အပိုင်း ၈

3.5K 243 4
                                    

ကျွန်တော် ကားတွေတော်တော်များများကို ကျော်တက်ပြီး ရိပေါ်ရှိတဲ့ ဆေးရုံကို မောင်းလာလိုက်တယ်။

အန်တီမြ ပြောတဲ့ဆေးရုံကို ကျွန်တော်ရောက်နေပါပြီ။ဒါပေမဲ့ ကျွန်တော် မဝင်ရဲဘူးဖြစ်နေတယ်။ဆေးရုံဆိုတာက ကျွန်တော့်အတွက်တော့ လုံးဝလုံးဝ မလာချင်တဲ့နေရာပါ။မား ဆုံးသွားခဲ့တာကို ပြန်အမှတ်ရစေတဲ့ ဒီဆေးရုံထဲကို ကျွန်တော် ဝင်ဖို့အတွက် ခြေလှမ်းတွေ တုန့်နေမိတယ်။

ဒါပေမဲ့ ခု ကျွန်တော့် အတွက်က ရိပေါ် အဆင်ပြေလား သိရဖို့ အရေးကြီးတယ်။ကျွန်တော် သူ့ကိုတွေ့ချင်တယ်၊ကျွန်တော်လည်း စိတ်ကိုဖြေပြီး ဆေးရုံထဲ မြန်မြန်ဝင်လာခဲ့တယ်။

"သား..ရှောင်ကျန်း.."

"အန်တီ..ရိပေါ်ရော?သူ့ အခြေအနေ ဘယ်လိုလဲဟင်??"

"ရိပေါ်လေးက ခု မေ့ဆေးရှိန်နဲ့ အိပ်နေတယ်သား။ခေါင်းကို တော်တော် ထိသွားတာ။သမီးယွမ်ယွမ်လိုက်ပို့တာ အချိန်မီလို့ပေါ့၊မဟုတ်ရင် အသက်စိုးရိမ်ရတယ်တဲ့။ "

"ဗျာ..ယွမ်က လိုက်ပို့တယ်?"

"အစ်ကို..."

"ယွမ်က ဒီကို ဘယ်လိုရောက်နေတာလဲ?"

"ယွမ်တောင်းပန်ပါတယ် ကို။ယွမ့်ကို ကယ်ရင်း ရိပေါ်ဒီလို အက်ဆီးဒန့် ဖြစ်ရတာပါ။"

"ဟမ်.."

"ဟုတ်တယ်..အစ်ကို၊ရိပေါ်သာ မကယ်ခဲ့ရင် ယွမ် ခုလို အသက်ရှင်နေနိုင်မှာတောင် မဟုတ်ဘူး။ယွမ် တောင်းပန်ပါတယ်နော် အစ်ကို၊ယွမ့်ကြောင့် ရိပေါ် ခုလို ဖြစ်သွားရလို့"

"ရပါတယ်။ယွမ် ဘေးကင်းတယ်ဆိုလို့ တော်သေးတာပေါ့။"

Ring..ring..

"ဟယ်လို..ဂျီယန်ပြော"

"မမရေ ရိပေါ် သတိပြန်ရနေပြီ"

"ဟုတ်လား ဂျီယန်.."ယွမ်ယွမ်က ဝမ်းသာအားရပြုံးပြီး ပြောလိုက်တယ်။

"ဟုတ်တယ် မမ၊ခုပဲ သတိပြန်ရလာတာ၊"

"အေး၊မမတို့ ခုပဲလာခဲ့မယ်နော်"

"ဟုတ်"

"အစ်ကို နဲ့ အန်တီရေ..ရိပေါ် သတိပြန်ရနေပြီတဲ့"

Absolute boyfriend (Unicode)💚[complete]Where stories live. Discover now