အပိုင်း ၁၃

3.8K 243 0
                                    

မနက်ဖြန် ကျွန်တော့်ရဲ့ စေ့စပ်ပွဲနေ့....

ကျွန်တော် ဒီနေ့ အစောကြီး နိုးပြီး အပြင်လည်း မထွက်ချင်တော့တာနဲ့ မနက်နိုးထဲက အခန်းထဲမှာပဲ နေနေမိတယ်။

ရှောင်ကျန်း ကုတင်ပေါ်မှာ လှဲနေရင်း သက်ပြင်းချလိုက်တယ်။

"ကိုယ် မင်းကို အရမ်းတွေ့ချင်လိုက်တာကွာ...ခု မင်းဘာလုပ်နေမလဲ?ကျောင်းများ သွားနေပြီလား?ကိုယ် အခု မင်းမျက်နှာလေးကို အရမ်းမြင်ချင်တယ် ကောင်လေးရယ်.."

ဒေါက်..ဒေါက်

ရှောင်ကျန်း တစ်ယောက်တွေးနေရင်း အခန်းတံခါးကို လာခေါက်တဲ့ အသံကြောင့် တံခါးသွားဖွင့်လိုက်တော့..

သူအရမ်းတွေ့ချင်နေတဲ့ ကောင်လေး...ရိပေါ်ရဲ့ ကျောင်းဝတ်စုံလေးဝတ်ထားတဲ့ပုံလေးက ရှောင်ကျန်းရဲ့ မျက်လုံးထဲမှာ တော်တော်ချစ်စရာကောင်းနေတယ်။

"ကောင်လေးရယ် မင်းနေများမကောင်းလို့လား?မျက်နှာလေးတောင်တော်တော်ချောင်ကျသွားလိုက်တာကွာ..."

"ကျန်းကော.."

"အင်း..ဘာကိစ္စလဲ?"

"ကျွန်တော် ကျောင်းသွားတော့မယ်လို့ လာပြောတာပါ"

"အင်း.."

"ကော..."

ကျွန်တော် သူ့မျက်လုံးထဲမှာ ဝမ်းနည်းမှု တချို့ သန်းသွားတာ တွေ့လိုက်သလိုပဲ...

"အင်း..ပြောလေ.."

ကျွန်တော် ညင်ညင်သာသာပဲ ပြန်မေးလိုက်တယ်။

"ဘာမှ မဟုတ်တော့ပါဘူး...အာ့ဆို ကျွန်တော်သွားတော့မယ်နော်"

"အင်း..."

ကျွန်တော်လည်း သူ့ရဲ့ ထွက်သွားတဲ့ ကျောပြင်ကို ကြည့်ရင်း စိတ်ထဲမှာ ပြောမပြတတ်တဲ့ ဝမ်းနည်းမှု တစ်ခု ခံစားလိုက်ရတယ်။

သူ ဒီလို ရိုးရိုးလေး နှုတ်ဆက်စကား ပြောပြီး ကျောခိုင်းထွက်သွားတာတောင် ကျွန်တော် ဒီလောက် ဝမ်းနည်းမှုမျိုး ခံစားနေရရင် သူနဲ့သာ တစ်သက်လုံး ခွဲရရင် ဘယ်လိုဖြစ်မလဲဆိုတာ ကျွန်တော် မတွေးရဲလောက်အောင်ပါပဲ...

Absolute boyfriend (Unicode)💚[complete]Where stories live. Discover now