SELENOPHILE-6

355 54 6
                                    

Zawgyi::

"Nong Kristကယောကျာ်းလေးလေ။ပြီးတော့မင်းရောပဲလေ"

Tayရဲ့ခပ်တိုးတိုးစကားသံမှာဘာရယ်မဟုတ်ကိုယ်စိတ်ကနွမ်းလျသွားရ၏။

သိမ်ငယ်ခြင်းမျိုးမဟုတ်ပေမဲ့…ငါမှန်တယ်ဆိုပြီးဟစ်တိုင်တက်ပြလို့ကောင်းတဲ့အရာမဟုတ်တာကြောင့်ခေါင်းကိုငုံ့ချလိုက်ရင်းမြက်ခင်းပေါ်ကမြက်ပင်စိတ်စိတ်တွေကိုအကြောင်းမဲ့ငေးကြည့်လိုက်သည်။

"Kitမသိဘူး။သူဘာမှမသိဘူး။…ကလေးလိုပဲ…ငါကသာ…ဟက်။သူကိုတမျိုးမထင်နဲ့ကွာသူကဖြူစင်တယ်"

မိစ္ဆာဝါဒ…ရှေးဘဝကကာမေသုကံကို……
နားထဲပဲ့တင်ရိုက်ဟည်းလာတဲ့အသံတွေကြောင့်ဆိုင်ခွင့်မရှိသူဘက်အယူခံဝင်ပေးမိပြန်၏။

"ဒါဆိုSingto!!မင်းကgayလား။ယောက်ျားလေးတွေကိုကြိုက်တာလား"

တိုးလျပေမဲ့သူငယ်ချင်းနှစ်ယောက်ရဲ့ပြိုင်တူမေးသံကကိုယ့်ကိုရေထဲဆွဲနှစ်လိုက်သလို။Tayမျက်နှာကိုငဲ့ကြည့်တော့ကန်ရေသေတခုလိုပကတိငြိမ်သက်လျက်။

"ငါ…ယောကျာ်းလေးတွေကိုမကြိုက်ဘူး။ယောကျာ်းဆိုတော့ဖြစ်တည်မှုကိုကြိုက်တာမဟုတ်ဘူး။ငါတို့နိုင်ငံကmodelတွေလည်းငါကြိုက်တယ်။HollyWoodမငိးသမီးတွေKpop female idolတွေ။ငါကြိုက်တယ်"

မျက်နှာချင်းဆိုင်ထိုင်ကာမျက်လုံးချင်းဆုံအောင်မကြည့်ကြပါ။ဆောက်လက်စကျောင်းဆောင်းကြီးသာငေးနေမိသည်။

"အင်း…ဒါပေမဲ့…သူကယောကျာ်းးလေးဖြစ်နေတာ။ငါတန်ဖိုးထချင်မိတဲ့သူ။Kristရဲ့ဘဝတည်ဖြစ်မှုကဘုရားဆုပန်ခွင့်ရတဲ့ယောကျာ်းလေးဖြစ်နေခဲ့တာ။"

Tayဆီကသက်ပြင်းချသံသဲ့သဲ့။
တာဝေးပြေးထားသလိုနိမ့်ချည်မြင့်ချည်အသက်ရှုရတာတင်းကြပ်နေတဲ့ရင်အစုံကြောင့်အသက်ကိုသပ်ပြင်းပြင်းရှိုက်လိုက်၏။

"အဲ့ဒီအတွက်ငါကမိန်းကလေးမဖြစ်ချင်ဘူး။မိန်းကလေးလိုနေချင်စိတ်လည်းမရှိဘူး။ပြောင်းလဲချင်စိတ်လည်းမရှိဘူး။ငါကယောကျာ်းပဲ……ပြီးတော့ငါချစ်တဲ့သူကလည်းယောကျာ်းပဲ။သူ့ကိုငါကမိန်းကလေးဖြစ်ပျါစလို့ဆုတောင်းပြီးချစ်တာလည်းမဟူတ်ဘူး။သူရဲ့အရှိတိုင်းဖြစ်တည်မှုကိုငါကတန်ဖိုးထားချင်တာ။လေးစားချင်တာ။ယောကျာ်းမိန်းမဆိုတာထက်KristကKristဖြစ်နေလို့။"

URANOPHILE (Completed)Tempat cerita menjadi hidup. Temukan sekarang