Part 22 ( Z & U) End

640 40 7
                                    

Zawgyi

တေးငှက်အော်သံပေါင်းစုံနဲ့ သာယာလှပလွန်းလှသည့် နေ့တစ်နေ့

" ဒါဆိုရင် Peteက တကယ်သူ့ဘာသာသူ သေဆုံးသွားတာပေါ့် ဟုတ်လား P'Tonnam "

"ဟုတ်ပါတယ် "

"ဒါနဲ့ သူသေဆုံးရတဲ့အကြောင်းအရင်းကို သေချာသိချင်တယ် "

" Pစုံစမ်းကြည့်ရသလောက်တော့ Peteဆိုတဲ့ကောင်လေးက သိပ်ကိုရိုးသားဖြူစင်တာ ၊ ဒါကြောင့်မို့လို့လဲ ကျောင်းမှာဆို အရမ်းကိုအနိုင်ကျင့်ခံထိတယ် "

"အစကတည်းက အဖေမရှိပဲ့နေလာရလို့လဲ ပါမှာပေါ့် ၊ သူအထက်တန်းရောက်တော့ အမေကပါဆုံးသွားတော့ သိပ်ကို ခိုကိုးရမဲ့သွားတာပေါ့် "

"ဒီလို သူ့ဘဝရဲ့ အမှောင်တိုက်ထဲရောက်သွားတဲ့အချိန်မှာ သူ့ကိုအလင်းပေးမဲ့ ကောင်လေး တစ်ယောက်ပေါ်လာခဲ့တယ် ၊ အဲကောင်လေး နာမည်ကတော့ Aeတဲ့ "

"Aeက တကယ့်ကို ဗလ​တောက်တောက်နဲ့ ယောကျာ်းပီသတဲ့သူ ၊ Peteကိုလည်း အရမ်းချစ်တာ "

"Peteရဲ့အရာရာကAe ဖြစ်သလို ၊ Aeရဲ့အရာရာကလည်း Peteပဲ့ ၊ သူတို့နှစ်ယောက်က အရမ်းကိုပျော်ရွင်ခဲ့ကြတာ "

"အရမ်းကိုပျော်ရွင်ခဲ့တဲ့ Peteက ဘာလို့ သေဆုံးသွားရတာလဲ "

"Pete အမေသေဆုံးပြီးနောက်ပိုင်း Peteတို့အိမ်ရဲ့ စီးပွားရေးက အရမ်းကို ယိုယွင်းလာခဲ့တယ်။ Peteကလည်း သူဋ္ဌေးသားလေး မဟုတ်တော့ဘူးပေါ့် "

" အဲ့ဆို Ae ကရော ဟင် "

" Aeက ပိုတောင်ဆိုးသေးတယ် ၊ သာမာန်ဆင်းရဲသားကောင်လေး တကောင်ကြွက်ပေါ့် "

" Aeဆိုတဲ့ ကောင်လေးကအရင်က အရမ်းဆိုးတာ ၊ ခိုးဆိုး လုနှိုက် အကုန်လုပ်တယ် ၊ ဒါမဲ့ Peteနဲ့ တွေ့ပြီးနောက်ပိုင်း သူပြောင်းလဲလာခဲ့တယ် ။ "

"အရင်က သူလုပ်ဖူးတာတွေ မလုပ်တော့ဘူး ၊ ရိုးရိုးသားသား ရှာဖွေစားသောက်လာတယ် ။ "

"Peteကလည်း အရင်က သူဋ္ဌေးသားလေးဆိုတော့ ဘာမှလည်း မလုပ်တတ် ၊ Aeကပဲ့ Peteကိုရှာကျွေးထားတာ "

"တစ်နေ့တော့ Peteက အရမ်းမောလာလို့ ဆေးရုံလာပြတဲ့အချိန်မှာ သိလိုက်ရတယ် ။ သူ့မှာ နှလုံးမကောင်းဖြစ်နေပြီတဲ့ ၊ ဒါကို ကုသဖို့က ပိုက်ဆံလိုတယ်လေ "

The Day Before { Complete }Место, где живут истории. Откройте их для себя