Part 11 (Z & U)

673 94 7
                                    

Zawgyi

Peteက သူအက်စီးဒင့် မဖြစ်ခင်တုန်းက ကိစ္စကို Junတော့ သိလောက်မယ်ထင်ပြီး Junကို မေးဖို့အိမ်ကိုသာပြန်လာခဲ့သည်။

Pete အိမ်ကိုရောက်တော့ Junက အိမ်မှာရှိမနေခဲ့ဘူး။ ည ကိုးနာရီလောက်မှာသာ Junက ပြန်လာသည်။

Peteကို ဧည့်ခန်းထဲမှာ တွေ့လိုက်ရ၍ ရိုးတိုးရှန်းတန်းဖြစ်သွားသည်။

"မအိပ်သေးဘူးလား Pete "

"P'Junကို စောင့်နေတာ"

"ဘာလို့လဲ"

"မေးစရာရှိလို့"

"ဘာများလဲ Pete"

"ကျွန်တော် ဒက်ဆီးဒင့် ဖြစ်တုန်းက ကားထဲမှာ ယောကျာ်းလေးတစ်ယောက်ပါတယ်လို့ Pပြောတယ်နော်"

"ဟုတ်ပါတယ်"

"အဲဒီ ယောကျာ်းလေးက ဘယ်သူလဲ ၊ ကျွန်တော်နဲ့ ဘယ်လိုပတ်သက်တာလဲ"

"လမ်းမှာဆုံလို့ ၊ လမ်းကြုံတင်လာတာလို့ ထိုကောင်လေးက ပြောတယ်"

"ဟုတ်လား ၊ သူနာမည်ကို သိလား"

"နာမည်တောင် မမေးလိုက်ရပါဘူး၊ Peteကို စိတ်ပူပြီး ဆေးရုံမြန်မြန်ပို့လိုက်ရလို့"

"ကျွန်တော်စိတ်ထဲမှာ မရှင်းဘူး"

"ဘာကိုမရှင်းတာလဲ Pete"

"Pနဲ့ ကျွန်တော်ကရော ဘယ်လိုဆုံတာလဲ"

"Peteတို့ ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး မိနစ်ပိုင်းမှာ ကျွန်တော့်ကားနဲ့ အဲ့ဒီနေရာကို ဖြတ်တဲ့အချိန်နဲ့ ဆုံလို့ ၊ ကူညီရအောင် ဆင်းကြည့်တာ အဲ့ဒီဘေးကကောင်လေးက Peteရဲ့ နာမည်ကို တကြော်ကြော်ခေါ်နေတယ်၊ ဒါနဲ့ ကိုယ်လည်း Peteမှန်းသိလို့ ချက်ချင်း ဆေးရုံကိုပို့တယ်"

"အဲဆို ကျွန်တော်နဲ့ အတူပါလာတဲ့ ကောင်လေးကရော ဘာမှမဖြစ်ဘူးလား"

"နည်းနည်းပါးပါး ပွန်းပဲ့သွားတယ်"

"ဆေးရုံကို သူတစ်ခေါက်မှ လာမကြည့်ဘူးနော်"

"ဟုတ်တယ် ၊ သူ့မှာ အရေးကြီးတဲ့ ကိစ္စရှိလို့ဆိုပြီး တစ်ရက်ပဲ့ဆေးရုံမှာနေပြီး ဆင်းသွားတယ်"

"သူဘယ်သူလဲ ၊ သူဘယ်မှာ နေတယ်ဆိုတာကရော မပြောခဲ့ဘူးလား"

"မပြောခဲ့ပါဘူး ၊ ကိုယ်လည်း စိတ်များနေတာနဲ့ မမေးလိုက်မီဘူး"

The Day Before { Complete }Donde viven las historias. Descúbrelo ahora