Part 15 (Unicode)

10.6K 1.1K 66
                                        

'တောက်...'

စေတန်နတ်၏ ကျယ်လောင်သော တောက်ခေါက်သံသည် တောင်တန်းပေါ်မှ ပဲ့တင်သံများနှင့်အတူ ကျယ်လောင်စွာ ထွက်ပေါ်လာနေသည်။ မီးခဲများလိုရဲရဲနီနေသော မျက်လုံးများက ဝေးကွာလွန်းလှသည့် မြေအောက်ရွာကို စူးစိုက်ကြည့်နေကာ မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေသည်။ မာန်ဖီသံတစ်ခုနှင့်အတူ တောင်တန်းတစ်လျှောက် ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ ဒေါသတကြီး ကြိမ်းမောင်းသည်။

"အသုံးမကျတဲ့ကောင်... ငါ့သားလို့ပြောရမှာတောင် ရှက်စရာကောင်းတယ်..."

ဖရက်ဒီ၏ နှလုံးသားသည် ဒီလောက် ပျော့ညံ့နေမည်ဟု စေတန်မထင်ခဲ့။ သူ့အစီအစဉ်အရဆိုလျှင် အခုအချိန်မှာ ဖရက်ဒီသည် ဒန်နရယ်နှင့်တစ်ရွာလုံးကို သတ်ဖြတ်စားသောက်ပြီး ဖခင်ရှိရာသို့ ခေါင်းငုံ့ဒူးထောက်ကာပြန်လာရမည်ဖြစ်သည်။ အခုတော့ သူ့အစီအစဉ်များသည် ဖရက်ဒီ၏ ပျော့ညံ့မှုကြောင့် မြောင်းထဲပစ်ချလိုက်ရမလိုဖြစ်နေပြီဖြစ်သည်။

"သခင်ကြီး.. အဲဒီလောက်စိတ်မဆိုးပါနဲ့.. သခင်လေးက..."

"မင်းမတွေ့ဘူးလား.. အခုအချိန်အထိ လူတစ်ယောက်အသက်ကို ဒီကောင် မသတ်သေးတာ.. ဟိုကလေးကိုဖြစ်ဖြစ်.. သူ့ဘေးနားကကောင်ကိုဖြစ်ဖြစ် လည်ပင်းသွေးဖောက်သောက်ရုံနဲ့ ဒီကောင့်အင်အားတွေပြန်ရပြီး တစ်ရွာလုံးကို သတ်လို့ရမယ်.. အခုအချိန်အထိ ခေါင်းငုံ့ခံနေတာ မင်းမတွေ့ဘူးလား.. တောက်..."

သူ့ဘေးနားမှ ဂေါဒနတ်ဆိုးကို ဒေါသဖြင့်ဟောက်ပစ်လိုက်သည်။ ရှည်လျားသော လက်သည်းချွန်များရှိရာလက်များကို တင်းတင်းဆုပ်ထားသည့် စေတန်၏လက်သီးများသည် မီးထတောက်တော့မည့်အလား နီရဲနေသည်။

"သခင်လေးနဲ့ပတ်သက်ရင် ကျွန်တော်တို့ မမေ့ထားသင့်တဲ့ အချက်တစ်ခုရှိတယ် မဟုတ်လား သခင်.. သခင်လေးဟာ သခင့်သားဖြစ်ပေမယ့် သူ့မိခင်က..."

စေတန်၏ မြှားချက်များလို ပြင်းထန်စူးရှသော အကြည့်များသည် ဂေါဒနတ်ဆိုးပေါ်ကျရောက်လာသည်။ နတ်ဆိုးမှာ စကားမဆက်ရဲတော့ဘဲ ခါးကိုင်းနောက်ဆုတ်သွားသည်။

Black Angel ( S - 1 )Tempat di mana cerita hidup. Terokai sekarang