~ ငါတို့တွဲကြရအောင် ~
ဟုတ်တယ်!!ဒီထက်ပိုပီးအချိန်ဆွဲမထားချင်တော့ဘူး!!သူ့ယုန်ဖြူ လေးတစ်ခြားသူနောက်ပါသွားလိမ့်မယ်။သူတစ်စက္ကန့်တောင်အချိန်ထပ်မဆွဲချင်တော့ဘူး!!
~ ဝမ်ရီပေါ်!!မင်း ~
တအံ့တသြော်ဖြစ်ကာစကားသံတို့မှာထပ်၍ထွက်မလာတော့ဘဲသူ့အားမယုံနိုင်ခြင်းများစွာနဲ့ကြည့်နေတဲ့ယုန်ဖြူလေး!!
သူတစ်ခါလေးတောင်မရိပ်မိခဲ့ဘူးပဲ!!မင်းကအရမ်းတုံးလွန်းတယ်။~ အင်း ဟုတ်တယ်!ငါမင်းကိုချစ်တယ်... သဘောကျတယ်!! အဲ့ဒါကျောင်းတက်နေကတည်းကပဲ အခုထိလည်းသဘောကျတုန်းပဲ အဲ့တာကြောင့် ငါတို့တွဲကြရအောင်!! ~
ဝမ်ရီပေါ်စကားဆုံးသည်အထိငြိမ်၍နားထောင်နေသောရှောင်းကျန့်မှာကျောက်ရုပ်ဖြစ်သွားပီလားပင်မပြောတတ်!!အံ့သြနေသည်ဟုသိသာစေသောပြူးကျယ်နေသောမျက်ဝန်းတ့ိုမှာပကတိပြူးကျယ်နေဆဲ!!စကားတစ်ခွန်းမှပြန်မပြောသေးဘဲသူ့ကိုသာငေး၍ကြည့်နေလေသည်။
~ ရှောင်းကျန့်!ရှောင်းကျန့်!! ~
ဝမ်ရီပေါ်ကရှောင်းကျန့်ပုခုံးအားလက်ဖြင့်ကိုင်၍လှုပ်လိုက်သည်။
~ ဟမ်??အင်း ~
~ အင်း!! ငါ့ကိုလက်ခံလိုက်တာလား?? ~
ဝမ်းပန်းတစ်သာဖြင့်ပြောလိုက်သောဝမ်ရီပေါ့်စကားတို့သည်ရှောင်းကျန့်ထပ်ပြောလိုက်သောစကားနောက်တွင်အစိတ်စိတ်အမွှာမွှာဖြစ်သွားတော့သည်။
~ မဟုတ်... !ငါ....သွားတော့မယ်! ~
စကားအားအထစ်ထစ်အ အအဖြင့်ပြောကာအခန်းထဲမှပြေးထွက်သွားသောရှောင်းကျန့်နောက်သို့ဝမ်ရီပေါ်လိုက်မသွားတော့ဘဲငြိမ်ငြိမ်သာဆက်၍ထိုင်နေလိုက်တော့သည်။
သူ့ယုန်ဖြူလေးသည်လည်းသူ့အားလက်ခံမည်ကို
သူသိသောကြောင့်ပင်။
သူ့ယုန်ဖြူလေးရှက်သွားကြောင်းကိုရဲလာသောနားရွက်ဖျားများနှင့်ပန်းရောင်ပြောင်းသွားသောပါးနှစ်ဖက်ကသက်သေခံသွားသည်လေ။
* မသိရင်မှတ်ထားကြ!!ကိုယ်ချစ်တဲ့လူဆီကရည်းစားစကားပြောခံရမှရှက်ကြတာ!!
သေချာတယ်!!ယုန်ဖြူလည်းငါ့ကိုချစ်တယ်။ *
.
.
.
ရှောင်းကျန့်တစ်ယောက်မိမိရုံးခန်းထဲသို့အမြန်ပြေးဝင်လာပီးရေတစ်ခွက်ကိုအရင်ယူသောက်လိုက်သည်။ထို့နောက်တစ်ဆက်တည်းမှာပင်ရင်ဘက်ကိုလည်းလက်ဖြင့်ဖိထားမိသည်။
*သူအခုအချိန်ရင်တွေအရမ်းပူပီးပေါက်ထွက်မတတ်ခုန်နေတာကြောင့်ပင်။ဒီခံစားချက်ကြီးကအရမ်းနေရခက်တယ်။အင်း...မင်းတို့လို အက်ဖ်အေ လေးတွေကတော့သိမှာမဟုတ်ပါဘူးလေ *
မှန်အကြည်တစ်ချက်သာခြားတဲ့ရုံးခန်းငယ်နှစ်ခု!!
ရှောင်းကျန့်ဘက်ကမှန်အမဲနဲ့မို့တစ်ဖက်ခန်းအားလုံးဝမမြင်ရချေ။
ထို့ကြောင့်သူ့ရင်ဘတ်သူလက်ဖြင့်ဖိကာတစ်ယောက်ထဲရေရွတ်နေသောရှောင်းကျန့်သည်တစ်ဖက်ခန်းမှသူ့အားပြုံးရင်းကြည့်နေသည့်ဝမ်ရီပေါ့်ကိုတော့မမြင်ချေ။
.
.
.
ညနေခင်းရုံးဆင်းချိန်ရောက်သော်ရှောင်းကျန့့်အခက်တွေ့ရပြန်သည်။သူ့အားအပ်ထားသောဒီဇိုင်းများမှာတစ်ဝက်ပင်မကျိုးသေးသောကြောင့်ပင်။မနက်ကလည်းဝမ်ရီပေါ့်အားစိတ်တိုနေသောကြောင့်ဒီဇိုင်းကောင်းကောင်းဆွဲမရခဲ့!!နေ့လယ်မှယခုအချိန်အထိမှာလည်းရင်အခုန်လွန်နေ၍ပင်ဘာဒီဇိုင်းမှစဉ်းစား၍မရချေ။ထို့ပြင်ဝမ်ရီပေါ်ပြောလိုက်သောစကားများမှာလည်းနားထဲတွင်တဝဲလည်လည်ဖြစ်နေသောကြောင့်ဘာမှပင်မစဉ်းစားနိုင်ဘဲဖြစ်နေလေတော့သည်။
* ကျောင်းကတည်းက * ငါဘာလို့လုံးဝမရိပ်မိခဲ့တာပါလိမ့်?? ဒါမှမဟုတ် ဝမ်ရီပေါ်ငါ့ကိုလိမ်နေတာလား?? ဒါဆို သူကဘာလို့တွဲဖို့ပြောရတာလဲ??
ငါကကော... သူ့ကိုကြိုက်နေပီလား??
သူ့ကိုအဖြေပြန်ပေးရမှာလား?? ဘယ်လိုပြန်ပြောရမှာလဲ?? စသည်ဖြင့်ရိုးရှင်းသောအဖြေရှိသည့့်ပုစ္စာများအားရှောင်းကျန့်တစ်ယောက်ထဲတိုင်ပတ်၍မဖြေရှင်းနိုင်ပဲဖြစ်နေလေသည်။~ Arshi !! စိတ်ရှုပ်လိုက်တာ!! ~
ရှောင်းကျန့်တစ်ယောက်စိတ်ရှုပ်စွာဖြင့်ခေါင်းမှဆံပင်များအားဆွဲဖွမိတော့သည်။
ဒီဇိုင်းများအားစဉ်းစားမရသည်ကတစ်ကြောင်း၊ဝမ်ရီပေါ့်စကားများအားကြားယောင်နေသည်ကတစ်ကြောင်း၊ရုံးဆင်းချိန်ရောက်ပီဖြစ်၍ဗိုက်ဆာနေသည်ကတစ်ကြောင်း အကြောင်းကြောင်းကြောင့်ပင်ဖြစ်သည်။ဒေါက်💢ဒေါက်
~ အင်း ဝင်ခဲ့ပါ ~
~ ဟိုင်း ဘေဘီ!! ~
ကြားလိုက်ရသောပြောင်စပ်စပ်အသံကြောင့်ရှောင်းကျန့်အပေါက်ဝအားခေါင်းထောင်ကြည့်လိုက်မိသည်။
~ မင်း!! ~
Note💙
ဘယ်သူလို့ထင်ကြလဲ😁တန်းလန်းထားရတာဝါသနာအရပါ😆
တစ်ကယ်တော့မအားလို့ပါရှန်!!
နောက်တစ်ပိုင်းမျှော်ပေးပါဦးလို့😅Love you all😘😘😘
YOU ARE READING
Chay《completed》
FanfictionCrushဆီကattentionလိုချင်လား??? တစ်ခြားလူတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေပီး သူ့ကိုပိုးစိုးပက်စက်ချေပြလိုက်! အနည်းဆုံးတော့Crushရဲ့အတွေးထဲကိုယ်ရောက်သွားလိမ့်မယ်! ငါ့လိုရုပ်ချောကြီးတွေဆိုရင်တော့ပြန်ကြိုက်ခံရမှာပေါ့>.< Unicodeဖြင့်ရေးသားထားခြင်း။Zawgyiနှင့်...