Part 14 ( Z & U)

784 75 2
                                    

Zawgyi

Junကို ငါအတိတ်ပြန်သတိရပြီဆိုပြီး သူ့မရိုးသားတာတွေကို အမှန်အတိုင်းဝန်ခံခိုင်းရမယ် ၊ဘာကြောင့် ဒီလိုလုပ်လဲဆိုတာ မေးမယ်

သူလုပ်နေတာ ၊ရာဇဝတ်သင့်တယ်လို့ သူ့ကို ပြန်ခြိမ်းခြောက်ရမယ် ။

Pete အစစ်ကရော ဘယ်မှာလဲဆိုတာ သေချာအောင်မေးမယ်

ငါအခုပဲ့ ရဲတပ်ဖွဲ့ကို သွားတိုင်ပြီး သူ့ကိုအရေးယူခိုင်းရမယ်

Saintက နက်နဲစွာတွေးရင်း Perthကို သတိရသွားခဲ့တယ်

ငါ Perthကို ချစ်မီနေပြီ ၊ ငါဟာ Pete မဟုတ်ဘူး Saintsup လို့ပြောလိုက်ရင် သူ့ငါ့အပေါ်အရင်လိုဆက်ဆံဦးမှာလား

ရုတ်တရက် ဝမ်းနည်းပြီး မျက်ရည်စတို့ ထွက်လာခဲ့သည်

သေချာတာတစ်ခုကတော့ ငါသာ သတိရနေကြောင့် အားလုံးဝန်ခံလိုက်ရင် Perth ဒီအိမ်မှာနေရတော့မှာမဟုတ်ဘူး

Perth နေစရာ နေရာမရှိဖြစ်သွားမှာပေါ့်

ဟုတ်တယ် ၊ သူသီးချင်းတွေပြီးတဲ့အထိ သည်းခံစောင့်ပြီး Jun ဘာတွေထပ်ပြီး ကြံစည်ဦးမလဲဆိုတာ စောင့်ကြည့်မယ်

အိမ်ကထွက်ပြေးလာတဲ့ ငါလည်း ဒီနေရာလေးမှာပုန်းနေတော့ ဒေါ်လေးကျင်က ရှာလို့မလွယ်တော့ဘူးပေါ့်

ဒီအိမ်ကြီးမှာနေပြီး တစ်ကိုယ်တော် ထောက်လှမ်းရေးလုပ်ရမှာ စိတ်ဝင်စားစရာပါလား

ဟုတ်တယ် ၊ အချိန်အတိုင်းအတာ တစ်ခုထိ ငါPete အဖြစ် သရုပ်ဆောင်နေဦးမယ်

အခုအချိန်မတန်သေးဘူး ၊ အချိန်တန်မှ ငါ Perthကို ဖွင့်ပြောပြီး ဒီအိမ်ကြီးဆီကနေ ထွက်မယ်

အတိတ်ကိုပြန်ရ၍ Saintတစ်ယောက် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ကာ သတ္တိတွေ ခွန်အားတွေ အပြည့်နှင့် အခန်းထဲမှ ထွက်လာခဲ့သည်။

ဝမ်းထဲတွင် ဟာနေသဖြင့် အောက်ထပ်က ထမင်းစားခန်းဆီသို့ ဆင်းလာခဲ့သည်။ သူ့ကိုတွေ့တော့ Pangနှင့် Junနှစ်ယောက် စကားပြောနေရာမှ တိတ်သွားခဲ့သည်။

ဟော Pete နိုးနေပြီလား

ဟုတ်ကဲ့ ကျွန်တော်ဗိုက်ဆာနေပြီ Pang

The Day Before { Complete }Where stories live. Discover now