📎📎📎
ဝမ်ရီပေါ်စိတ်ကိုတင်းထားသော်လည်းမရတော့!
နေမကောင်းသည့်ကြားမှယုန်ဖြူ့အားတွေ့ချင်သောကြောင့်အိမ်နှင့်ပင်အတိုက်အခံလုပ်ကာကျောင်းလာခဲ့ခြင်း!
နေမကောင်း၍အိပ်ယာထနောက်ကျသွားသောကြောင့်ထမင်းစားချိန်မှကျောင်းသို့ရောက်လာခြင်းပင်။
တစ်မနက်လုံးအစာမရှိသည့်အပြင်ဖျားနေသောကြောင့်မျက်လုံးများပင်ပြာလာရသည်။
တစ်ချက်တစ်ချက်ဆိုခေါင်းကမိုက်ခနဲဖြစ်ဖြစ်သွားသေးသည်။
ေ့ရှမှဆရာမသင်နေသောစာများမှာလည်းကြားတစ်ချက်၊မကြားတစ်ချက်ဖြင့်!ယုန်ဖြူ ကိုကြည့်လိုက်တော့စိတ်ဝင်တစား စာလိုက်မှတ်နေသည်။
ရှောင်းကျန့်သည်တစ်ခြားနေရာများတွင်နဲနဲအူကြောင်ကြောင်နိုင်သော်ငြား စာနှင့်ပတ်သတ်လျှင်တည်ကြည်နေတတ်သူပင်။ထို့ကြောင့်ဆရာ၊ဆရာမများကရှောင်းကျန့်အားကျန်သည့်ကိစ္စများတွင်ဘေးမဲ့ပေးထားခြင်းပင်။~ ဝမ်ရီပေါ် နေမကောင်းဘူးလားဟင် ~
ဆရာမထွက်သွားမှရှောင်းကျန့်ဝမ်ရီပေါ့်အားသေချာသတိထားကြည့်မိခြင်း။မျက်နှာမှာပန်းရောင်သန်းနေပီးနှုတ်ခမ်းများဖြူ ဖျော့နေသည့်ဝမ်ရီပေါ့်ပုံစံမှာလူမမာတစ်ယောက်အလား။
ဝမ်ရီပေါ်နေမကောင်းသည့်ကြားမှပြုံ းမိသွားသည်။
ရှောင်းကျန့်မေးသည့်စကားသံတွင်စိတ်ပူမှုများပါနေသောကြောင့်ပင်။~ ဝမ်ရီပေါ် မေးနေတယ်လေ ~
အချိန်အတော်ကြာသည်အထိစကားပြန်မလာသော
ဝမ်ရီပေါ်ကြောင့် ရှောင်းကျန့်စိတ်မရှည်တော့!
*ကျစ် စိတ်ပူလို့မေးနေတာကို *
ရှောင်းကျန့်ဝမ်ရီပေါ့်နှဖူးပေါ်ညာလက်တင်၍သူ့နှဖူးပေါ်ဘယ်လက်တင်ကာအဖျားတိုင်းလိုက်သည်။
တင်တင်ချင်းပဲရှောင်းကျန့်လက်များပြန်ခွာလိုက်ရသည်။
*ဝမ်ရီပေါ့်နှဖူးတွေအရမ်းပူနေတယ် *~ ဝမ်ရီပေါ် မင်းကိုယ်တွေအရမ်းပူနေပီ ကျောင်းဆေးခန်းသွားမယ် ထ ~
ရှောင်းကျန့်မှာမတ်တပ်ရပ်နေပီဖြစ်သော်ငြား ဝမ်ရီပေါ်ကမူ အင်းမလုပ်^အဲမလုပ်နှင့် တုပ်တုပ်မှကိုမလှုပ်ချေ။
ကြာတော့ရှောင်းကျန့်စိတ်မရှည်ချင်တော့!~ ဝမ်ရီပေါ် ငါမင်းကိုထမ်းသွားရမှာလား ထလို့ပြောနေတာကို ~
ဝမ်ရီပေါ်ရှောင်းကျန့်စကားကြောင့်အရမ်းရီချင်နေသော်လည်းမနည်းထိန်းထားရသည်။ဟုတ်သည်လေ!
ကိုယ့်လက်တစ်ဖက်တောင်မရုန်းနိုင်တဲ့ဒီယုန်ဖြူ ပေါက်စကကိုယ့်ခန္ဓာကိုယ်ကိုထမ်းမယ်ဆိုတော့^အင်း^ရွေ့တောင်ရွေ့ပါ့မလားပဲ!~ ရတယ်လေ မင်းမထရင်ငါ့နားလာမထိုင်နဲ့တော့ သွား နေရာပြောင်း ငါအဖျားကူးလိမ့်မယ် ~
ရှောင်းကျန့်ပါးစပ်ကသာပြောနေရပေမဲ့စိတ်ထဲတွင်တော့စိုးရိမ်နေလေသည်။ကိုယ်ကဆေးခန်းသွားစေချင်လို့ခြိမ်းခြောက်နေပေမယ့်ဟိုကပြောရတာမဟုတ်ဘူး^
တကယ်နေရာပြောင်းသွားရင်ဒုက္ခ!
ဝမ်ရီပေါ်ရှောင်းကျန့်ကသူ့အားစိတ်ပူနေ၍ထိုစကားပြောသည်ကိုသိသည်။ဆေးခန်းသွားရသည်ကိုအလွန်မုန်းသော်ငြား ယုန်ဖြူ အားသူ့ကြောင့်ပူပန်မနေစေချင်တော့!
ဆေးခန်းသွားရန်ဆုံးဖြတ်၍ထရပ်လိုက်တော့သည်။
* မင်းမသိဘူး ယုန်ဖြူ ^ ငါအရမ်းမုန်းတဲ့ဆေးခန်းကို မင်းစိတ်ပူမှာဆိုးလို့ငါသွားမယ်ဆိုတာကို *~ ဝမ်ရီပေါ် မင်းတကယ်နေရာပြောင်းမလို့လား ~
မျက်နှာငယ်လေးနှင့်အကျီအားလာဆွဲ၍ပြောနေသည်။
~ ဆေးခန်း ~
~ ဟမ်... ~
~ ကျောင်းဆေးခန်းသွားမယ် ငါနေရာမသိဘူး လိုက်ပို့ ~
ထိုအခါမှမျက်နှာမှာချက်ခြင်းပြောင်းသွားတော့သည်။
မျက်နှာငယ်လေးဖြစ်နေရာမှချက်ချင်းမျက်နှာမှာဝင်းပလာသည်။
*မင်းငါ့ကိုစိတ်ပူပေးလို့ ငါအတိုင်းမသိပျော်တယ်ယုန်ဖြူ *~ ဒီလိုလိမ္မာမှပေါ့ ~
ရှောင်းကျန့်ဝမ်ရီပေါ့်လက်အားဆွဲကာအတန်းထဲမှထွက်လာခဲ့လိုက်တော့သည်။ကံကောင်းသည်မှာကိုယ်ပိုင်စာကြည့်ချိန်ဖြစ်နေသောကြောင့်ဆရာ မဝင်သေးခြင်း။
မဟုတ်လျှင်ရှောင်းကျန့်သူ့လက်အားကိုင်၍သွားရမည်မဟုတ်!
ဝမ်ရီပေါ့်လက်အားဆွဲကာအေ့ရှမှထွက်သွားသောရှောင်းကျန့်ကမူတစ်တန်းလုံး၏ထူးဆန်းသလိုအကြည့်များနှင့်တီးတိုးပြောဆိုနေမှုများကိုမသိလိုက်ချေ။
ဝမ်ရီပေါ်လား? အင်း^သူကဂရုမှမစိုက်တာ!....
တစ်တန်းလုံးမကဘူး^တစ်လောကလုံးဘာပြောပြော^
အိုင်...ဒုန့်...ဖက်လဲတကင်း....ပဲ!....Note💙
ဘယ်လိုနေလဲဝေဖန်ခဲ့ကြပါဦ 😩
အပြင်လောက ကဒီပျက်ရှင်တေဝင်နေလို့^😭
မုန်တိုင်းတောင်တိုက်ချင်လာပီ😪Love you all😘😘😘
<1-9-18>
YOU ARE READING
Chay《completed》
FanfictionCrushဆီကattentionလိုချင်လား??? တစ်ခြားလူတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေပီး သူ့ကိုပိုးစိုးပက်စက်ချေပြလိုက်! အနည်းဆုံးတော့Crushရဲ့အတွေးထဲကိုယ်ရောက်သွားလိမ့်မယ်! ငါ့လိုရုပ်ချောကြီးတွေဆိုရင်တော့ပြန်ကြိုက်ခံရမှာပေါ့>.< Unicodeဖြင့်ရေးသားထားခြင်း။Zawgyiနှင့်...