Arc 3.8

4.3K 547 0
                                    

အခြားတစ်ဖက်မှာ ဝမ်လေ့ဟာ ဒီလူငယ်လေးသူ့ကို အာရုံစိုက်နေတော့ အရမ်းပျော်နေတယ်။ သူ့ရဲ့စိတ်တွေဟာ ရှုပ်ထွေးနေတယ်။ သူဟာ ကျန်းမင်ကို သူ့ကို ကယ်တင်ပေးလို့ အရမ်းကျေးဇူးတင်တယ်။ ဒါပေမဲ့ လီရန်နဲ့ကျတော့ သူတို့နှစ်ယောက်ကြား ခိုင်မာတဲ့ ဆက်နွှယ်မှု ရှိတယ်လို့ ခံစားနေရတယ်။
မှုန်ဝါးနေတဲ့ သူ့မှတ်ဉာဏ်တွေထဲကနေ သူ့ငယ်ဘဝအကြောင်းတစ်ချို့နဲ့ သူအမေကိုမှတ်မိနေတယ်။ သူဟာ သူ့ရဲ့လက်စွပ်ကို လုံခြုံစွာ ဖွက်ထားတယ်။ ကျန်းမင်မှာကော လီရန်မှာပါ လက်စွပ်မရှိနေခဲ့ဖူးဆိုရင် သူ့အမေရဲ့အမှားကားကို မလွဲစေရဘူး။ သူနဲ့ လက်စွပ်ဆင်တူရှိနေတဲ့သူကသာ သူ့ရဲ့ လက်တွဲဖော်ဘဲ။ ဒါပေမဲ့ အဲ့လူဟာ အခုထိကို ပေါ်မလာသေးဘူး။
တစ်ချိန်ထဲမှာဘဲ ကျန်းမင်ဟာ ရွာထဲက လူတွေနဲ့ မိတ်ဆက်ပြီးပျော်ရွှင်နေတယ်။ သူမကိုယ်သူမ လူတိုင်းနဲ့ မိတ်ဆက်တယ်။ သူမဟာ တောအုပ်ထဲမှာ အစွန့်ပစ်ခံရတဲ့ မိဘမဲ့တစ်ယောက်သာဖြစ်တယ်။ သူမဟာ ဒီလိုနေရာမှာ ရွာလေးရှိနေမှန်းတောင် မသိလေဘူး။
ဖုန်ကျုံးဟာ သူမကို အထူးကို စိတ်ဝင်စားနေတယ်။ သူဟာ သူမလို လှပတဲ့အမျိုးသမီးကို ရွာထဲမှာ မတွေ့ဖူးဘူးလေ။ သူမဟာ ဝမ်လေ့ကို ကယ်တင်တဲ့သူဖြစ်ကြောင်းသူကြားလိုက်ရတဲ့ အခါ သူဒေါသအနညိးငယ်ထွက်လာတယ်။ သူက သူမကို အရင်ဆုံးတွေ့တဲ့သူ ဖြစ်စေချင်တာလေ။ ပြီးတော့ သူမနဲ့ ဝမ်လေ့ဟာ ချစ်သူတွေဆိုပြီး ကောလဟာလတွေလဲ ထွက်နေသေးတယ်။

"Hello မိန်းမငယ်လေး ကျွန်တော့်နာမည်ဖုန်ကျုံးပါ။ မင်းနဲ့တွေ့ရတာဝမ်းသာပါတယ်'' သူဟာ ဆွဲဆောင်မှုရှိစွာ ပြုံးပြပြီး သူမလက်ကလေးကို နမ်းလိုက်တယ်။
ကျန်းမင်ဟာ ရှက်သွားပြီး သူမကိုယ်သူမ မိတ်ဆက်တော့တယ်။
"ကျွန်မက ကျန်းမင်ပါ''
"ကျွန်တော်ကြားတာတော့ ဝမ်လေ့နဲ့ မင်းနဲ့က ချစ်သူတွေဆို''
ကျန်းမင်ဟာ ခရမ်းချဉ်သီးလို နီရဲလာပြီး ချက်ချင်းငြင်းလိုက်တယ်။
"မဟုတ်တာ... ရှင်မှားနေပြီ။ ကျွန်မက သူဒဏ်ရာရနေလို့ ကယ်တင်ခဲ့တာဘဲရှိတာ''
ဖုန်ကျုံးဟာ ပြုံးလိုက်ပြီး ''အဲ့တာ အရမ်းကောင်းတယ်။ မင်းလို လှပတဲ့ မိန်းမပျိုလေးက ကိုယ့်ရဲ့ သားရဲအသွင်တောင်မပြောင်းနိုင်တဲ့ ယောက်ျားတစ်ယောက်နဲ့ မထိုက်တန်ဘူး၊''
ကျန်းမင်ဟာ ရှော့ရသွားတယ်။ သူမ ဒါကိုမသိလေဘူး။ သူမ ဝမ်လေ့ကို တွေ့ကတည်းက လူသားပုံစံနဲ့ဘဲ တွေ့ဖူးတာလေ။
သူမရဲ့ တုံ့ပြန်မှုကိုတွေ့တော့ ဖုန်ကျုံးဟာ ပြုံးလိုက်တယ်။ ''သူမင်းကိုကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်မင်းကို ကာကွယ်ပေးနိုင်လို့ ငါယုံတယ်"
သူမရဲ့ အာရုံစိုက်မှုကို ရရှိတော့သူကဆက်ပြောတယ်။ ''မင်းသိလား။ ကိုယ့်ရဲ့ အသွင်က ကျားလေ။ မင်းရဲ့ အသွင်က ဘာများလဲလို့ ကိုယ်အရမ်းသိချင်တာဘဲ''
ကျန်းမင်ဟာ မူးမေ့လဲမတတ်ဘူး။ သူမဟာ ကျားတွေက ရှားပါးသားရဲထဲပါမှန်း သိလေတယ်။ ''ကျွန်မက ယုန်ပါ''
ဖုန်ကျုံးရဲ့ မျက်လုံးက အရောင်တောက်လာတယ်။ ယုန်တွေဟာ အားနည်းပြီး မရှားပါးဘူး ။ ပေါလဲပေါတယ်။ ဒါပေမဲ့ သူတို့ဟာ လူနေမှုအဆင့်ရဲ့ ထိပ်နားမှာ ရပ်တည်ထားတယ်။
(ဒီကမ္ဘာမှာ အားမရှိတဲ့ သားရဲတွေက အောက်ခြေ အတန်းစားဖြစ်ပြီး အားအင်ကြီးမားတဲ့ Beast တွေက ထိပ်တန်း အဆင့်တွေအဖြစ်သတ်မှတ်လို့ပါ။ ဖုန်ကျုံးရဲ့ ကျားအသွင်ဟာ ရှားပါး သားရဲထဲပါပေမဲ့ လီရန့်(လင်းရှီ) ရဲ့ အမြှီးကိုးချောင်းမြေခွေးအသွင်နဲ့ ဝမ်လေ့ရဲ့ သစ်နက်အသွင်ကိုတော့ ယှဉ်လို့မရပါဘူး။ အမြှီးကိုးချောင်းမြေခွေးနဲ့ သစ်နက်တို့ဟာ တော်ရုံကို ရှာမတွေ့နိုင်တဲ့ သားရဲအသွင်တွေမို့ပါ)
------------------------------------
ကျန်းမင်ဟာ ဝမ်လေ့ဆီလာလည်တော့ သူမဖုန်ကျုံးဆီက ကြားခဲ့တဲ့ သတင်းမှန်သလားလို့ မေးဖို့ ဆုံးဖြတ်လိုက်တယ်။ သူမဟာ သားရဲအသွင်တွေအကြောင်းကို ခေါင်းစဉ်တပ်ပြီး အေးအေးဆေးဆေး ပြောနေတယ်။ ပြီးတာနဲ့ချက်ချင်း သူ့ရဲ့ အသွင်ကဘာလဲဆိုပြီး မေးတော့တယ်။
ဝမ်လေ့ဟာ.ဒီမေးခွန်းကိုကြားတော့ တစ်စုံတစ်ယောက်သူ့ကိုပြောဖူးတာကို ချက်ချင်းသတိရလိုက်တယ်။ ''မင်းရဲ့ သားရဲအသွင်ကို ဘယ်သူ့ကိုမှပြောပြလို့မဖြစ်ဘူး၊ မင်းရဲ့ အနက်ရောင် သစ်နက် အသွင်က အရမ်းကို ရှားပါးပြီး ပြိုင်စံရှားဘဲ။ ဖုန်ကျုံးရဲ့ ကျားအသွင်ထက်တောင် ပိုပြီးရှားပါးသေးတယ်။ မှတ်မိတယ်မလား။ အိုကေ..'' သူ့ကို ဒီစကားဘယ်သူကပြောလဲဆိုတာ သူမမှတ်မိဘူး။.ဒါပေမဲ့ ဒီလူက သူ့ရဲ့ အသွင်ရဲ့ အရေးကြီးတဲ့ အချက်တွေကို ပြောပြပြီး မထုတ်ဖော်ဖို့ သတိပေးထားတယ်။ ကျန်းမင်ရဲ့ မျက်ဝန်းတွေကို ကြည့်တဲ့အခါ ဖြူစင်မှုကိုရှာမရဘူး။ အလိုကြီးမှုတွေ မဖြူစင်မှုတွေနဲ့ဘဲ ပြည့်နှက်နေသလိုဘဲ။
"ငါက အနက်ရောင်ကြောင် တစ်ကောင်ပါ" သူဟာ ဒီလိုပြောလိုက်ပြီး သူမရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်နေလိုက်တယ်။ မျှော်လင့်ထားတဲ့အတိုင်းဘဲ သူမရဲ့မျက်နှာ ဟာ ချက်ချင်းပြောင်းသွားပြီး မျက်ဝန်းတွေက အထင်သေးမှုအပြည့်ဘဲ။ ဒါပေမဲ့ ချက်ချင်းဘဲ မျက်နှာကို မူလအတိုင်း ပြန်ပြင်လိုက်တယ်။
ဝမ်လေ့ရဲ့ မျက်ဝန်းတွေဟာ စူးရှနေတယ်။ သူဟာ လီရန့်ရဲ့ ပုံစံလေးကိုတွေးမိတော့ ပြုံးလိုက်မိတယ်။ သူ့ရဲ့မျက်ဝန်းတွေဟာ တောက်ပပြီး ဖြူစင်မှုအပြည့်ဘဲ...။
ကျန်းမင်ဟာချက်ချင်းကို နှုတ်ဆက်ပြီး လှည့်ပြန်သွားတော့တယ်။ ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းလိုက်လဲ....။
သူမထွက်သွားပြီးပြီးချင်းမှာ လင်းရှီဟာ တံခါးတောင်မခေါက်ဘဲ တိုးဝှေ့ ရောက်ရှိလာတယ်။ သူ့ရဲ့ လက်တစ်ဖက်မှာ ဆေးပန်းကန်လေးကို ကိုင်ထားပြီး နောက်တစ်ဖက်မှာ စားစရာတွေထည့်ထားတဲ့ ခြင်းလေးကို ကိုင်ထားတယ်။
"ဝမ်လေ့ ဒီဆေးကို လိမ်လိမ်မာမာ သောက်...''
ဝမ်လေ့ဟာ ချက်ချင်း မျက်မှောင်ကျုံမိသွားတယ်။ လင်းရှီဟာ ချက်ချင်း ဘဲ အဲ့နေရာလေးကို ပွတ်ပေးလိုက်ပြီး
"မျက်မှောင်ကျုံမနေနဲ့တော့၊ မင်းနဖူးကြောတွေ တွန့်ကုန်တော့မှာဘဲ'' လင်းရှီဟာ ငေါက်လိုက်တယ်။ သူရဲ့ မှတ်ဉာဏ်တွေထဲမှာ ဒီစကားစုကို စိမ်းမနေဘဲ။ အရင်ကကြားခဲ့ဖူးတယ်ဆိုတာ သူကျိန်တောင်ကျန်ပြောရဲတယ်။
သူဟာ မျက်နှာမလွှဲခင်မှာ လင်းရှီရဲ့မျက်နှာလေးကို အချိန်အတော်ကြာ စိုက်ကြည့်နေတယ်။ ဒီမျက်နှာဟာ စိမ်းနေပေမဲ့ ရင်းနှီးသလိုဘဲ။
သူဟာ လင်းရှီသူ့ကို ဘာမှမလုပ်သေးခင်မှာ မြန်မြန်ဘဲသောက်ပစ်လိုက်တယ်။ လင်းရှီဟာ သူ့ဘေးမှာပြုံးပြီး လာထိုင်ကာ ဆန်ပြုတ်တိုက်တော့တယ်။ ဒီအနေအထားဟာ သူနဲ့ ရင်းနှီးသလိုဘဲ။ ဒါပေမဲ့ သူမသိပြန်ဘူး။
သူဟာ ခေါင်းကိုက်လာပြီး ခေါင်းကိုကိုင်လိုက်မိတယ်။ လင်းရှီဟာ ဒါကိုမြင်ပြီး ဆန်ပြုတ်ပန်းကန်ကို ချက်ချင်းချလိုက်တယ်။
"ဘာဖြစ်လို့လဲ။ မင်းနာကျင်နေလို့လား'' သူဟာ ပူပင်စွာမေးလိုက်တယ်။
ဝမ်လေ့ဟာ ခေါင်းကိုက်တာ ခနလေးနဲ့ ပျောက်သွားပေမဲ့ သူဟာ ဆက်ပြီးသရုပ်ဆောင်နေလိုက်တယ်။ သူဟာ လင်းရှီကို သူ့အနားလေးမှာဘဲ နေစေချင်တာကြောင့်ဖြစ်တယ်။ သူဟာ ဟန်ဆောင်နေပေမဲ့ သူ့နဖူးလေးကို လင်းရှီဟာ ပွတ်သပ်ပေးနေပြီး သက်သာရဲ့လားလို့ တတွတ်တွတ်မေးနေတော့တယိ။
သူ့ပုံစံက သက်သာလာပုံရတော့ လင်းရှီဟာ ဆန်ပြုတ်ဆက်တိုက်ပြီးတော့ ပြီးတာနဲ့ ပြန်ဖို့ လုပ်တော့တယ်။ ဒါပေမဲ့ ဝမ်လေ့ဟာ သူ့အင်္ကျီကို ဆွဲထားတယ်။
"ငါနဲ့ဘဲနေပေးပါ'' ဝမ်လေ့ဟာ puppy eyes လေးတွေပြပြီး ပြောတယ်။
လင်းရှီဟာ ဒီမျက်ဝန်းတွေကြောင့် အရည်ပျော်လုမတတ်ဘဲ။.ဒါပေမဲ့ သူငြင်းပစ်လိုက်တယ်။ ''မင်းအရွယ်ရောက်နေပြီဘဲ"
လင်းရှီဟာ အဝေးကြီး မရောက်သေးခင်မှာ ဝမ်လေ့ဟာ ပြန်ဆွဲခေါ်တယ်။ ''ငါခေါင်းတွေနာနေတယ်။'' ဝမ်လေ့ဟာ မှတ်ဉာဏ်တွေပျောက်နေပေမဲ့ ဒီအရှေ့ကလူဟာ သူ့အတွက် ဘာဘဲုဖြစ်ဖြစ်လုပ်ပေးမှာလို့ ယုံတယ်။ လင်းရှီဟာ မျက်စိမှိတ်ပြီး ခေါင်းညိတ်ဖို့သာ တတ်နိုင်တော့တယ်။ သူရဲ့စိတ်ထဲမှာတော့ ဝမ်လေ့ဟာ သူကျွေးမွေးပျိုးထောင်လာတဲ့ သစ်နက်ပေါက်စလေးပါဘဲ။ ဝမ်လေ့ဟာ သူ့ရဲ့ သားရဲအသွင်ကို ပြောင်းလိုက်တယ်။ ကျန်းမင်က သူ့ကိုကယ်တင်ခဲ့တာကိုသူသိတယ်။  ဒါပေမဲ့ သူမကို လုံးဝမယုံကြည်ဘူး။ ဒါပေမဲ့ ဒီယောက်ျားလေးနဲ့ဆို သူ့ဘဝကိုပုံပြီးတောင်ယုံနေတယ်။
ရင်းနှီးလွန်းတဲ့ အနက်ရောင် သားရဲလေးကိုမြင်တော့ လင်းရှီဟာ သူရဲ့နွေးထွေးတဲ့ ခန္ဓာကိုယ်လေးကို ချက်ချင်းဖက်ပစ်လိုက်တယ်။ ဒီနူးညံ့တဲ့အမွှေးတွေကို လွမ်းနေတာ...၊ အကျင့်အတိုင်းဘဲ လင်းရှီဟာ brush တစ်ခု ယူပြီး ဝမ်လေ့ရဲ့ တစ်ကိုယ်လုံးကို အေးအေးဆေးဆေး တိုက်ပေးနေတယ်။ (အမွှေးတွေကိုဖြီးနေတယ် ထင်တာဘဲ)
ဝမ်လေ့ရဲ့ နှလုံးသားလေးဟာ ခပ်မြန်မြန်လှုပ်ရှားလာတယ်။ ဒီလို တိုက်ပေးနေတာဟာ သူနဲ့အရမ်းရင်းနှီးနေတယ်လို့ ခံစားရတယ်။ သူဟာ သူ့အမွှေးတွေကို အာရုံစိုက်နေတဲ့ လင်းရှီကို နက်ရှိုင်းစွာကြည့်နေလိုက်တယ်။ လင်းရှီဟာ လုပ်ပြီးသွားတော့ ဝမ်လေ့ရဲ့ ခေါင်းလေးကိုပွတ်လိုက်ပြီး ဖက်အိပ်ဖို့ပြင်တော့တယ်။ အချိန်အကြာကြီးအထိ ဝမ်လေ့ဟာ အိပ်မပျော်လေဘူး။ ဒါပေမဲ့ ဒီယောက်ျားလေးကို လေးစားပြီး သူ့ကို လွှမ်းမိုးချင်စိတ်တွေ တောင့်တမှုတွေ ဖြစ်လာတော့တယ်။
-------------------------TBC
2481 words
Thanks  for reading my translation 🤗🤗

Their Eternal Love (Arc.3 Li Yang ဘဝ)Where stories live. Discover now