Part 4 (Z & U)

1K 101 3
                                    

Pete ကိုကြည့်ရတာ နေကောင်းမယ့်ပုံမပေါ်သေးဘူးနော်

ဟုတ်တယ် ခေါင်းထဲမှာ အမြဲမူးနောက်နေတာပဲ့ ဒီနေ့လည်း အရဲစွန့်ပြီးအိမ်ကထွက်လာတာ

တော်သေးတာပေါ့် လမ်းမှာမလဲလို့

"ဒီတိုက်ကလေးကို မြင်ပြီးလာချင်တာနဲ့ အရဲ့စွန့်ပြီးလာခဲ့တာ"

ဒီတိုက်ကလေးရှိတာကို Peteက မသိဘူးပေါ့်

ဟင့်အင်း

Pete နေ့တဲ့ အခုအိမ်ကြီးနဲ့ပတ်သက်ပြီးရော ဘာတွေသိပြီးပြီးလဲ

မသိရသေးဘူး ကျွန်တော် ကောင်းကောင်းနေကောင်းမှ P'Junကပြောပြမယ်တဲ့ ကျွန်တော်သိသလောက်တော့ ကျွန့်တော်အဖေက ကျွန်တော့်အတွက် အမွေတွေအားလုံး ရှေ့နေကြီးဆီ အပ်ခဲ့တာ အဲ့ရှေ့နေကလည်း ဆေးရုံတက်နေရတယ်တဲ့

ဒါလောက်ပဲ့သိသေးတာလား

ဟုတ်တယ် ခင်ဗျားသိသလောက် ကျွန်တော့်ကို ပြောပြနိုင်မလား

ပြောပြနိုင်ပါတယ် ဒါပေမဲ့ ကိုယ်ပြောမှာကို အဲ့ဒီ Jun ဆိုတဲ့သူက လိုလားမှာမဟုတ်ဘူး

သူမလိုလားလည်း ကျွန်တော် ဂရုမစိုက်ဘူး

အဲ့ဆို အန်ကယ် Kando နဲ့ ကျွန်တော်စတွေ့တဲ့ အချိန်ကနေ စပြောမယ်

" ဟုတ်ကဲ့ ပြောပြပါ"

Bkk မှာ အန်ကယ်နဲ့ စတွေ့ခဲ့တာပါ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်ကပေါ့်

Perth က အသံအက်အက်နှင့်ပြောပြနေသည်။ တစ်ချက်တစ်ချက် အတော်တိုးသွား၍ pete က မနည်းကြီး နားထောင်ရသည်

အစကတည်း က ကျွန်တော့် အဖေနဲ့ သိခဲ့တာ မဟုတ်ဘူးပေါ့်

မဟုတ်ဘူး လမ်းသွားရင်းနဲ့ ဆုံခဲ့တာ မော်တော် ဆိုင်ကယ်တစ်စီးနဲ့ တိုက်မီတော့မလို့ ဖြစ်တဲ့ အန်ကယ်ကို ကျွန်တော်က တွန်းလိုက်တယ်၊

ဆိုင်ကယ်နဲ့ တိုက်မီသွားတာက ကိုယ်ဖြစ်သွားတယ် တိုက်မီပြီး လဲအကျမှာ လမ်းဘေးကသံပိုက်လုံးနဲ့ရိုက်မီပြီး လည်ပင်းမှာရော ညှပ်ရိုးရောကျိုးပြီး ဒဏ်ရာရသွားတယ်

အန်ကယ်က သူ့အသက်ကယ်တဲ့ ကိုယ့်ကို ဆေးရုံတင်ပြီး ကုသပေးတယ်

The Day Before { Complete }Tempat cerita menjadi hidup. Temukan sekarang