📎📎📎
ဘာလိုလိုနဲ့ရှောင်းကျန့်တို့အထက်တန်းနောက်ဆုံးနှစ်ကိုရောက်လာပီ။သူတို့သူငယ်ချင်းအဖွဲ့ကတော့ခင်ခင်မင်မင်နဲ့ပျော်စရာကောင်းတုန်းပဲ!ဝမ်ရီပေါ်နဲ့ရှောင်းကျန့်ကဆက်ဆံရေးတော်တော်အဆင်ပြေလာတယ်။သူတို့နှစ်ယောက်ကအမြဲတမ်းတစ်ပူးတွဲတွဲပဲ!
ဝမ်ဟောက်ရွှမ်းကသူ့ကောကိုဖွင့်ပြောပီးပီ!ကောကစဉ်းစားပေးမယ် တဲ့လေ။
အဲဒါလည်းသူအတင်းအကျပ်သွားပြောလို့!
ကောသူ့ကိုငြင်းရင်ကျောင်းဆက်မတက်တော့ဘူးတဲ့လေ။
တကယ့်တဇွတ်ထိုးသမား!!!📎📎📎
~ ရီပေါ် ~
ရှောင်းကျန့်ကျောင်းအဝင်ဝကနေကားထဲကဆင်းလာတဲ့ဝမ်ရီပေါ်ကိုလက်လှမ်းပြလိုက်တယ်။ပီးတော့မှသူ့အနားကိုပြေးသွားလိုက်တယ်။ဝမ်ရီပေါ်ကစကားပြန်မပြောပေမယ့်ပြုံးပြတယ်။
သူနဲ့ဝမ်ရီပေါ်ကတစ်ယောက်တစ်လှည့်စောင့်နေကြပဲ!အမြဲတမ်းနှစ်ယောက်အတူတူကျောင်းထဲကိုဝင်တယ်။သူတို့နှစ်ယောက်အတွက်တော့အဲ့တာကအကျင့်တစ်ခု၊တာဝန်တစ်ခုလိုဖြစ်နေပီ။📎📎📎
~ ကဲ ဆရာမကြေညာစရာရှိတယ် ~
ဆရာမရဲ့စကားသံအဆုံးရှောင်းကျန့်တို့အခန်းလေးတိတ်ဆိတ်သွားတယ်။
~ မင်းတို့တွေကြားဖူးမှာပါ ဆရာမတို့ကျောင်းကအလည်ခရီးအကြောင်းကို ~
အလည်ခရီးဆိုတဲ့စကားကြောင့်ကျောင်းသား၊ကျောင်းသူတော်တော်များများလှုပ်လှုပ်ရွရွဖြစ်လာကြတယ်။
~ အထက်တန်း နောက်ဆုံးနှစ်ဆိုတော့ နောက်ဆုံးအနေနဲ့စီစဉ်ပေးတဲ့ခရီးပေါ့ နောက်နှစ်ဆိုမင်းတို့ကUniတက်ရတော့မှာလေ! သူငယ်ချင်းတွေနဲ့လည်းအမှတ်တရပေါ့
ကဲ ရှင်းပြပီးပီဆိုတော့လိုက်မယ့်သူတွေစာရင်းပေးမယ် သုံးရက်အတွင်းနော် နားလည်ကြလား.??. ~~ နားလည်ပါတယ်!!! ~
📎📎📎
~ နင်တို့တွေခရီးလိုက်ကြမှာလား? ~
ကျောင်းကန်တင်းတွင်ထိုင်နေတုန်းမုန်ကျီယိကစကားစလာသည်။
~ လိုက်မှာလေ ~ | ~ အင်း ~
အားလုံး၏ပြိုင်တူထောက်ခံသံတွင်ဝမ်ရီပေါ်၏အသံမပါ။
~ ရီပေါ် လိုက်မှာမလား ~
ရှောင်းကျန့်၏အမေးကိုဝမ်ရီပေါ်ကခေါင်းရမ်းရင်းပြန်ဖြေလာသည်။
~ ငါလူတွေအများကြီးနဲ့ခရီးသွားရတာမကြိုက်ဘူး ~
ထိုအခါရှောင်းကျန့်မျက်နှာသိသိသာသာမှိုင်ကျသွားလေသည်။သို့သော်လက်မလျှော့ဟန်ဖြင့်ထပ်၍ပြောလာသည်။
~ ငါနဲ့အတူမသွားချင်ဘူးလား.??. မင်းမပါတော့ငါတစ်ယောက်တည်း^ ငါကခရီးသွားရတာအရမ်းကြိုက်တာကို ~
~ ငါတို့တွေကလူတွေပါနော် ~
မုန်ကျီယိ၏ရွဲ့တဲ့တဲ့အပြောကိုရှောင်းကျန့်ကရိုးသားစွာပြန်ဖြေသည်။
~ တိရစ္ဆာန်လို့ပြောမိလို့လား..?? ~
~ရှောင်းကျန့် နင်ဟာလေ... ~
စကားကိုတစ်ဝက်နှင့်ရပ်ကာခေါင်းခါပြနေသောမုန်ကျီယိအားရှောင်းကျန့်စကားဆက်မပြောတော့ဘဲပလစ်လိုက်သည်။
* အခုအချိန်မှာ ဝမ်ရီပေါ်ခရီးလိုက်ဖို့ကအရေးအကြီးဆုံးပဲ!ကျန်တာငါဂရုမစိုက်နိုင်သေးဘူး! *~ ရီပေါ် လိုက်ခဲ့ပါနော်... နော်လို့.. ငါဒကာခံမယ်လေ ဒါမှမဟုတ် မင်းလိုချင်တာဝယ်ပေးမယ်လေ လိုက်ခဲ့ပါကွာ.. နော်... #!# ~
စကားကိုသံရှည်ဆွဲကာချွဲပြောနေသည့်ရှောင်းကျန့်အားဝမ်ဟောက်ရွှမ်းမျက်စောင်းထိုးလိုက်မိသည်။အရွယ်နဲ့မှမလိုက်^စာကျက်တာများပီးနှစ်ကန့်လောက်လွှတ်သွားတာလားမသိ!
မုန်ကျီယိနှင့်ရွှမ်လုကတော့ခေါင်းတရမ်းရမ်းဖြင့်* ဆေးမမှီတော့ဘူး *ဆိုသည့်သဘော^ကျင်းဇီရွှမ်ကတော့ထမင်းသာငုံ့စားနေတော့သည်။*ကိုယ်စားမှကိုယ်ဝ*ဆိုတဲ့ဆောင်ပုဒ်ကိုလက်ကိုင်ထားပီးတော့ပေါ့။~ အင်း ~
ကြာတော့ဝမ်ရီပေါ်လည်းနားညည်းလာလို့ထင်^လိုက်ခဲ့မယ် လို့သာပြောလာတော့သည်။ထိုအခါမှရှောင်းကျန့်မှာထီပေါက်သွားသောမျက်နှာနှင့်ထမင်းစစားတော့သည်။
* ဟူး... အခုမှပဲထမင်းမျိုကျတော့တယ်^ *Note💙
တိုပီးပေါ့သွားရင်တောင်းပန်ပါတယ်😓🙏
Moodပျောက်နေတာ^မနဲလိုက်ဖမ်းထားရတယ်😅
Fighting 💪💪💪 my lovely readers 💙
Lobe you all😘😘😘<12-9-19>
YOU ARE READING
Chay《completed》
FanfictionCrushဆီကattentionလိုချင်လား??? တစ်ခြားလူတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေပီး သူ့ကိုပိုးစိုးပက်စက်ချေပြလိုက်! အနည်းဆုံးတော့Crushရဲ့အတွေးထဲကိုယ်ရောက်သွားလိမ့်မယ်! ငါ့လိုရုပ်ချောကြီးတွေဆိုရင်တော့ပြန်ကြိုက်ခံရမှာပေါ့>.< Unicodeဖြင့်ရေးသားထားခြင်း။Zawgyiနှင့်...