23

12 1 0
                                    

အထာကျတဲ့ အချစ်
Part 23
WiYo love 23

    Jungmin တစ်ယောက် တိုက်ခန်း အသစ်ကိုရောက်သည်နှင့် လိုက်ကြည့်နေမိသည်
အိပ်ခန်းသုံးခန်းပါပြီး အိပ်ခန်းတိုင်း၌ အိမ်သာရေချိုး ခန်း တွဲရက်ပါသည် မီးဖိုချောငိတစ်ခန်း ဧည့်ခန်းတစ်ခုပါပြီး  YoYo နေသည့် အိမ်ခန်း၌ ဝရံတာတစ်ခု ပါသေးသည်
မိသားစု ဝင် နည်းသည့် အတွက် ဒီလို ငါးလွှာ၌ရှိသည့် ကွန်ဒို တိုက်ခန်းမျိုးသည်
သက်သောင့် သက်သာ ရှိသည်ဟု ဆိုရပေမည် ။

    
'' omma  အခု တိုက်ခန်းလေးက အရင်တိုက်ခန်းထက် စာရင်အများကြီး ပိုကောင်းတယ်နော် ကျယ်လဲ ကျယ်တယ် ''

  ပစ္စည်းတွေ နေရာ ချနေရင်း မှ YoYoတစ်ယောက်  Jungmin ရဲ့ စကားတွေကိုလျစ်လျူ ရှုလိုက်ပြီး
omma အနားသွားထိုင်ကာ

  '' omma  အခု ဘယ်လိုလုပ်ကြမလဲ ''

  '' omma လဲ မပြောတက်တော့ပါဘူးကွယ်
  Wiwi ကို ဆက်သွယ်လို့ မရဘူးလား သား ''

  '' မရဘူး omma ကျွန်တော်မနတ်ဖြန် မနတ်
ကျောင်းသွားတော့မှ စုံးစမ်းကြည့်ပါ့မယ် ''

   omma က yoyo လက်သွယ်သွယ် လေးတွေဆုပ်ကိုင်ရင်း

''    သား သူငယ်ချင်း  ရှိလို့  သာပေါ့ မဟုတ်ရင် ommaတို့  နေစရာ နေရာ ရှိမှာမဟုတ်ဘူး ''

   omma လဲပြောလာတော့ yoyo လဲ omma ရင်ခွင်ထဲသို့  တိုးဝင်ကာ

   ' ဒီလို တိုက်ခန်းကောင်းကောင်းရဖို့ ကို wiwi က ဒီလို လွယ်လွယ်နဲ့ပေးမတဲ့လား ommaရယ်
ကျွန်တော့်ရဲ့ အချစ်တွေကို ခုတုံးလုပ်ပြီး ကျွန်တော့်ဘဝကို ရယူခဲ့လို့   လိုအပ်တာတွေဖြည့်ဆည်းပေးခဲ့တာပေါ့
အခုလဲ သူ့ ကို အဆက်အသွယ်လုပ်လို့ မရသေးဘူးလေ 
သူလိုအပ်တဲ့ အချိန်ကျ ကျွန်တော့်ဆီလာမယ် မလို အပ်တဲ့ အချိန်ကျ ကန်ထုတ်လိုက်မယ် သူက ဒီလိုတွေးပေမယ့်
      ကျွန်တော်က တကယ်ချစ်ခဲ့တာလေ
      ကျွန်တော့်ဘဝကြီးကိုရင်းပြီး ချစ်ခဲ့ပေမယ့် သူက ကျွန်တော့်ကို အပျင်းပြေ ကစားတဲ့ အရုပ်တစ်ရုပ်လို သက်မှတ်ခဲ့တာပါ omma ရယ်

    စိတ်ထဲတွေးနေပေမယ့်လဲ omma ကိုစိတ်မဆငိးရဲစေသဖြင့် ဖွင့်ဟမပြောမိဘဲ
omma ကိုသာ ပို၍ ပို၍ တင်းကြပ်နေအောင်ဖတ်ထားမိသည်

အထာကျတဲ့ အချစ် Where stories live. Discover now