Mini chapter ♥

4.4K 346 4
                                    

~ မင်း! ~

~ အယ်,သားတို့ကသိနေကြတာလား? ~

ရှောင်မားမားရဲ့အမေးကိုရှောင်းကျန့်ကခေါင်း
ငြိမ့်ပြရင်းပြန်ဖြေလိုက်သည်။

~ ကျောင်းတုန်းကသိခဲ့တာပါ,မား ~

~ အော်...သူငယ်ချင်း‌ေတွ‌ေပါ့! ~

~ မား,ကျွန်တော်သူနဲ့နှစ်‌ေယာက်တည်း
စကားပြောချင်လို့ ~

~ အေး,အေး မားအခန်းထဲမှာရှိနေမယ်!အေးဆေးစကားပြောကြနော် ~

~ ဟုတ်,မား ~

~ ငါ့အမေနဲ့ဘယ်လိုသိတာလဲ?ဘာလို့ငါ့အိမ်ထဲရောက်နေတာလဲ? ~

ရှောင်မားမားထွက်သွားပီးနောက်အေးစက်သွားတဲ့လေထုကိုရှောင်းကျန့်ကစတင်ဖြိုခွဲလိုက်တာဖြစ်တယ်။

~ ဟင်း,အပြောအဆိုတွေကစိမ်းကားလိုက်ကာ!ဘာလို့ဒေါသထွက်နေရတာလဲ?စောနကကျ သူငယ်ချင်းတွေဆို ~

~ သိခဲ့တယ်လို့ပဲပြောလိုက်တာပါ,
သူငယ်ချင်းနဲ့မတူဘူး! ~

~ ဟား! ~

ရှောင်းကျန့်ရဲ့ခပ်စိမ်းစိမ်းအပြောကိုသူမကိုရယ်နေတယ်။မယုံကြည်သလိုရယ်သံနဲ့!

~ ဒါနဲ့,ငါနင်နဲ့ဘာမှမဖြစ်ခဲ့ပါဘူး!ဘာလို့ငါ့ကိုအမြင်မကြည်ဖြစ်နေရတာလဲ? ~

~ ငါ့ချစ်သူနဲ့ပတ်သတ်နေလို့ပေါ့! ~

ရှောင်းကျန့်ရဲ့စကားကိုကြား‌ေတာ့သူမကသိနှင့်ပီးသားအရာတစ်ခုကိုကြားလိုက်ရသလိုမျိုး၊အံ့ဩဟန်မပြခဲ့။ခေါင်းကိုတစ်ဆက်ဆက်ငြိမ့်ပီးရှောင်းကျန့်ကိုကြည့်နေတယ်။

~ ငါ့အမေနဲ့ဘယ်လိုသိတာလဲ?? ~

~ နင့်အမေမှန်းငါမသိပါဘူး!အန်တီကလမ်းမှာကားပျက်နေလို့ငါလိုက်ပို့ပေးတာ,အဲ့လောက်ပဲ! ~

~ ဘာလို့မပြန်သေးတာလဲ? ~

~ ဟမ်? ~

~ မင်းပြန်လို့ရပီ!ငါ့အမေနဲ့ထပ်မပတ်သတ်နဲ့တော့!ကူညီပေးခဲ့လို့ကျေးဇူးပဲ ~

စကားကိုေအးစက်စက်ပြောရင်းအ‌ေပါ်ထပ်ကိုတက်သွားတဲ့သူရဲ့‌ေနာက်‌ေကျာကိုကြည့်ရင်း သူမနှုတ်ခမ်းကိိုကိုက်လိုက်တယ်။

* ငါတို့ပြိုင်ပွဲကမပီးသေးဘူး,ရှောင်းကျန့်!ရိပေါ်ကိုငါရအောင်ပြန်ယူမှာ! *

သူမမျက်ဝန်းမှာအမုန်းရိပ်တွေကကြီးစိုးလျက်။
.
.
.
.
.
.
.
.
~ ငါပြောခဲ့တာ‌ေတွလွန်များသွားပီလား?သူကမားကိုကူညီခဲ့တဲ့သူကို...
Arrr!မသိတော့ဘူးကွာ! ~

ရှောင်းကျန့်ဆံပင်တွေကိုဆွဲဖွရင်းကုတင်ပေါ်လှဲချလိုက်တယ်။ပုံမှန်ဆိုသူဟာအရမ်းအားနာတတ်တဲ့ကောင်လေးတစ်ယောက်။ဒါပေမယ့်သူမကိုဘာလို့အဲ့လောက်အေးစက်စက်ပြောခဲ့မိလဲ သူကိုယ်တိုင်တောင်မသိ။
ကျင်းအာဆိုတဲ့ထိုမိန်းကလေး!
ရိပေါ်ပြောပြခဲ့လို့သူ့စိတ်ဓာတ်ကိုသိခဲ့ရတာ!
ဒါ့ကြောင့်အခုလိုအမှတ်မထင်ပြန်‌ေတွ့‌ေတာ့စိတ်လွတ်ပီး ပြောလိုက်မိတာ။
ဘာပဲဖြစ်ဖြစ်,သူတို့အချစ်ရေးနောက်ထပ်
အထိခိုက်မခံနိုင်တော့ဘူး။

~ ဟူး! ~

တွေးရင်းနဲ့ရင်မောလာတာမလို့‌ေရှာင်းကျန့်သက်ပြင်းတစ်ချက်ချမိလိုက်တယ်။
*တစ်ခြားလူတွေနဲ့မတူညီတဲ့ relationship တစ်ခုကလွယ်ကူပါ့မလား? *

📱📲

ဖုန်းမြည်လာတာကြောင့်ရှောင်းကျန့်ကုတင်ပေါ်ထထိုင်ရင်းအိတ်ကပ်ထဲကဖုန်းကိုထုတ်လိုက်တယ်။
Contact nameလေးကိုကြည့်ရင်း
လူကအလိုလိုပြုံးမိရက်သား။

~ အင်း,ပြန်ရောက်ပီလား? ~

*လွမ်းနေပီ*

~ အမယ်,ဆယ့်ငါးမိနစ်တောင်မရှိသေးဘဲနဲ့! ~

*အာ့ဆို ကိုယ်ကအချိန်နဲ့တွက်ပီးမှလွမ်းရမှာလား!*

~ ဟား,အဲ့လိုပြောတာမဟုတ်ပါဘူး!~

*ယုန်ဖြူရော,ကိုယ့်ကိုမလွမ်းဘူးလား?အရမ်းတွေ့ချင်တာပဲ!*

~ လွမ်းတာပေါ့,တစ်ညလေးပဲသည်းခံပါ!မနက်ဖြန်လာကြိုလေ ~

*အင်း,ကိုယ်အလုပ်ဖုန်းလာနေလို့နောက်မှပြန်ဆက်မယ်နော်*

~ အင်း ~

* ရှောင်းကျန့် *

~ ဟင် ~

*ချစ်တယ်*

~ အင်း,ငါရောပဲ ~

ကျသွားပီဖြစ်တဲ့ဖုန်းလေးကိုကြည့်ရင်းရှောင်းကျန့်ပြုံးမိတယ်။လေလှိုင်းထဲကစကားသံဖြစ်နေတာတောင်ရှက်ရွံ့မှုကြောင့်ရှောင်းကျန့်နားရွက်ဖျားတွေရဲရဲနီနေခဲ့တယ်။

Note♥

တိုမှန်းသိပါတယ်။ကိုယ်တကယ်မအားလို့ပါ😪
ကိုယ့်မွေးနေ့မှာယူတို့အတွက်လက်ဆောင်
chapterလေး♥🙆♥
ကျင်းအာကိုဖြေးဖြေးဆဲနော်၊😅

Love you all ❣️😘❣️

Chay《completed》Wo Geschichten leben. Entdecke jetzt