Arc 3.5
တစ်ပါတ်လုံး လင်းရှီဟာ အကင်းမပျောက်သေးပေမ့ဲ သူ့လက်ကလွဲရင် ကောင်းကောင်း လမ်းလျှောက်နိုင်ပြီး ကောင်းကောင်းလှုပ်ရှားနိုင်တယ်။ သူတောထဲဝင်သွားတ့ဲအခါ အံ့သြစရာကောင်းစွာ ထွက်မပြေးတော့တဲ့ ဝမ်လေ့ကို တွေ့လိုက်ရတယ်။ ဒါပေမ့ဲသူ့အတွက် အခွင့်အရေးမပေးနိုင်ဘူး။ လင်းရှီဟာ သူ့ရဲ့ pressure point ကိုသေချာအောင်ရိုက်လိုက်တယ်။ (အကြောပိတ်တယ်လို့ ကျွန်တော် အရင်ကပြန်ထားတာ) ဒီနေ့တော့ ဝမ်လေ့ဟာ သူ့ကို အမုန်းတွေန့ဲ စိိုက်ကြည့်မနေလေဘူး။
" မင်းကိုစိုက်မကြည့်ဖို့ပြောတ့ဲ ငါ့အကြံကို လက်ခံလိုက်တာဘဲ။ တကယ်လို့မင်းသာအ့ဲလို ဆက်ကြည့်ခ့ဲမယ်ဆို မင်းမျက်နှာက တစ်သက်လုံး တင်းမာသွားမှာ ငါစိုးရိမ်တယ်'' လင်းရှီဟာ နောက်လိုက်တယ်။
သူဟာဆေးကို သူ့ပါးစပ်ထဲထည့်တ့ဲအခါမှာ ဝမ်လေ့ဟာ သူ့လက်ချောင်းလေးကို လျှက်လိုက်တယ်။ လင်းရှီဟာ ဒီရက်တွေမှာ သူ(ဝမ်လေ့)တော်တော် ထူးဆန်းနေတယ်လို့ ခံစားလိုက်ရတယ်။ နောက်နေ့မှာ သူအိပ်ယာထလာတော့ ဝမ်လေ့ဟာ သူ့ရဲ့ တံခါးဝနားမှာရှိနေခ့ဲတယ်။ ပြီးတော့ သူ့ကို ပထဆုံးစကားပြောလာခ့ဲတယ်။
"စားစရာ....'' သူပြောတယ်။
"Huh???'' လင်းရှီဟာ ဒါဟာအိပ်မက်လို့ ထင်လိုက်မိတယ်။ ဒါကြောင့်သူ့ကို အိမ်ထဲဝင်စေပြီး ပေါင်မုန့်ပေးလိုက်တယ်။ ပြီးတော့ သူအိပ်ယာထဲ ပြန်သွားလိုက်ပေမ့ဲ သူဟာ ကြမ်းကြမ်းတမ်းတမ်း အနှိုးခံလိုက်ရတယ်။
"ဆေးပင်တွေ..'' သူဟာ နောက်တစ်ကြိမ် စကားတစ်လုံးဘဲ ထပ်ပြောတယ်။
လင်းရှီဟာ ရှုပ်ထွေးနေဆဲ ဖြစ်တယ်။ ပြီးတော့သူဟာ အကျႌ လဲပြီးနောက် တောထဲကိုလိုက်သွားတ့ဲအခါ ဝမ်လေ့ဟာ သူ့အသွင်ကို ကောင်းကောင်းပြောင်းလဲနိုင်ပြီ ဖြစ်ကြောင်း အတည်ပြုနိုင်သွားတယ်။ သူအသွင်က(ဝမ်လေ့) သေးသေးလေးန့ဲ ချစ်စရာအလွန်ကောင်းတဲ့ အနက်ရောင် သစ်နက်ပေါက်စလေး ဖြစ်တယ်။ လင်းရှီဟာ တယုတယ ပွတ်သပ်ဖို့တော်တော်ကို ထိန်းချုပ်ထားရတယ်။ ဘာလို့လဲဆိုတော့ သူ့အမွှေးလေးတွေက နူးည့ံပြီး တောက်ပြောင်နေတယ်လေ။"Oh! အရမ်းချစ်ဖို့ကောင်းတယ်" လင်းရှီဟာ အော်လိုက်ပြီး ချက်ချင်း ကောက်ပြီး ဖက်ပစ်လိုက်တယ်။
"Such a good dream"
"သိပ်ကောင်းတ့ဲ အိပ်မက်လိုဘဲ"
ဝမ်လေ့ဟာ သူ့လက်ချောင်းလေးတွေကို လျက်လိုက်ပြီးတ့ဲနောက်မှာ စိတ်လှုပ်ရှားမှုအပြည့်န့ဲ မြေပေါ်မှာ လှိမ့်ဆော့နေတယ်။
YOU ARE READING
Their Eternal Love (Arc.3 Li Yang ဘဝ)
Romansaလင်းရှီဟာ ၂၁ရာစုက ဒီဇိုင်းနာတစ်ယောက်.... Accident ကြောင့် မသေဆုံးခင်မှာ sexy ကျကျ ချောမောတ့ဲ ယောက်ျားကိုစွဲလမ်းသွားခ့ဲတယ်။ သူ့ရဲ့ဝိဉာဉ်ဟာ System 1314 န့ဲတွေ့ပြီး ချောမောတ့ဲ ယောက်ျားတွေကိုတွေ့ဆုံဖို့ အကြောင်းဖန်လာတ့ဲအခါ...... This story is inspired b...