part-22

5.8K 517 4
                                    

📎📎📎

💢ဒေါက်^ဒေါက်

ရှောင်းကျန့်တစ်ယောက်ဝမ်ရီပေါ့်အားလိုက်ခေါ်ရန်စဉ်းစားနေစဉ်ကြားလိုက်ရသောတံခါးခေါက်သံကြောင့်အခန်းတံခါးကိုသွားဖွင့်လိုက်သည်။

~ Aww... ယွီပင်း!ဘာကိစ္စလဲ.?? ~

~ ဆရာမကညနေခြောက်နာရီညစာစားမယ်တဲ့!မှီအောင်ကြိုလုပ်ထားဦ ^ငါအဲ့တာလာပြောတာ ~

~ အင်း ကျေးဇူးပဲ ~

~ အာ့ဆိုငါသွားပီ!သူများတွေလည်းလိုက်ပြောရဦ မှာ ~

~ အင်း ~

ယွီပင်းထွက်သွားတော့မှအခန်းတံခါးအားပိတ်ကာအခန်းထဲပြန်ဝင်လာခဲ့သည်။နာရီကိုကြည့်မိတော့ လေးနာရီကျော်!* ဝမ်ရီပေါ့်ကိုသွားပြောဦ မှပါလေ *
ရှောင်းကျန့်လည်းအခန်းထဲမှထွက်ကာဝမ်ရီပေါ့်အားလိုက်ရှာရတော့သည်။
အခန်းမှထွက်ပီးကြာကြာပင်မရှာလိုက်ရချေ။ကမ်းခြေတွင်မတ်တပ်ရပ်နေသောဝမ်ရီပေါ့်အားရှာတွေ့လေသည်။
သို့သော်ဝမ်ရီပေါ်တစ်ဦ တည်းမဟုတ်ချေ။သူ့ေ့ရှတွင်ရပ်ကာသူနဲ့စကားပြောနေသောကောင်မလေးတစ်ယောက်လည်းရှိနေသေးသည်။
အနည်းငယ်ဝေးနေသောကြောင့်မည်သူမှန်းသေချာမမြင်ရ။ထို့ကြောင့်ေ့ရှကိုတိုးလိုက်ပီးအနီးနားရှိထန်းပင်အားကွယ်ရင်းချောင်းကြည့်မိသည်။
* ဟင်!ကျင်းအာပဲ!! သူတို့ကဒီမှာဘာလုပ်နေတာလဲ.??*
ရှောင်းကျန့်ကြည့်နေရင်းမှပင်ကျင်းအာကဖုန်းကိုထောင်ပြလာသည်။ထို့နောက်စကားများပြောကာဖုန်းကိုပြန်ပြနေပြန်သည်။
*ကျင်းအာကဝမ်ရီပေါ့်ကိုဘာတွေပြနေတာလဲ.?? သူတို့ကဘာတွေလဲ.?? *
ရှောင်းကျန့်ထိုမြင်ကွင်းအားဆက်ကြည့်မနေတော့ဘဲလှည့်ထွက်လာခဲ့တော့သည်။စိတ်ထဲတွင်တော့အဖြေမရှိသောအတွေးများသာကြီးစိုးနေလျက်!
*ဝမ်ရီပေါ်ကကျင်းအာနဲ့ဘာတွေလဲ.??
သူကမုန်ကျီယိကိုကြိုက်နေတာမဟုတ်ဘူးလား.??
ဘာလို့ကျင်းအာနဲ့နှစ်ယောက်တည်းစကားပြောနေရတာလဲ?? ဝမ်ရီပေါ့်စိတ်ထဲမှာဘာတွေရှိနေတာလဲ?*
ရှောင်းကျန့်အတွေးများအားတောင်စဉ်ရေမရလျှောက်တွေးနေရင်းမှတစ်စုံတစ်ခုကိုဆုံးရှုံးလိုက်ရသလိုခံစားချက်ကြီးဝင်ရောက်လာခဲ့သည်။
ဝမ်ရီပေါ်ကကျင်းအာနဲ့ရည်းစားဖြစ်နေတာလား.??
ဘာလို့ ငါ့ကိုဘာမှမပြောပြတာလဲ.??
ငါ့ကို သူတစ်ကယ်ပဲ...သူငယ်ချင်းလိုမခင်ခဲ့လို့လား.??
ငါ့ကိုသူထားခဲ့တော့မှာလား.?? သူငယ်ချင်းလိုဆက်မပေါင်းတော့ဘဲနဲ့လေ!!
ရှောင်းကျန့်စဉ်းစားနေရင်းမှအမြင်အာရုံများဝေဝါးလာသည်မို့မျက်လုံးတို့ကိုမှိတ်ချလိုက်သည်။
ပါးပြင်ပေါ်မှဖြတ်၍မြေပြင်ပေါ်သို့စီးကျသွားသောမျက်ရည်တစ်စက်၏အဓိပ္ပါယ်အားရှောင်းကျန့်နားမလည်!!
* အာ... ငါ့မှာသူငယ်ချင်းကသူတစ်ယောက်ထဲမှမဟုတ်တာ!ငိုနေရလား.?? အရူးကျနေတာပဲ!! *

Chay《completed》Where stories live. Discover now