အပိုင်း ၁၅

3.8K 235 2
                                    

Ring..ring..

အဆက်မပြတ်မြည်နေတဲ့ ဖုန်းသံကြောင့် ရှောင်ကျန်း ဖုန်းကို ထုတ်ကြည့်လိုက်တော့ screen ပေါ်မှာပေါ်နေတဲ့ နာမည်က ထင်ထားတဲ့အတိုင်း သူမပင်။

အစကတော့ မကိုင်တော့ဘူး၊ဆုံးဖြတ်ထား ပင်မယ့် အရင်က ရှိခဲ့တဲ့ သံယောဇဉ်တချို့ကလည်း ရှိနေပြန်တော့ လူမှုရေးအရ ရှောင်ကျန်း ဖုန်းကို လက်ခံပြောဖို့ ဆုံးဖြတ်လိုက်တယ်။

"ဟယ်လို..ကိုယ်လား?"

"အင်း...မင်းဘာပြောစရာရှိလို့လဲ။ကိုယ်တို့ ကိစ္စက မနေ့တည်းက ပြီးသွားခဲ့ပြီ မှတ်လား?"

"ကိုယ်...ယွမ့်ကိုလေ နောက်ဆုံး အကြိမ်လေးတော့ တွေ့ခွင့်ပေးပါနော်၊ခု ယွမ် ကိုယ့်ရဲ့ အပန်းဖြေအိမ်ရှေ့မှာရောက်နေတယ်"

"...."

"တကယ်နောက်ဆုံး အကြိမ်ပါပဲ ကိုယ်ရယ်။ယွမ့်အမှားတွေကို တောင်းပန်ချင်လို့ပါနော်။"

သူနဲ့ကိုယ့်ကြားမှာကလည်း ပါးနဲ့မား ရှိတည်းက ခင်မင်မှုရှိတာတွေအပြင် စေ့စပ်ပွဲကိုလည်း ကိုယ့်ဘက်က စဖျက်ခဲ့တာလေ။ပြီးတော့ သူ့ကိုလည်း ကျွန်တော် ညီမလေးတစ်ယောက်လိုတော့ သံယောဇဉ်ရှိနေသေးတာရယ် ကြောင့် နောက်ဆုံးအနေနဲ့ သူနဲ့တွေ့ဖို့ ဆုံးဖြတ်လိုက်တယ်။

"Okay ယွမ်၊ကိုယ်ထွက်လာခဲ့မယ်"

ရှောင်ကျန်းဖုန်းကို အိတ်ကပ်ထဲထည့်ပြီး စားပွဲပေါ်က နာရီလေးကို လှမ်းယူပြီး ရိပေါ်ကို သူအပြင်ခဏ သွားစရာရှိကြောင်းပြောဖို့ ရိပေါ်ရဲ့ အခန်းဆီ ရောက်တော့ ရိပေါ်က အိပ်ပျော်နေတာနဲ့ ရှောင်ကျန်းလည်း မနှိုးတော့ဘဲ ယွမ်ယွမ်နဲ့ တွေ့ဖို့ ခြံပြင်ထွက်လာခဲ့တယ်။

ခြံအပြင်ရောက်တော့ "ကို..."

"မင်း ဘာပြောစရာရှိလို့ ဒီထိလိုက်လာတာလဲ?ကိုယ့် အထင်တော့ ကိစ္စအားလုံး ပြီးသွားခဲ့ပြီပြီ မှတ်လား?"

"ကို..ယွမ်ကို အချိန်ခဏလောက်ပေးလို့ရမလားဟင်?"

"ဒီမှာပဲ ပြောလို့မရဘူးလား?ကိုယ် ရိပေါ်ကို တစ်ယောက်တည်းထားခဲ့ရမှာ စိတ်မချလို့..."

Absolute boyfriend (Unicode)💚[complete]Where stories live. Discover now