အထာကျတဲ့ အချစ်
WiYo love
Part 5'''တကယ်လား yoyo မင်းဘာတွေ ပြသာနာ ရှာလာခဲ့တာလဲကွာ ငါအတန်တန်မှားထားရက်နဲ့ ''
မနတ်က အမြွှာနှစ်ယောက်လာချိန်းသွားပုံ ကို Shine ကို ပြောပြမိတော့ သုကလဲ စိုးရိမ်တကြီးနှင့်ပင်
'' ငါ သူတို့ နဲ့ ဘာပြသာနာမှ မရှာထားပါဘူး ကွာ
ဒါပေမယ့် တစ်ခုတော့ရှိတယိ ''
'' ဘာများလဲ ''YoYo က ညက club က အကြောင်းကို ပြန်ပြောပြမိတော့
'' ဟား YoYo ရာ ပျားအုံကိုမှ တုတ်နဲ့သွားထိုးတာကိုး
မင်းသွားထိုးတဲ့ ပျားကလဲ ရိုးရိုးပျား မဟုတ်ဘူး
လုပ်ချင်တာကို အသက်စွန့် ပြီး လုပ်မယ့်
Kamikaze ပျားကို မှ သွားထိုးတာ '''' ငါသွားရမလား ''
'' မသွားနဲ့ ကျောင်းစာကြည့်တိုက်မှာ မင်းအလုပ်ရပြီ ''
'' တကယ် ''
'' ဟုတ်တယ် ငါပြောပေးထားတာ ''
'' ကျေးဇူးပါကွာ တကယ်ကျေးဇူးတင်ပါတယိ ကွာ ''
'' မလိုပါဘူး ကွာ မင်းနဲ့ ငါသူငယ်ချင်းတွေပဲ '''' ဆရာလာပြီ ဆရာလာပြီ ''
အတန်းခေါင်းဆောင်ရဲ့ အသံကြောင့် ကိုယ့်နေရာ ကိုယ် ထိုင်မိကြသည်xxxxxxxx
wiwi နာရီကို ငုံ့ ကြည့်လိုက်တော့ နေ့လည် ထမင်းစားချိန်ပင် ကျော်နေသည်
'' ဘာလို့ မလာသေးလဲ မင်းတို့ နှစ်ယောက် သေချာမပြောခဲ့ဘူးလား ''
မလာသေးသည့် YoYo ကြောင့် pikaနဲ့ potay လဲ
အဖြေခက်နေပြီ'' ဟာ WIwi ရာ ငါတို့  သေချာပြောခဲ့တာပဲ''
'' ဒါဆို ဘာလို့ မလာသေးတာလဲ ''
'' ငါလဲ မသိဘူးကွ '''' ဘာလဲ ဒီကောင်က အချေလား အဟက်ဟက် ငါ့ကိုမှ
အလေးမထားဘူးဆိုတော့က ငါ့အကြောင်းပြရသေးတာပေါ့''wiwi စိတ်ထဲ ဘာဖြစ်မှန်းမသိ ထိုကောင်းလေးကို
စတွေ့ကထဲက ရငိးနှီးနေသလိုပဲ
သူ့ ကိုမြင်တော့ မိန်းကလေးတွေနဲ့ တောင်မခုန်သည့် ရင်ဘက်ကတစ်ဒိတ်ဒိတ်
ခုလဲ သူ့ မျက်နှာလေးကို မြင်ချင်မိပါသည်
သို့ သော် မာနက တားသဖြင့် ခေါ်တွေ့တာကို သူ က ချေလေပြီ
ဟင်းဟင်း Baby ရယ် ဒါမျိုး ရရိုးလားလို့ ။
YOU ARE READING
အထာကျတဲ့ အချစ်
Teen Fictionအချစ်က ထူးဆန်းတယ် ဒါပေါ့ အချစ်က တကယ် ထူးဆန်းတာပေါ့ လွယ်လွယ် ချစ်ပြီး လွယ်လွယ်မေ့ပျောက်တက်သလို လွယ်လွယ်ချစ်ပြီး တစ်သက်လုံးမေ့ပျောက်လို့ မရတဲ့ အချစ်လဲရှိပါတယ် အချစ်ကြောင့်ရှင်သန်နိုင်သလို အချစ်ကြောင့် လဲသေဆုံးစေနိုင်ပါတယ် တကယ် တော့ အချစ်ဆိုတာ ဖမ...