Part 6 (Z & U)

837 91 2
                                    

Zawgyi

သူ့ကိုကြည့်ရတာ ငါအတိတ်ပြန်မမှတ်မီတာ ကျေနပ်နေသလိုပဲ့

Peteရယ် အတိတ်မမှတ်မီတော့လည်း ဘာအရေးလဲ ၊ ဒီအိမ်မှာ Peteနေရမှာ ၊ဒါ Peteနဲ့ သက်ဆိုင်တာပဲ့

တကယ်ပဲ့ ဒီအိမ်ကြီးကို ကျွန်တော်ပိုင်ဆိုင်ရမှာလား

အင်း ပိုင်ဆိုင်ဖို့ အပေးအယူတော့ရှိတာပေါ့်

"ဘယ်လို အပေးအယူရှိတယ်ဟုတ်လား ၊အဲဒါဘာလဲ"

"ကို အတိအကျမသိပါဘူး ၊ရှေ့နေ့ Bine ကသာ တိတိကျကျသိတာပါ"

Peteက Junကို စေ့စပ်စွာကြည့်လိုက်သည် ၊ သူပြောတာတွေက တကယ်အမှန်တွေပဲ့လား

နောက်တစ်နေ့ နံနက်စာစားပြီး Junက အလုပ်ထွက်သွားသည်။ Pete အဖေကျန်ခဲ့သော စိပွားရေးကို သူဆက်လက်လုပ်ကိုင်နေသည်။

သူထွက်သွားတော့ Perth ရောက်လာပြီး စန္ဒရားနှင့် သူစပ်လက်စသီချင်းကို လေ့ကျင့်နေသည်။

စန္ဒရားသံကြား၍ Pete အောက်ထပ်သို့ ဆင်းခဲ့ပြီး တိတ်တဆိတ် ထိုင်၍ နားထောင်နေသည်။ Perthက ရေးလိုက်၊ တီးလိုက်၊ အသံစမ်းလိုက်နှင့်လုပ်ရင်းက Peteကိုတွေ့လိုက်သည်။

Pete ဘယ်တုန်းက ရောက်နေတာလဲ

ကြာပြီ

အသံပြုလိုက်ရောပေါ့်

Perth စိတ်ဝင်တစား အလုပ်လုပ်နေတာ နှောင့်ယှက်သလိုဖြစ်မှာစိုးလို့ပါ

ထိုစဉ် pangက Peteကို coffee တစ်ခွက်လာပို့သည်

Perth အတွက်ပါ ဖျော်ခဲ့ပေးပါ Pang

ဆရာက သူ့ကိုအိမ်လာခွင့်မပေးထားဘူး

ဒီမှာ Pang P Jun ကကျွန်တော့်အဖေရဲ့ အလုပ်သမား၊ ကျွန်တော်က အဖေရဲ့ သွေးသား ၊ ဒီတော့ ခင်ဗျား P junရဲ့ စကားကို နားထောင်ရင် ကျွန်တော် စကားကို ပိုနားထောင်ရမှာပေါ့်

Pangရဲ့မျက်နှာ ကွက်ကနဲ မည်းမှောင်သွားသသည်

Perthအတွက် coffeeရော မုန့်ပါယူခဲ့ပါ

Pangက ဆင်ခြေမပေးနိုင်တော့ပဲ့ လှည့်ထွက်သွားသည် ။ Perthက pete ကို ကြည့်ပြီး အသံမထွက်ပဲ့ လက်ခုတ်တီးလိုက်သည်။ နှစ်ယောက်သား ကျေနပ်စွာ ရယ်မီကြသည်

The Day Before { Complete }Hikayelerin yaşadığı yer. Şimdi keşfedin