Part 18 (Z & U)

649 65 10
                                    

Zawgyi
ချင်းမိုင်ပြန်ရောက်တော့ Saint သတိထားမီတာ P'Jun က Bkk ကနေ ပြန်မလာသေးဘူး ။

အိမ်ထဲဝင်လာသည်နဲ့ ထုံးစံအတိုင်း Pang က မျက်နှာထားတင်းတင်းကြီးနဲ့ မေးလေသည် ။

အကိုလေး ဘာဖြစ်လို့ တစ်ယောက်တည်း လျှောက်သွားရတာလဲ ၊ ပြီးတော့ ဘယ်တွေ သွားနေတာလဲ ။

ကျွန်တော့်ဟာ ကျွန်တော် ဘယ်သွားသွားပေါ့ ။ကျွန်တော်လည်း စိတ်သိပ်မကြည်၍ အသံမာမာနဲ့သာ ပြန်ဖြေလိုက်သည် ။

အကိုလေးရယ် ကျွန်တော်က စိုးရိမ်လို့ပါ ။

ဘာစိုးရိမ်စရာရှိလို့လဲ ။ Peteဆိုတာ သူ့ဘဝကိုသူ တစ်သက်လုံး ကောင်းကောင်း ထိန်းနိုင်ခဲ့တာပဲ့ ။

ဟင် အကိုလေး အဲ့ဒါကို ပြန်သတိရပြီလား ။

မရပါဘူး ။ P'Jun ပြောချက်အရ ကျွန်တော်က ဘဝကို တစ်ယောက်တည်း ရပ်တည်ခဲ့ရတာပဲ့ ။

ထားလိုက်ပါတော့ ။ ကျွန်တော်လည်း ခရီးပန်းနေပြီ ။ အပေါ်တက်နားတော့မယ် ။

ဟုတ်ကဲ့ပါ ။ အကိုလေး

အခန်းထဲရောက်တော့ ရေမိုးချိုး အဝတ်စားလဲကာ ခုတင်ပေါ် လဲပြီး အနားယူလိုက်သည် ။

..............

Jun က Bangkok ရောက်တာနဲ့ ရှေ့နေ့ အန်ကယ် Bine ကိုသွားတွေ့ သည် ။

အန်ကယ်Bine က ဆေးရုံမှ နေသိပ်မကောင်းသည်ကို တွေ့ရသဖြင့် စိတ်အနည်းငယ် သက်သာသွားကာ ဆေးရုံက လှည့်ပြန်ဖို့အထွက် အဝင်ဝမှာ Tonnam နဲ့ တန်းတိုးလေသည် ။

Tonnam😨

Tonnam က သူ့ကိုစိတ်ဆိုးနေသည်ထင် သူ့ကိုဂရုပင်မစိုက်ပဲ့ အန်ကယ် Bine ဆီကိုသာ ခြေလှမ်းတို့က ဦးတည်နေတာမို့ သူ့ရဲ့လက်လေးကို အနောက်ကနေ လှမ်းဆွဲလိုက်သည် ။

ခင်းဗျား ဒါ ဘာလုပ်တာလဲ ၊ လွတ်နော်

Tonnam ကိုယ့်ကို စိတ်ဆိုးနေတာလား

ဟား.... ကျွန်တော့်မှာ စိတ်ဆိုးပိုင်ခွင့်ရောရှိလို့လား ။

Tonnam ကိုယ့်ကို စိတ်ဆိုးနေတယ်ဆိုလည်း ပြောပါ ၊ ကိုယ်ပြင်ပါ့မယ် ။

နှစ်ယောက်ကြားမှာ အချိန်အ‌‌တန်‌‌ကြာ တိတ်ဆိတ်ပြီးမှ ပထမဦးစွာ Tonnam ဆီက စကားသံထွက်လာခဲ့သည် ။

The Day Before { Complete }Donde viven las historias. Descúbrelo ahora