Zawgyi:
မပိုင်ဆိုင်ရပဲလက်လွှတ်လိုက်တဲ့တိမ်တွေကိုမြင်တိုင်း
မင်းကိုပဲပြေးသတိရရတယ်။ဒဏ်ရာတွေရဲ့အောက်ခြေအလွှာကနောင်တတရားပါပဲ။-One year later-
"Chairman …အစည်းအဝေးစပါတော့မယ်"
အတွင်းရေးမှူးလေးစကားကိုခေါင်းတချက်ဆတ်ကာSingtoထရပ်လိုက်သည်။ဆောင်းဝင်စအခြေအနေတွင်Singtoကခပ်ထူထူရှပ်ကိုသေသပိစွာပြန်ပြင်ရင်း…
"အစည်းအဝေးပြီးရင်scheduleတွေရွေှ့ထားပေးနော်။Mr.Okumiyaဆေးရုံတက်နေရတာသတင်းသွားမေးမလို့"
"ဟုတ်ကဲ့"
……
ပထမအကြိမ်မြောက်ဆောင်းဦးဒီနေ့ပထမဆုံးနှင်းစကျမဲ့အကြောင်းသတင်းတွေထဲတက်လာနေကိုတချက်ကြည့်ပြီးSingtoကားပေါ်မှာငြိမ်ငြိမ်လေးထိုင်နေမိသည်။လူတွေအနည်းငယ်ရှုပ်နေသည်မို့ဆေးရုံထဲမဝင်ဖြစ်သေး။
အခုချိန်ဆိုထိုကောင်လေးနေထိုင်ရာရပ်ဝန်းတွင်မည်သို့မည်ပုံရှိနေမည်နည်း။မိုးပဲရွာရွာ၊နေပဲသာသာသူကတော့ထိုကောင်လေးကိုအေးချမ်းစေချင်တာပါပဲ။ထိုကောင်လေးပျော်နေရင်ပြီးတာပါပဲ။
အခုချိန်ဆိုသားသားမီးမီးတွေနဲ့ဖခင်နေရာရောက်နေပြီလား။အမျိုးကောင်းသမီးလေးကိုလက်တွဲထားလို့ခင်ပွန်းကောင်းဖြစ်နေမလား။
စပြီးထားခဲ့မိတာကိုယ်ပေမဲ့လည်းတကယ်တည်းငေးကျန်ခဲ့ရတ၊ကိုယ်ပါပဲ။မင်းတည်ရာရပ်ဝန်းမှာချစ်ခြင်းမေတ္တာတွေသာမြဲပါစေ။မဆွဲရဲခဲ့လက်မို့ရင်နာနာနဲ့ပဲလွှတ်ပေးဖြစ်ပါတယ်။မင်းအပေါ်ငြိတွယ်မှုတွေပြေပါစေ။
မပိုင်ရလည်းဖြစ်ပါတယ်ဆိုတာလိမ်နေတာ။ညာနေတာ။ဟန်ဆောင်နေတာ။အဆင်ပြေပါတယ်ပြောရင်းကိုယ့်နှလုံးသားကိုကိုယ်တိုင်အကြိမ်ကြိမ်ဓားနဲ့ထိုးတယ်။မင်းကလွဲရင်ကိုယ်နှလုံးသားကအနာတရတွေချည်း။
မင်းအတွက်ကိုယ်ပြချင်တဲ့ချစ်ခြင်းတရားမှာ
မင်းကကိုယ့်အတွက်ဖြစ်ရမယ်မဟုတ်ဘူး။
သေတပန်သက်တဆုံးမင်းနဲ့ပေါင်းဖက်ရမှဖြစ်မယ်ဆိုတာတွေမပါဘူးဆိုတဲ့စိတ်နဲ့ပဲအနာတွေကိုအရက်ပြန်လောင်းချလိုက်ရတယ်။ဒီတသက်တော့မကျက်ပါရစေနဲ့ကွယ်။
ESTÁS LEYENDO
URANOPHILE (Completed)
FanficZawgyi: စိတ်နဲ့ချည်တဲ့ကြိုးတွေကဘယ်အရပ်မှာမြဲတတ်ပါသလဲ။ Singto×Krist Fanfiction (Zawgyi+Unicode) cover by@Al_LUKAR Unicode: စိတ်နဲ့ချည်တဲ့ကြိုးတွေကဘယ်အရပ်မှာမြဲတတ်ပါသလဲ။ Singto×Krist Fanfiction (Zawgyi+Unicode) cover by@Al_LUKAR