အပိုင်း ၂

5.6K 269 2
                                    

ကျန်ချန်း တစ်ယောက် ဘာမှပြန်မဖြေဘဲ လက်ပတ်နာရီလေးကိုကြည့်ရင်း ပြုံးနေသော ရှောင်ကျန်းရဲ့ မျက်နှာရှေ့တွင် လက်ယမ်းပြကာ"ဟေ့ကောင်..သွားကြိုမှာလားလို့..လေယာဉ်ချိန်က ၄နာရီ ဆိုတော့ အစည်းအဝေးအပြီးတန်းသွားမှမှီမှာ...။"

"ဟေ...အေး..ငါသွားတော့ကြိုချင်တယ် ကျန်ချန်း..ဒါပေမယ့်..."

"ဒါပေမဲ့...ဘာဖြစ်လဲ"

"ငါ...ငါ သူ့ကိုပြန်တွေ့ဖို့ အဆင်သင့် မဖြစ်သေးဘူး ကျန်ချန်း။"

"အင်း..ငါ့အထင် မင်းသူ့ကို သွားကြိုသင့်တယ်ထင်တယ်။သူလည်း မင်းလာကြိုတာကို မျှော်လင့်နေမယ်လို့ငါ ထင်တယ် ရှောင်ကျန်း။"

"ငါ..သူ့ကိုတွေ့ဖို့ စိတ်အဆင်သင့်မဖြစ်သေးဘူး ကျန်ချန်း။"

"အေး..အေး..အာ့ဆိုလဲ မင်းသဘောလေ။ဒါဆို ငါသွားပြီနော်။"

"အော်..အေး...အေး.."

====
ကျောင်းဆင်းချိန်...

"ဟူး...ဒီနေ့ သင်တဲ့စာတွေကလည်း ခက်လိုက်တာကွာ။"ထုံးစံအတိုင်း သူငယ်ချင်း ဖြစ်သူ ကျင်းလင်၏ အသံ။

ထို အခါ ဂျီယန်က"ဟေ့ကောင်ကျင်းလင်...မင်းမခက်တဲ့စာဆိုတာ ရှိသေးလို့လားကွ။"

"မင်း..."

"မဟုတ်လို့လား။"

"ကဲကဲ..ရန်မဖြစ်ကြပါနဲ့ကွာ။"

"😏.."

"😒..."

ထိုအခါမှ တစ်ယောက်နဲ့တစ်ယောက် မျက်စောင်းထိုးပြီး စကားရန်ပွဲရပ်သွားသော ကျွန်တော့်ရဲ့ Tom and jerry သူငယ်ချင်းနှစ်ယောက်။

ထို့နောက် ကျင်းလင်က "ဒါနဲ့ ဟေ့ကောင် ရိပေါ် မင်းဒီနေ့ ငြိမ်လှချည်လား။နေရောကောင်းရဲ့လား။"

"အေးဟုတ်တယ်...ကျင်းလင်ပြောတာမှန်တယ်။မင်းဒီနေ့ တယ်တိတ်ဆိတ်နေတယ်။စာသင်ချိန် တစ်လျှောက်လုံးလည်း စိတ်နဲ့လူနဲ့ မကပ်သလိုဘဲ။"ဟု ဂျီယန်က ဝင်အပြော..

"အေးအေး.ဟုတ်တယ်...ဂျီယန်ပြောသလိုပဲ ရိပေါ် မင်းဒီနေ့ ထူးဆန်းနေတယ်။"

အမ်...ခုနက ရန်ဖြစ်နေတဲ့ သူတို့နှစ်ယောက်လူစားများ အထိုးခံလိုက်ရလား မသိ။တစ်ယောက်စကား တစ်ယောက် ထောက်ခံနေလိုက်ကြတာများ။ကျွန်တော် မပြောဘူးလား သူတို့တည့်ပြီဆိုလဲ နှစ်ယောက်မရှိပါဘူးလို့။

Absolute boyfriend (Unicode)💚[complete]Where stories live. Discover now