kristတဲ့။ညီလေးကိုစောင့်ရှောက်ပေးပါဦးနော် သားက"
သမာရိုးကျလူသားဆန်ဆန်လောကွက်ပြုခြင်းအမှုမှာကိုယ့်အားထိုအမေတူသားလေးကပါးချိုင့်လေးတစွန်းတစရယ်မစွန့်ကြဲ။
ထိုနေ့ကပထမဆုံးတွေ့ဆုံခြင်းဖြစ်ခဲ့သည်။သူရင်ထဲလှိုင်းတချို့ဖြတ်သန်းသွားခဲ့တာကိုSingtoသတိထားမိခဲ့သည်။
မျက်မှန်ဝိုင်းနောက်ကမျက်ဝန်းကြည်တွေရယ်
ကိုယ့်တွက်မရည်ရွယ်တဲ့ပါးချိုင့်တွေရယ်
ထိုမိုးပြာရောင်ကောင်လေးက
ကိုယ်အကြိမ်ကြိမ်အခါခါခုန်ချမိတဲ့အသူရကယ်ချောက်နက်လေးဖြစ်ခဲ့တယ်။
YOU ARE READING
URANOPHILE (Completed)
FanfictionZawgyi: စိတ်နဲ့ချည်တဲ့ကြိုးတွေကဘယ်အရပ်မှာမြဲတတ်ပါသလဲ။ Singto×Krist Fanfiction (Zawgyi+Unicode) cover by@Al_LUKAR Unicode: စိတ်နဲ့ချည်တဲ့ကြိုးတွေကဘယ်အရပ်မှာမြဲတတ်ပါသလဲ။ Singto×Krist Fanfiction (Zawgyi+Unicode) cover by@Al_LUKAR