Arc 3.10 (End)

5.7K 557 6
                                    


ဝမ်လေ့ဟာ သူနဲ့ဆင်တူ လက်စွပ်လေးကို မြင်တော့ ပီတိတွေဖြာသွားတယ်။ လင်းရှီပြောတာတွေကို မကြားလိုက်ခင်အထိဘဲ ပီတိဖြာလိုက်နိုင်တယ်။

ငါ့ရဲ့ အနမ်းလေး.......။ သူ့ရဲ့ အချစ်ကလေးနောက်လိုက်မဖမ်းခင် တွေးမိလိုက်တယ်။
လင်းရှီဟာ တောထဲကို ပြေးသွားတယ်။
ဝမ်လေ့က ငါ့ချစ်သူလို့ သတိမထားမိဘူးဆိုတာ ငါယုံကိုမယုံနိုင်ဘူး။
ငါသူငါ့အိပ်ယာထဲလာလာပြီး ကပ်ကပ်နေကတည်းက ငါ့ချစ်သူဆိုတာ ရိပ်မိလိုက်သင့်တာ။
သူတို့ငယ်ငယ်လေးကတည်းက ဝမ်လေ့ဟာ ညသန်းခေါင်ရောက်တိုင်း သူ့သားရဲအသွင်နဲ့ သူ့အိပ်ယာထဲတက်တက်လာလေ့ရှိတယ်။ လင်းရှီဟာ အရမ်းသိချင်ခဲ့တယ် သူဟာ သားရဲအသွင်နဲ့ ဝမ်လေ့ကို ဘာလို့ကိုင်မိခဲ့လဲဆိုတာဘဲ။ ဒါပေမဲ့ ဝမ်လေ့ဟာ သူ့ရဲ့လူသားပုံစံပြောင်းလိုက်တဲ့အခါ လူက ဘာအဝတ်မှမပါတော့ဘူး။ ဝမ်လေ့ဟာ သားရဲတစ်ပိုင်းလူတစ်ပိုင်းပုံကို ဘာလို့နှစ်ခြိုက်လဲဆိုတာ သူသိချင်ခဲ့တယ်။ သူဟာ ဝမ်လေ့ရဲ့ အမြှီးနဲ့ကစားပြီး ခေါင်းကိုပုတ်ကာ.ကစားလေ့ရှိတယ်။ သူတို့ငယ်ငယ်ကတည်းက လင်းရှီကျေနပ်သည်အထိ ဝမ်လေ့ဟာ သူ့ကိုကစားခွင့်ပြုထားတာဖြစ်တယ်။
တခြားတစ်ဖက်မှာ သူဟာ ပိုင်ဆိုင်လိုစိတ်ကြီးမားတာကလွဲ ပြီး သူ့ချစ်သူဖြစ်တယ်ဆိုတာ ပြောလို့ရတာ တစ်ခုမှမရှိဘူး။ လင်းရှီဟာ အခုသူငြင်းခဲ့တာက သူ့ချစ်သူသူ့ကို ငြင်းထားထက်ကို ပိုခံစားနေရတယ်။ သူဟာ အရမ်းကို စိတ်ညစ်ခဲ့တယ် ဝမ်လေ့ဟာ သူကျွေးတာတွေကို မစားခဲ့တဲ့အချိန်တုန်းကပေါ့။
အခြားတစ်ဖက်မှာ ဝမ်လေ့ဟာ လီရန်သူ့ကို လက်မထပ်ချင်ဘူးလို့ပြောလိုက်လို့ အရမ်းကို စိုးရိန်ကြောင့်ကြနေတယ်။ သူဟာ အခုသူ့ရဲ့ မှတ်ဉာဏ်တွေအားလုံးကို ပြန်ရနေပြီ။ သူဒီကောင်လေးကို လက်မလွှတ်နိုင်ဘူး..။ သူဟာ ဒီကောင်လေးသူ့ကို ဆေးအဆန်းတွေတိုက်တယ် ပြီးတော့ အရသာရှိတဲ့ အစားသောက်တွေကျွေးတဲ့ နေ့တွေကိုလဲ သတိရသွားတယ်။ သူ့မျက်နှာလေးကို မြင်တာနဲ့ ဝမ်လေ့ဟာ ပျော်ရွှင်ခဲ့ပေမဲ့ သူဟာ ဒီအမူအရာကို မဖော်ပြခဲ့ဘူး။
လီရန်ဟာ လင်းနို့ကိုက်ခံရတဲ့နေ့တွေတုန်းက သူဟာ ရူးတော့မလိုကို ခံစားလိုက်ရတယ်။ အဲ့ကောင်လေးဟာ သွေးတွေ ဆက်တိုက်ထွက်နေတာမြင်တော့ သူ့ရဲ့ နာမည်ကို ဝမ်းနည်းစွာ အော်ခေါ်လိုက်မိတယ်။ သူဟာ လီရန့်အနားကနေ တစ်စက္ကန့်လေးတောင် မခွာနိုင်ဘူး၊ သူဟာအဲ့အချိန်တွေဆီ ပြန်သွားလို့ရရင် လီရန့်ကို အရှက်မရှိ နမ်းပစ်လိုက်မှာ။
တောထဲမှာတော့ လင်းရှီဟာ သစ်ပင်ပေါ်တက်ပြီးပုန်းနေတယ်။ သူဟာ သူ့ချစ်သူသူ့ကို လာခေါ်မှာကိုစောင့်နေတယ်။ သူဟာ ဝမ်လေ့ကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ သူ့အနောက်မှာ စိတ်ပျက်စရာ မိန်းမက ပါလာတယ်။
ကျန်းမင်ဟာ ဝမ်လေ့တောထဲဝင်သွားတာကို မြင်ပြီး လိုက်ရှာနေတာဖြစ်တယ်။
"ဝမ်လေ့ ရှင်ဘယ်တွေသွားနေတာလဲ။ တိုက်ပွဲမှာ ဒဏ်ရာရလာတယ် မဟုတ်ဘူးလား" သူမဟာ စိတ်ပူနေတဲ့ မျက်နှာနဲ့ မေးလိုက်တယ်။
အခုချိန်မှာ ဖုန်ကျုံးက သေသွားပြီး ဝမ်လေ့ရဲ့ သားရဲအသွင်ဟာ ရှားပါးတဲ့ သစ်နက်မှန်း သူမသိလိုက်ရပြီလေ။ သူမဟာ သူ့ကို လူတွေရဲ့ အပေါ်ကို ရောက်ဖို့ လှေကားအဖြစ်သုံးလို့တောင်ရနေပြီ။ (သဘောက ဝမ်လေ့ရဲ့ ကျော်ကြားမှုကို မှီပြီး သူမပါ နာမည်ကြီးချင်နေတာ)
ဝမ်လေ့ဟာ သူ့အနောက်က သူမပြောတာတွေကို ကြားလိုက်တဲ့အခါ သူ့မျက်လုံးတွေဟာ အထင်သေးမှုတွေနဲ့ နေရာယူလာခဲ့တယ်။ ကျန်းမင်ဟာ ဝမ်လေ့ကိုမှီလာပြီး သူ့ရဲ့ ရင်ဘက်ပေါ်က ကုတ်ခြစ်ရာတွေကို တွေ့လိုက်တယ်။
"ရှင်သွေးတွေ ထွက်နေတုန်းဘဲ။ ကျွန်မရှင့်ကို ကူညီပါရစေ'' သူမဟာ နူးနူးညံ့ညံ့လေးပြောလိုက်တယ်။ ဒါပေမဲ့ သူ့ကို ထိဖို့်အခွင့်အရေးတောင် မရလိုက်ဘူး အဖြူရောင်လုံးလုံးလေးက ရောက်လာခဲ့တယ်။ အဲ့ ဖြူဖြူလုံးလုံးလေးဟာ လက်သည်းတွေထုတ်ပြီး သူမကို သေချာကို ကုတ်ခြစ်လိုက်တယ်။
"Ouch......'' သူမဟာ နာကျင်မှုကြောင့် အော်ညည်းလိုက်မိတယ်။
သူမကြည့်လိုက်တဲ့အခါ နှင်းလုံးလေးလို လုံးလုံးလေးနဲ့ အဖြူရောင်မြေခွေးသေးသေးလေး ကိုတွေ့လိုက်ရတယ်။ ဒီဟာလေးက သူမကို တိုက်ခိုက်ပြီး ရှုးရှုးရှဲရှဲတောင် ဒေါသထွက်နေသလိုဘဲ။ ကျန်းမင်ဟာ ဒီမကောင်းဆိုးဝါးလေးကို ဖမ်းမလို့ ကြိုးစားလိုက်ပေမဲ့ ဝမ်လေ့ဟာ အဲ့အကောင်လုံးလေးကို သူ့ဘဝရဲ့ အဖိုးတန်ဆုံး အရာတစ်ခုလို ကောက်ပွေ့လိုက်တယ်။
"ဝမ်လေ့ အဲ့အကောင်ဆီမှာ ရောဂါပိုးတွေရှိနေနိုင်တယ်။ ကျွန်မကိုပေးလိုက်ပါ'' ကျန်းမင်ဟာ အဲ့အကောင်စုတ်လေးကို ဝမ်လေ့ဆီက ယူဖို့ ကြိုးစားလိုက်ပေမဲ့ မရလိုက်ဘူး။
ဝမ်လေ့ဟာ သူ့ကို ဂရုတောင်မစိုက်ဘူး။ လင်းရှီကို သာ ဘာဖြစ်သွားသေးလဲ စစ်ဆေးနေလိုက်တယ်။ ဝမ်လေ့သူ့ကို စစ်ဆေးနေတုန်း လင်းရှီဟာ ဝမ်လေ့ကိုကိုက်လိုက်တယ်။ ဒါပေမဲ့ အဲ့တာက ဖွဖွလေးဆိုတော့ မနာကျင်စေဘူး။ သူ့ကို ဆွဲဆိတ်လိုက်သလို သာခံစားလိုက်ရတယ်။ လင်းရှီဟာ ဝမ်လေ့ရင်ဘက်က သွေးတွေ ထွက်နေတုန်းဆိုတာ ကိုမြင်လိုက်ရတော့ ဝမ်လေ့အတွက်စိတ်ပူသွားတယ်။ သူဟာ ဝမ်လေ့ရဲ့ ရင်ဘက်လေးကို ပုတ်လိုက်ပြီး သူ့ကိုကြည့်လိုက်တယ်။
မင်း ဒါကို အရင်သန့်ရှင်းရေးလုပ်သင့်တယ်...။
ဝမ်လေ့ဟာ သူ့ရဲ့ လှုပ်ရှားမှုကိုတွေ့တော့ လင်းရှီဘာပြောချင်လဲ နားလည်လိုက်တယ်။ သူဟာ ကျန်းမင်ကို မမြင်ရတဲ့လေလို သဘောထားပြီး သူမဘေးကဖြတ်လျှောက်သွားတယ်။ သူ့ရဲ့ အခန်းထဲ ပြန်ရောက်သွားတဲ့အခါ လင်းရှီဟာ လူအသွင် ပြန်ပြောင်းပြီး သူ့ကို ဆူတော့တယ်။
"မင်းကိုယ်မင်း သိပ်ကို မိုက်နေတယ်လို့ ထင်နေလား။.ဒါကို မနာသလို လုပ်နေရတာ'' လင်းရှီဟာ.သူ့ကို အပြစ်တင်ပြီး သူ့ဒဏ်ရာကို ပတ်တီးစည်းပေးနေတော့တယ်။ သူ့ရဲ့ ဒဏ်ရာကို မြင်နေရတာ သူ့ရင်တွေနာကျင်ရတယ်။
ဝမ်လေ့ဟာ သူ့မျက်နှာက နာတယ်လို့ကို မဖော်ပြဘူး။ သူ့ချစ်သူလေးကို တိတ်တိတ်ကလေးနဲ့ စိတ်ပူခွင့်ပြုထားတယ်။
လင်းရှီလဲ လုပ်ပြီးသွားတော့ ဝမ်လေ့ဟာ မနေနိုင်တော့ဘဲ နမ်းလိုက်တော့တယ်။ သူဟာ လင်းရှီကို အပေါ်ကနေဖိလိုက်ရင်း သူ့အဝတ်တွေကို တစ်ထပ်ပြီးတစ်ထပ် ချွတ်ချနေတော့တယ်။
"အခုနေ့ခင်းဘဲရှိသေးတာလေ'' လင်းရှီဟာ ကန့်ကွက်ဖို့လုပ်လိုက်တယ်။
"ကိုယ့်အတွက် ဆုလေ'' ဝမ်လေ့ဟာ ပွင့်ပွင့်လင်းလငိး ပြောပစ်လိုက်တယ်။
"မင်းငါ့ကို နမ်းပြီးသွားပြီလေ'' လင်းရှီဟာ.ပြန်ပြောတယ်။
"ဒါဆို မင်းအတွက်ဆု'' ဝမ်လေ့ဟာ အေးအေးဆေးဆေး ပြောတယ်။
"ဘာအတွက်လဲ''
" ကိုယ့်ကို ကျန်းမာစေတဲ့အတွက်'' အဲ့ဒါပြီးတော့ ဝမ်လေ့ဟာ စပြီး လှုပ်ရှားတော့တယ်။
"Ah''.
"မင်းကအရမ်းလှတယ်''
ဝမ်လေ့ဟာ သူ့ကို ရှားရှားပါးပါး အပြည့်အစုံပြောတယ်။ လင်းရှီဟာ သူ့ချစ်သူကို မတားသာတော့ဘူး။
လင်းရှီဟာ ဝမ်လေ့သူ့နားရွက်နားတိုးတိုးလေး လာပြောတဲ့အခါ တုန်တက်သွားတယ်။ သူ့ချစ်သူဟာ သူ့ရဲ့ sensitive ဖြစ်တဲ့နေရာလေးကို ချက်ချင်းသိပြီး ဆက်ပြီး တိုးတိုးလေးပြောလိုက်တယ်။
"ကိုယ့်ကို မင်းရဲ့ သားရဲအသွင်ကို ပြပေးပါ"
လင်းရှီရဲ့ နားရွက်ကလေးနဲ့ အမြှီးတွေဟာ အလိုလို ထွက်ပေါ်လာပြီး သူချစ်သူကို ကိုင်ဖို့ ခွင့်ပြုလိုက်တယ်။ လင်းရှီဟာ သူ့ချစ်သူရဲ့ လက်အောက်မှာ ညည်းသံလေးတွေထွက်ကျလာတော့တယ်။
----------------
လင်းရှီဟာ ကျန်းမင်ကို ကုတ်လိုက်ပြီးတဲ့နောက်မှာ သူမဟာ အဲ့ဒဏ်ရာကို မကိုင်ဘဲမနေနိုင်ဘူး၊ ဒါက အရမ်းယားနေတယ်။
(Baby လင်းရှီက တစ်ခုခု ထည့်လိုက်တာနေမှာ)

Their Eternal Love (Arc.3 Li Yang ဘဝ)Where stories live. Discover now