ရိပေါ် သူ့ရဲ့ ခြံတံခါးကို ဖွင့်ပြီး ဝင်လာခဲ့တယ်။အိမ်ထဲရောက်တော့ အိမ်အကူအန်တီကြီးက "သခင်လေး..ပြန်ရောက်ပြီလား?"
"ဟုတ်ကဲ့ အဒေါ်..ကျွန်တော် နားချင်လို့..ဘယ်သူလာလာ၊ဘယ်သူ ဖုန်းဆက်ဆက် ကျွန်တော့်ကို လာမခေါ်ပါနဲ့.."
"ဟုတ်ကဲ့ပါ သခင်လေး.."
ရိပေါ် သူ့အခန်းထဲ ဝင်မလို့ လုပ်နေရင်းကနေ နောက်တချက်ပြန်လှည့်လိုက်ပြီး "ဒါနဲ့အဒေါ်ရေ..မနေ့က ဟိုတယောက်လာသေးလား?"
"ဟုတ်ကဲ့ သခင်လေး...သူရောက်လာပါသေးတယ်။"
"ဘာကိစ္စနဲ့ လာတာလို့ပြောလဲ?"
"ထုံစံအတိုင်း သခင်လေးကို တွေ့ပြီး အရေးကြီး ပြောစရာရှိလို့ပါတဲ့။သခင်လေး မနေ့ညက ပြန်မလာလို့တောင် သူတော်တော်စိတ်ပူပြီး တချိန်လုံး ပြန်ရောက်ပြီလားဆိုတာ ဖုန်းဆက်မေးနေတာ..သူလည်း သခင်လေးကို နေရာအနံှလိုက်ရှာကြည့်ပါသေးတယ်တဲ့..မတွေ့လို့ဆိုပြီး တော်တော် စိတ်ပူနေရှာတာ။အော် ဒါနဲ့ ခုမှ သတိရတယ်..သခင်လေးပြန်ရောက်ရင် သူ့ကို ဆက်ဆက်ဖုန်းဆက်ပြောပေးပါလို့တောင် မှာသွားသေးတယ်"
"မလိုတော့ဘူး.."
"ရှင်.."
"ဟုတ်တယ်..နောက် သူလည်း ဒီကိုထပ်လာလောက်တော့မှာ မဟုတ်ဘူး..."
"အော် ဟုတ်ကဲ့ သခင်လေး..."
ရိပေါ် ပြောပြီး အခန်းထဲ ဝင်လာခဲ့တယ်။
ထိုအချိန် Ring..Ring...
"ဟယ်လို Narak ပြော..."
"နင်ခုနက ငါဖုန်းဆက်တုန်းက ငါ့ကို ဘယ်လိုတွေ လျှောက်ခေါ်လိုက်တာလဲ?ငါတောင် ဖုန်းမှားသွားပြီ ထင်လို့ လန့်တောင်သွားတယ်...ဘာတဲ့ babeဆိုလား?haha..နင် ဘာတွေ ခြေရှုပ်ထားလို့တုန်း?"
"Narak...."
"အေး ပြောလေ.."
"ငါ..ငါလေ ဒီနေ့ ကျန်းကောနဲ့ တွေ့ခဲ့တယ်..."
"အေး ဟုတ်လား?ငါလည်း အဲ့တာပဲ ဖုန်းဆက်ပြောတာ..မနေ့က သူ ငါတို့ အိမ်ကို လာသွားတယ်..ငါ မရှိတုန်း လာသွားတာ..သူက ငါ့ကို အရေးကြီး မေးစရာလေးရှိလို့ဆိုပြီး ပါးကို ပြောသွားတယ်တဲ့..."
YOU ARE READING
Absolute boyfriend (Unicode)💚[complete]
Romanceကျွန်တော့် ဘဝမှာ အချစ်ရဆုံး မေမေ့ ကို ကျွန်တော့်မျက်စိရှေ့မှာတင် ဆုံးရှုံးလိုက်ရတယ်။ကျွန်တော် အရမ်းလိုချင်ခဲ့တဲ့ ဖေဖေ့ရဲ့ မေတ္တာတွေကိုလည်း သူအကုန်အပိုင်စီးသွားခဲ့တယ်။သူသာ မွေးမလာခဲ့ရင် ကျွန်တော် အရမ်းတောင့်တခဲ့တဲ့ နွေးထွေးတဲ့ မိသားစုလေးကို ပိုင်ဆိုင...