ရှောင်ကျန်းရဲ့ တပ်မက်မှု၊ရမက်စောအပြည့်နဲ့ အနမ်းတွေအောက်မှာ ရိပေါ်မလွန်ဆန်နိုင် ဖြစ်နေမိတယ်။
"ကျန်း..ကျန်းကော..."
ရှောင်ကျန်းလည်း ရိပေါ်ရဲ့ လည်တိုင်ဖြူဖြူလေးပေါ် ခပ်ပြင်းပြင်းလေး တစ်ချက်နမ်းလိုက်ပြီး ရှေ့ဆက်တိုးချင်တဲ့ စိတ်ကို သူ့ဘာသာသူ ပြန်ထိန်းရလိုက်တယ်။
ရှောင်ကျန်း အနမ်းတွေကို ရပ်လိုက်ပြီး ရိပေါ်ရဲ့ မျက်နှာသွယ်သွယ်လေးကို လက်နဲ့ အသာပင့်ကာ သူ့မျက်လုံးတွေနဲ့ အကြည့်စုံစေလိုက်တော့ မျက်နှာလေးတွေနဲ့ နားရွက်လေးတွေ ရဲတွတ်ကာ သူ့ကို ကြည့်နေတဲ့ အကြည့်လေးကြောင့် ရှောင်ကျန်းတစ်ယောက် ရင်ခုန်သံတွေ ပိုမြန်လာမိတယ်။
"ကော မင်းကို အရမ်းချစ်တယ် ရိပေါ်.."
"ကျန်းကော.."
"ဟုတ်တယ်...ကော ဒီထက်ပိုပြီး ကိုယ့်ဘာသာကိုယ် မလိမ်ချင်တော့ဘူး..ဘယ်အချိန်ထဲက ဆိုတာလဲတော့ ကောမသိပေမဲ့ သေချာတာကတော့ ကော အခုကော့ရဲ့ အရှေ့မှာ ရပ်နေတဲ့ ရိပေါ်ဆိုတဲ့ ကောင်လေးကို အရမ်းချစ်တယ်ကွာ..မင်းကော့ကို ယုံကြည်ပေးမယ်မလားဟင်?"
"ကျန်းကောရယ်..."
မျက်ရည်လေးတွေ စီးကျလာတဲ့ သူ့ရဲ့ ပါးပြင်ကို ကျွန်တော့်လက်နဲ့ ဖွဖွလေး သုတ်ပေးလိုက်ပြီး "မငိုပါနဲ့ကွာ..ကောမင်းရဲ့ မျက်ရည်တွေကို မြင်ရရင် ရင်ထဲ အရမ်းပူလောင်မိလို့ပါ ကလေးရယ်။တိတ်တော့နော်.."
သူ ကျွန်တော့်ကို တင်းတင်းကြပ်ကြပ်ဖက်လိုက်ပြီး "ကျွန်တော်လည်း ကျန်းကောကို အရမ်းချစ်တယ်...ကျွန်တော့်ကို ထားမသွားပါနဲ့နော်.."
အသံတုန်တုန်ယင်ယင်လေးနဲ့ ပြောနေတဲ့ ကောင်လေးအား"အင်း..အခုကစပြီးကောမင်းကို ဘယ်တော့မှ ထားမသွားတော့ပါဘူးကွာ။မင်းထွက်သွားခိုင်းတောင် ကောမင်းနားက ဘယ်တော့မှ ထွက်မသွားဘူး ကလေး.."
====
ကျွန်တော် ကျွန်တော့်ရဲ့ စိတ်ကို ထိန်းထားဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ သူ့ရဲ့ နှုတ်ဖျားကနေ သူချစ်နေတာ ကျွန်တော်ပါဆိုတဲ့ အဖြေကို ကြားလိုက်ရတော့ ကျွန်တော် အိမ်မက်မက်နေလားတောင် ထင်ခဲ့မိတယ်။
YOU ARE READING
Absolute boyfriend (Unicode)💚[complete]
Romanceကျွန်တော့် ဘဝမှာ အချစ်ရဆုံး မေမေ့ ကို ကျွန်တော့်မျက်စိရှေ့မှာတင် ဆုံးရှုံးလိုက်ရတယ်။ကျွန်တော် အရမ်းလိုချင်ခဲ့တဲ့ ဖေဖေ့ရဲ့ မေတ္တာတွေကိုလည်း သူအကုန်အပိုင်စီးသွားခဲ့တယ်။သူသာ မွေးမလာခဲ့ရင် ကျွန်တော် အရမ်းတောင့်တခဲ့တဲ့ နွေးထွေးတဲ့ မိသားစုလေးကို ပိုင်ဆိုင...