မုန်းသူရဲ့ကျိန်စာ

44 3 0
                                    

''ငါပြောတာသူပေါ့ ရုပ်လေးက လှတပတနဲ့ရူးနေရှာတယ် ''''ဟဲ့ဘယ်လိုဖြစ်လို့လဲ ''''မသိပါဘူး ဒီအနီးနားကတော့မဟုတ်ဘူးထင်ပါရဲ့ ရူးနေတယ်သာပြောတာ အဝတ်စားတွေဘာတွေလည်း သပ်သပ်ရပ်ရပ်ပဲ ဝတ်တယ် သူများလည်းအနှောက်ယှက်မပေးဘူး အမြဲတမ်းပြုံးးပြုံးးလေးပဲ ''''သနားပါတယ်နော် ဘယ်လို ကံကြမ္မာကြောင့်ရယ်ဒီလိုဖြစ်နေရယ်မသိဘူး ''''ဘယ်သူမှလည်းမသိမှာမဟုတ်ပါဘူး သူကလွဲလို့ပေါ့ ''**********************************************''စန္ဒီ တိုက်ခန်းဝယ်ဖို့ကိစ္စစုံစမ်းခိုင်းထားတာဘယ်လိုလဲ ''''စုံစမ်းနေတုန်းပါပဲ ရှင် ပြောတဲ့ဈေးနဲ့တိုက်ခန်းက ဘယ်မှာမှမရှိနိုင်သေးဘူး ''''ဒါတော့ မင်းညံ့တာပဲလေ ပွဲစားခတွေဘာတွေနဲ့ ဆိုတော့ ငါလိုချင်တဲ့ဈေးနဲ့တိုက်ခန်းက ဘယ်ရမလဲ အဲ့ဒီ့အဖိုးအခတွေ ကုန်မှာကြောက်လို့ မင်းကို ကိုယ်တိုင်စုံစမ်းခိုင်းတာ ''ခင်စန္ဒီက စိတ်သဘောထားကောင်းသလောက် သူ့အမျိုးသား ကိုမိုးဟန်ကတော့ ကပ်စေးနဲကော်တရာ ပိုက်ဆံနဲ့ပတ်သတ်လာရင် ပိုဆိုးတယ် ဇနီးသည်ကိုတော့ ဈေးဖိုးကိုတောင် တကျပ်တပြားတိုင်းတာပြီးပေးတတ်သေးသည် ငွေတိုးချေးစားတဲ့လုပ်ငန်းအပြင် အပေါင်ပါခံလိုက်သေးပြန်တယ် လာပေါင်တဲ့ပစ္စည်း တမိနစ် တနာရီအစွန်းမခံဘူး သူချိန်းတဲ့ရက်အတိုင်း လာပြန်မရွေးနိုင်ရင် အဆုံးးး တဘက်လူဘက်က ခြေသလုံးဖက်တောင်းပန်ရင်တောင် ပြောပြီးသားစကားမပြင်တတ် ပတ်ဝန်းကျင်နဲ့လည်းတစက်မှမတည့် ခင်စန္ဒီ့အဖို့လည်း ယောကျာ်းကြောက်ရသူမို့ ဘာမှဝင်မပြောဖြစ်ခဲ့ ကြာတော့ သူ့လောဘတွေက ပိုပိုဆိုးလာခဲ့တယ်သူတပါးမျက်ရည်ခြေဆေးတဲ့ အဖြစ်ပိုများလာတော့ ခင်စန္ဒီအကြောက်ကြီးကြောက်လာမိတယ်မကြာသေးခင်ကမှ လူတယောက်ရောက်လာပြီးး အရေးတကြီးငွေလိုနေလို့ သူ့မိဘအတွက် ဝယ်ထားတဲ့တိုက်ခန်းလေးလာပေါင်သွားတယ် တကယ်တမ်း သင့်တင့်တဲ့ဈေးထက် အများကြီးနှိမ်ပေးလိုက်တယ် အိမ်ရှင်က ဘယ်လောက်ပြောပြောမရဘူး နောက်ဆုံးတော့ သူပေးတဲ့ဈေးနဲ့ပဲ ယူသွားရှာတယ် ပေးတဲ့အချိန်က နည်းနည်းလေး ခင်စန္ဒီသိလိုက်ပါပြီ ကိုမိုးဟန် ဒီတိုက်ခန်းကိုအချောင်ရဖို့ကြံနေပြီဆိုတာတကယ်လည်း သူစီစဉ်တဲ့အတိုင်းဖြစ်လာခဲ့ပါတယ် အခန်းပိုင်ရှင် ဘယ်လောက်တောင်းပန်တောင်းပန် သူမလျော့ခဲ့ဘူး သူ့မိဘတွေ အတွက်ဝယ်ထားတဲ့အိမ်ဖြစ်လို့ နှစ်ရက်လောက်ပဲ ထပ်စောင့်ပါဆိုတာကို အငြင်းကြီးငြင်းဆန်ခဲ့သည်သူရတဲ့ဈေးနဲ့ရလိုက်တဲ့အတွက်ကြောင့် အပျော်ကြီးပျော်ပြီးးး အိမ်ပြောင်းဖို့ ပြင်ဆင်နေတော့တယ် တိုက်ခန်းလေးက တော်တော်ကျယ်ပါသည် အိပ်ခန်းနှစ်ခန်း ဧည့်ခန်းနှင့်မီးဖိုခန်းတစ်ခန်းး အိပ်ခန်းတစ်ခန်းကို သမီးလေးနှစ်ယောက်အတူတူထားလိုက်တယ် အိမ်သစ်မှာ ပစ္စည်းတွေနေရာချ နဲ့တနေကုန်အလုပ်ရှုပ်နေကြတယ် ကိုယ်ပိုင်ပစ္စည်းထက် အပေါင်ဆုံးပစ္စည်းတွေက ပိုများတယ်ဟိုဘက်အိမ်ကနေ ဒီဘက်ပြောင်းလာတော့ မတည့်ပေမယ့် ခင်စန္ဒီတို့သားအမိတွေ မျက်နှာကြောင့် သည်းခံပြီး ကူညီပြောင်းရွှေ့ပေးခဲ့ကြပါတယ် ဒါပေမယ့် ကိုမိုးဟန်ကတော့ ပေးတဲ့ပိုက်ဆံနဲ့တန်အောင်ခိုင်းတယ် အားလုံးပြောင်းရွေ့ပြီးသွားတော့ အိမ်တက်လုပ်ဖို့ပြောပေမယ့် ကိုမိုးဟန်အလုပ်ကိစ္စတွေပတ်ချာရိုက်နေခဲ့တယ်အိမ်ပြောင်းပြီး တပတ်ကျော်သည်ထိ အိမ်တက်မလုပ်ဖြစ်သေးတစ်ရက် ညည့်အတော်နက် ပတ်ဝန်းကျင်က လူတွေအကုန်အိပ်မောကျနေတဲ့အချိန် ကိုမိုးဟန် အသံတစ်ခုကြောင့်လန့်နိုးလာခဲ့တယ်အိမ်ရှေ့ဧည့်ခန်းထဲက ခြေသံတွေကြားနေရလို့ ဆက်နားထောင်နေရင်း ခြေသံကတဖြည်းဖြည်းပိုပီသလာတယ် မိန်းမကလည်းဘေးမှာအိပ်နေတယ် ၆ နှစ်သမီးနဲ့ ၈ နှစ်သမီးရဲ့ ခြေသံကလည်းဒီလောက်တော့မပြင်းနိုင် အိမ်ထဲသူခိုးတွေဘာတွေများဝင်နေတာလား ခုတင်ပေါ်ကနေခြေသံလုံလုံနဲ့ အခန်းတံခါးဆီလျှောက်သွားပြီး ဧည့်ခန်းထဲလှမ်းချောင်းကြည့်လိုက်တယ် တစ်အိမ်လုံးပကတိ တိတ်ဆိတ်လို့ ဘာအရိပ်ယောင်မှတောင်မတွေ့ရဘူးတစ်အိမ်လုံး တံခါးတွေပိတ်ထားပေမယ့် ခန်းဆီးကလေတိုက်နေသလိုတလူလူလွှင့်နေတယ် ကိုမိုးဟန် ပြတင်းပေါက်ဆီလျှောက်သွားလိုက်တယ် မနေ့ကဒီတံခါး သူသေချာပိတ်ခဲ့ပါရဲ့နဲ့ လွင့်နေတဲ့ခန်းဆီးစကိုဖယ်ပြီးး တံခါးပိတ်ဖို့လက်လှမ်းလိုက်တယ်ဟင် တံခါးက ပိတ်လျက်သား ထိုအချိန် ကိုမိုးဟန်ရဲ့ အနောက်မှာတစုံတယောက်ရှိနေတယ်လို့ခံစားလိုက်ရတယ် သူ့ခန္ဓာကိုယ်အနှံ့ကြက်သီးတွေတဖြန်းဖြန်းထလာတယ် လေချွန်သံလိုလို တရွီှးရွှီးနဲ့ အသံကပိုကျယ်လာပြီးးခန်းဆီးကလည်းပိုလွှင့်လာပြီ သူနောက်ကိုဖြည်းဖြည်းချင်းလှည့်လိုက်တယ် သူတစုံတစ်ခုကို ကြောက်မက်ဖွယ်မြင်လိုက်ရတယ်ချွမ်းးးးးးး ခလွမ်းးးးးးမီးဖိုခန်းထဲက ခွက်ကျသံ ပန်းကန်ကျကွဲသံတွေကြောင့် ခင်တယောက်လန့်နိုးလာတယ် သူနိုးနေတုန်းမှာပဲ နောက်ထပ်အသံတွေ ထပ်ကြားနေရပြန်တယ် အိပ်ခန်းထဲကနေ အသံလာရာမီးဖိုချောင်ဆီသို့ ပြေးထွက်သွားလိုက်တယ် အဲ့ဒီ့မှာသူမြင်ရတာက အသိစိတ်လွတ်နေတဲ့လူတယောက်လို ကိုမိုးဟန်တယောက် မီးဖိုချောင်ထဲက ပန်းကန်တွေ တခုပြီးတစ်ခုပစ်ချခွဲနေတာပါပဲ''ကိုမိုးဟန် ရှင် ဒါဘာလုပ်နေတာလဲ ဒီမှာ ရှင်ဘာလုပ်နေတာလဲလို့ ''''ဗွမ်းးးးးးးး ''ခင် ဘေးနားက ရေပုံးထဲကရေကိုခွက်နဲ့ခပ်ပြီး ပက်ထည့်လိုက်တယ် အဲ့ဒီ့တော့မှ အသိစိတ်ပြန်ဝင်လာပြီးး''ဟင် ငါ ငါ ဘယ်လိုဖြစ်လို့ ဒီရောက်နေတာလဲ မင်း ဘာဖြစ်လို့ ငါ့ကိုရေနဲ့ပက်တာလဲ ''''အဲ့ဒါရှင့်ကိုမေးရမှာ ဘာဖြစ်လို့ပန်းကန်တွေခွဲနေရတာတုံးး ကြည့်အုံးးး ''''ငါမလုပ်ပါဘူး ''''ရှင်မလုပ်တော့ ဘယ်သူလုပ်တာလဲ ကျွန်မ ဝင်လာတော့ ရှင်ပစ်ခွဲနေတာလေ ''''ငါ ငါ တကယ်မသိဘူးးးးဟ ''''ရှင် နေရောကောင်းရဲ့လား တကယ်မသိဘူးလား အိမ်မက်တွေဘာတွေယောင်တာများလား ''''လာလာ ရေသောက်လိုက်ဦးးး ''''ပြန်အိပ်ရအောင် ကလေးတွေနိုးသွားပြီလား ''''စန္ဒီသွားကြည့်လိုက်မယ် အိပ်နှင့် ''ကလေးနှစ်ယောက်လုံး လုံးဝအိပ်ပျော်နေတယ် ခင်စန္ဒီလည်း ကလေးတွေကြည့်ပြီး အိပ်ခန်းထဲပြန်လာခဲ့လိုက်တယ် ကိုမိုးဟန်အိပ်မပျော်သေးတဲ့ပုံပါပဲ သူလည်းဘေးနားမှာဝင်အိပ်လိုက်တယ် တကယ်တမ်းအိပ်တော့မပျော်ဘူး တော်တော်လေးကြာတော့ ကိုမိုးဟန် ထပြီး အပြင်ထွက်မလို့လုပ်တယ်''ဘယ်လဲ ''''အိမ်သာခဏသွားမလို့ ''''အင်းးး ''သူနိုးနေတာသေချာတော့ စိတ်ချလက်ချထားလိုက်တယ် သိပ်မကြာဘူး ရေချိုးခန်းဘက်ကနေ ကိုမိုးဟန်ရဲ့အသံကျယ်ကြီးကိုကြားလိုက်ရတယ် ခင်ရောက်သွားတော့ ကိုမိုးဟန်က ရေချိုးခန်းအပြင်ဘက်မှာထိုင်လျက်သား''ဘာ ဘာဖြစ်တာလဲ ''''သွေးးးးး သွေးးး တွေ ရေချိုးခန်းထဲမှာ ''''ဘယ်မှာလဲ မရှိပါဘူး ရှင်သေချာကြည့်ဦးး ''''ဟင်မရှိတော့ဘူး ခုနကငါသေချာတွေ့တယ် ''''ဘာမှမရှိဘူး ထင်ယောင်ထင်မှားဖြစ်တာနေမှာပါ ကဲအိမ်သာတက်မယ်ဆိုတက်လေ ''''မတက်တော့ဘူး မတက်ချင်တော့ဘူး ''''ဒါဆိုလည်း အိပ်ရအောင် ဘယ်ချိန်ရှိနေပြီလဲရှင်လုပ်တာနဲ့ ကျွန်မလည်း နှလုံးရောဂါရတော့မယ် အိပ်ဆေးသောက်ပြီးဖြစ်ဖြစ်အိပ်လိုက် ည ၁၂ နာရီခွဲနေပြီ ''ဒီလိုနဲ့ ကိုမိုးဟန်ကိုအိပ်ဆေးတိုက်ပြီးး ခင်ကတော့အိပ်မပျော်နိုင်တာနဲ့ ကိုမိုးဟန်အိပ်နေတဲ့ဘေးနားမငုတ်တုတ်ထိုင်နေလိုက်တယ် မိုက်ကနဲ တချက်ဖြစ်သွားပြီး သတိပြန်ဝင်လာတော့ ခုတင်ပေါ်မှာမရှိတော့ပြန်ဘူး အိမ်သာများထသွားပြန်သလား သူအခန်းပြင်ဘက်ထွက်ကြည့်လိုက်တော့ ဧည့်ခန်းထဲမှာငူငူကြီးရပ်နေတဲ့ ကိုမိုးဟန်တယောက်''ဒီမှာဘာလုပ်နေပြန်တာလဲ အိပ်မလို့ဆို ကိုမိုးဟန်ရယ်အချိန်လဲကြည့်ပါဦးး ''ပြောပြောဆိုဆိုကျောပေးပြီးရပ်နေတဲ့ ကိုမိုးဟန်ပုခုံးပေါ်ကိုလက်တင်လိုက်တဲ့အချိန် နောက်ကိုတဖြည်းဖြည်းချင်းလှည့်လာတဲ့ ကိုမိုးဟန်က အရမ်းကိုကြောက်ဖို့ကောင်းနေတယ် သရဲဘီလူးစီးနေသည့်အလား မျက်လုံးကြီးတွေ နီနီရဲ လို့ ခင်စန္ဒီ မအော်ခင်မှာပင် လက်ထဲကိုင်တဲ့ တစုံတစ်ခုနဲ့ ရိုက်နှက်ခြင်းခံလိုက်ရတယ် သူ့ခေါင်းတစ်ခုလုံးစိုခနဲဖြစ်တာခံစားလိုက်ပြီး မူးဝေလဲကျသွားတယ် သူမသတိမလစ်သေးဘူး လုံးဝမထနိုင်ပေမယ့် အသံတွေကြားနေရတယ် မီးဖိုချောင်ထဲမှာ ပန်းကန်တွေခွဲတဲ့အသံတွေ ခွက်တွေတိုက်ချတဲ့အသံတွေ လှန်လော ရှာဖွေနေတဲ့အသံတွေ အတိုင်းသားကြားနေရတယ် ဝုန်းဒိုင်းကြဲနေပြီးအသံဗလာတွေ ရုတ်တရက် ရပ်သွားတယ်မီးဖိုချောင်ဘက်ကနေ လျှောက်လာတဲ့ ခြေသံကျယ်ကြီးကိုအတိုင်းသားကြားနေရတယ် သူ့မျက်စိထဲကိုသွေးစတွေ စီးကျနေတာကြောင့်ကောင်းကောင်းမမြင်ရဘူး သူမဆီကိုလျှောက်လာနေတဲ့ကိုမိုးဟန် သူ့ဆီမရောက်ခင်မှာပဲ တဘက်ကိုကွေ့ဝင်သွားတယ် သမီးလေးတွေရဲ့အခန်းဆီ သူမအသံကုန်ဟစ်အော်လိုက်တယ် ခေါင်းပေါ်က သွေးတွေ ပိုပြီးစီးကျလာနေတယ် ထဖို့ကြိုးစားပေမယ့် ဘယ်လိုမှမထနိုင်ဘူး ခေါင်းတွေချာချာလည်နေတယ် သူမ အသေအလဲကြိုးစားနေခိုက် အခန်းထဲက သမီးလေးရဲ့ အော်သံကျယ်ကြီးကိုကြားလိုက်ရတယ် တဒုတ်ဒုတ်နဲ့ အော်သံတွေ ဆက်တိုက်ကြားနေရပြီးး သမီးလေးရဲ့ ငယ်သံပါအောင်အော်နေတဲ့အသံပျောက်သွားတယ်သူမ နောက်တစ်ကြိမ်ထဖို့ကြိုးစားလိုက်တယ် အခန်းထဲမှာဘာတွေဖြစ်နေမှန်းမသိနိုင်ဘူး ရှိသမျှအားနဲ့ ကုန်းထလိုက်တော့ မိုက်ကနဲတချက်ဖြစ်သွားပြီး မေ့လဲသွားတော့တယ်သူမပြန်သတိရလာတော့ သူ့အနားမှာ မိန်းမကြီးနှစ်ယောက်ထိုင်နေတယ် အိမ်ထဲမှာ လူသံတွေလည်းကြားနေရတယ် ဘာတွေဖြစ်နေမှန်းနားမလည်သေးခင် သမီးလေးတွေကိုသတိရလိုက်တယ် အခန်းထဲက အမြန်ပြေးထွက်သွားလိုက်တော့ အိမ်ထဲမှာရဲတွေကြီးပဲ သူပိုစိုးရိမ်လာပြီ သမီးလေးတွေရဲ့အခန်းရှေ့မှာ ရဲတွေဝိုင်းလို့ သူမ မရှိတဲ့အားနဲ့ တိုးဝှေ့ပြီး အခန်းထဲဝင်ကြည့်လိုက်တော့ အခန်းတစ်ခုလုံးသွေးတွေပျံ့ကြဲ နေပြီး ခုတင်ပေါ်မှာအိပ်နေတဲ့သမီးအကြီးက လည်ပင်းမှာ ဓားရာကြီးအထင်းသားနဲ့ သမီးအငယ်ကခုတင်အောက်မှာ လူရုပ်တောင်မပေါ်အောင်ခုတ်ထစ်ရာများဖြင့် ကိုမိုးဟန်ကလည်း လက်ထဲမှာဓားကြီးတန်းလန်းနဲ့သေနေတယ် သူမခြေထောက်တွေရပ်တည်နိုင်စွမ်းမရှိတော့ဘူး ဘေးနားက အဒေါ်ကြီးတွေက ဝိုင်းထိန်းထားကြတယ်''အားးးးးးးးး သမီးရေ သမီးးကြီးးးးး အမလေးအဖြစ်ဆိုးလိုက်တာ အမေ့ကိုထကြည့်ပါ ဦးးးးး သမီးးးရေ အီးးးးးးး ''''အန်တီ ကျွန်မသမီးလေးတွေကိုနိုးပေးပါဦး သူတို့ကျောင်းသွားရတော့မယ် ကျောင်းနောက်ကျတော့မယ် အန်တီရဲ့ နိုးပေးပါဦးးး''''ကို မိုးဟန် ကိုမိုးဟန်ရေ ရှင့်သမီးတွေကိုထကြည့်ပါဦးးးးး ''သွေးပျက်စရာအဖြစ်ပျက်တွေပြီးတော့ လူတွေအတော်များများပြောကြတာက ကိုမိုးဟန်က သူတပါးပေါ် မျက်ရည်ပေါက်ကြီးငယ်ကျအောင်လုပ်ခဲ့လို့ အပြစ်ပြန်ခံရတာပါတဲ့ တချို့ကလဲ သွေးကြောင်တာပါတဲ့ မကျေနပ်တဲ့သူက အောက်လမ်းနည်းနဲ့လုပ်တာပါတဲ့ ဘာပဲဖြစ်ဖြစ်သူ့လောဘအောက်မှာ အပြစ်မရှိရှာတဲ့သမီးငယ်လေးနှစ်ယောက်ရက်ရက်စက်စက်အသတ်ခံခဲ့ရပေပြီ ခင်စန္ဒီသည်လည်း ယဉ်ယဉ်လေးရူးသွားခဲ့သည်သူတပါးမျက်ရည် နဲ့ခြေဆေးရင် ကိုယ်တိုင်သွေးမျက်ရည်ကျရတတ်တယ်ဆိုတာ ကိုမိုးဟန်သိခဲ့ရင်ဖြင့်သူ့အိမ်အဝင်ဝခြေသုတ်ဖုံရဲ့အောက်ကအင်းပြားအစီအရင်လေးကိုတော့ ဘယ်သူမှမမြင်ကြသေးပါဘူးသေချာတာတော့ မုန်းသူရဲ့ကျိန်စာပေါ့လေ************************WB_Yin Nyein Ayeသင်ခန်းစာယူရန် ရည်ရွယ်ပါသည် လောဘ၏သားကောင်မဖြစ်ကြပါစေနှင့်

စိတ်ကူးယဉ်သရဲဇာတ်လမ်းများWhere stories live. Discover now