မိန်းကလေး နှစ်ယောက်ကို ကယ်သော

63 1 0
                                    

အကယ်၍သာ...ဟုတ်ပါတယ် အကယ်၍သာ ဟုအစမချီ ခင် ဦစွာ ပထမ ဇာတ်လမ်းလေးကိုရေးပြချင်ပါသေးတယ်။ဇာတ်လမ်းလေးက:::အဖေ ဖြစ်သူ ဦးကောင်းစိန်လုပ်ခိုင်းထားသော စီပွားရေး အလုပ်ကို ဘမောင် နှင့် ကိုမြင့်နိုင် တို့ညီအကိုနှစ်ယောက် ကြိုးစား ပန်းစားလုပ်ရင်း ည(9:00အချိန် )သို့ ရောက်ခဲ့သည်။''သားတို့ ညီအကိုနှစ်ယောက် အိမ်ပြန်တော့လေ •• အဖေ့ ရဲ့ ဆလွန်း ကားလေးယူသွား •• အဖေ ကအလုပ် ကိစ္စ လေးတွေရှိသေး လို့ ပြီးမှဂျစ် ကားနဲ့ လိုက်ခဲ့မယ်''''ဟုတ်ကဲ့ အဖေ''ညီကိုနှစ်ယောက် ပျော်သွား၏တစ်နေ့ ကုန်အလုပ်လုပ်နေရသည်မှို့အိမ်ပြန်ရမည် ဟု အသံကြားကြားချင်း အလွန်ပျော်သွားကြသည်။''သားကြီး ဘမောင် မင်းညီလေးကို ဂရုစိုက်ကွာ ညီအကိုနှစ်ယောက်အရက်သောက်မနေနဲ့အုံး ပြန်တော့ ပြန်တော့''ဟုတ်ကဲ့ ပါ အဖေ (ဘူးရူးးးဘူးး) ကားမောင်းသံ''ညီအကိုနှစ်ယောက် ဆလွန်းကားလေးဖြင့် အိမ်သို့ ပြန်ခဲ့သည်။အကိုဖြစ်သူ ဘမောင် က ဆလွန်းကားလေးကို မောင်း၍ ညီဖြစ်သူ မြင့်နိုင်ကခေါင်းခန်း ဘေးတွင် ထိုင်၍ လိုက်ခဲ့သည်။ညအချိန်မှို့ ကားမီးမှိန်မှိန် လေးဖြင့်ဖြည်းဖြည်း မောင်းလာရ၏။ကားပေါ်တွင်တော့ ညီအအကိုနှစ်ယောက် စကားလေး တပြောပြောနှင့်''အကိုကြီး ဘမောင် ညီလေးရဲ့လွယ်အိတ်ထဲမှာ အရက် နည်းနည်းတော့ပါတယ်ဗျ''''ဟေး ဟုတ်လား''''ဟုတ်တယ်အကိုကြီးရ••အဖေ့ စက်ရုံ မှာ အလုပ်လုပ်တဲ့လူက အရက် ခိုးသောက်နေလို့ကျွန်တော် လဲအပြစ်ပေးတဲ့အနေနဲ့အရက်ပုလင်း ကို သိမ်းလားခဲ့တယ်''''ကောင်းရေား ညီလေးရာ •••''''ကျွန်တော်တို့ ညီအကို နှစ်ယောက်ကား ပေါ်မှာ အတူ သောက်ကြမယ်လေ''''ငါကားမောင်းနေ လို့လက်မအားဘူး အရက်ပုလင်းကို ညီလေးပဲဖွင့်လိုက်ကွာ ''''ဟုတ် အကိုကြီး''ညီအကို နှစ်ယောက် တစ်ကျိတ်တည်းတစ်ကြံတည်း ဖြစ်၍ အရက်တစ်ပုလင်းနှင့် ဟန်ကျနေကြ၏။ညီအကိုနှစ်ယောက် ကတ္တရာလမ်းမကြီးပေါ်တွင် မူးမူးနှင့် ကားမောင်းလာကြသည်။အချိန်သည်(11:00)သို့ညွှန်ပြနေ၏။ ကိုဘမောင် တို့မောင်းသောလမ်းသည် ညအချိန် ဆိုလျှင်ကား အလွန်ရှား၏။''အကို••အကို•• ဟိုးအရှေ့မှာမိန်းခလေးနှစ်ယောက်ပါ့လား''''ဘယ်မှာလဲဟ''''ဟိုး ကိုက္ကိုလ် ပင်ကြီးအရှေ့မှာလေ ဗျား ကျွန်တော်တို့ ကားကိုတားနေတယ် ရပ်ပေးလိုက်ပါဗျား''''ထားလိုက်စမ်းပါ ညီလေးရာ ကိုယ်လမ်း ကိုယ်သွား ကြရအောင်''''ထားခဲ့လို့ဖြစ်မလားဗျ မုတ်ဆတ်ပျားဆွဲတာပဲ အခွင့်အရေးပဲ အကိုကြီး''''ကောင်းပြီကွာ ''ကိုဘမောင် မောင်းလာသော ဆလွန်းကားလေးကို မိန်ကလေးနှစ်ယောက်ရှိသော ကုက္ကိုလ်ပင် အရှေ့ မှာ ခဏရပ်လိုက် သည်။လွက်သွက်သောကိုမြင့်နိုင် က ကားတံခါးကိုဖွင့်၍''ညလေးတို့က ဘယ်ကိုသွားမှာလဲအကိုတို့က ?????အဲ့ဒီနေရာကိုသွာမှာ လမ်းကြုံရင်လိုက်ခဲ့ ပါ့လားအိုးးးလမ်းကြုံကြုံ မကြုံကြုံ လိုက်ပို့ပေးပါ့မယ် ''''ဟုတ်ကဲ့ ရှင့်ကျွန်မတို့က ????ကိုသွားမှာ ပါရှင့်''''aww ဒါဆို လမ်းကြုံ တာပဲညီမလေးတို့ ကားပေါ်တက် လေ''ကိုဘမောင် တံခါးဖွင့်ပေးလိုက်သည်။ကောင်မလေးနှစ်ယောက်ကလဲ အလိုက်သင့် ဝင်ထိုင်လိုက်သည်။ကမြင့်နိုင်ကတော့ ကောင်မလေးနှစ်ယောက်ကို ဘယ်လို စည်းရုံးရမလဲဆိုတာကို စဉ်းစားနေသည်။ဝူးးးး(ကားမောင်းသံ)ကိုဘမောင် တစ်ယောက် ကားမောင်းနေရင်း ကောင်းမလေးနှစ်ယောက်ကိုစပ်စု၍ စကားဖြင့်မေးလိုက်သည်။''ညီမလေးတို့က ညကြီးမိုးချိုတ်ဘယ်ကပြန်လာတာလဲ''''ကျွန်မတို့က ဘုရားလာဖူးတာပါဒါပေမယ့် သူငယ်ချင်းနေမကောင်းလို့ ဝင်မေးရင်း နည်းနည်းနောက်ကျသွားတာပါ အခုလိုကူညီပေးလို့ကျေးဇူးတင်ပါတယ် နော် အကို''ထိုအချိန် ညီဖြစ်သူ မြင်နိုင်က လွယ်အိတ်ထဲက ဓားအတို ကိုထုပ်၍ စကားဝင်ပြောသည်။''ဟေ့ ကောင်မလေးနှစ်ယောက်ငါတို့ညီအကိုနဲ့လိုက်ခဲ့''''မ မ မ လုပ်ပါနဲ့ အကို ရယ်''''လျှာမရှေနဲ့ ဟိုက်ဘာအနံကြီးပါ့လိမ့် အပုတ်အနံကြီးပါလား''အပုတ်အနံကြီး က ကိုဘမောင်နှင့်ကိုမြင့်နိုင် တို့ညီအကိုနှစ်ယောက်၏ နှာခေါင်းထဲသို့ စူးစူးရှရှ ဝင်လာ၏။''ညီလေး ရေ မစင် အနံကြီးပါ့လားကွ''''ဟုတ်တယ်ဗျ ကျွန်တော်တို့ကားက နံတာဖြစ်မယ် ဗျ''''ဒီမယ် ရှင်တို့သိအောင် ကျွန်မပြောမယ် ကျွန်မ တို့မှာစောင့်ရှောက် တဲ့ သရဲတစ်ကောင်ပါလာတယ်ရှင်တို့ညီအကို မကောင်းကြံ နေလို့ ကျွန်မတို့ကိုစောင့်ရှောက် တဲ့သရဲက ရှင်တို့ကိုအပုတ် အနံ နဲ့သတိပေးနေတာကဲ သရဲကြီးရေ ကားမောင်းနေတဲ့ညီအကို တွေ ကြောက်နေပါ့အုံးမယ်ကွယ် အမွှေးအနံလေး ပေးလိုက်စမ်း ပါကွယ် ''ထိုအချိန် အမွှေးအနံ လေး သင်းလာတော့၏။ ကိုဘမောင်တို့ညီအကို လဲ အနည်းငယ်တော့ကြောက်သွားကြ၏။အမူးလဲပြေသွားကြသည်။''ကျွန်တော်တို့ကို ဘားမှမလုပ်ပါနဲ့ဗျာ ဒီမမနှစ်ယောက်ကိုအိမ် အရောက်ပို့ပေးပါ့မယ်ဗျာဒါနဲ့ညီမလေးတို့ကို ဘယ်အထိပို့ပေးရမလဲပြောပါခင်ဗျ''''ဟိုးအရှေ့ နားလေး ရပ်ပေးပါ ရှင့်''''အကိုကြီး ဘမောင် မြန်မြန်ရပ်ပေးလိုက်ပါ ဗျားး''ကွီးးးးးး (ကားရပ်သံ)ကားရပ်ပေးသည်နှင့် ကောင်မလေးနှစ်ယောက် ဆင်းဖို့ဟန်ပြင်ပြီးကိုဘမောင်တို့ကို ကျေးဇူးတင်ကြောင်းလှမ်းပြောသည်။''အကိုတို့ကို ကျေးဇူးတင်ပါတယ်ရှင့် အကိုတို့ ကျေးဇူးဆပ်တဲ့အနေနဲ့အကိုတို့ကားကိုစောင့်ရှောက်ဖို့သရဲ ထည့်ပေးလိုက်မယ်နော်''''အမေလေး မလုပ်ပါနဲ့ဂျားကိုယ်ဟာကိုယ် ယူသွားကြပါ ဗျား''''ကောင်းပါပြီရှင်းး သွားခွင့်ပြု့ပါအုံး''ကောင်မလေးနှစ်ယောက် ကားပေါ်ကဆင်းလိုက်ကြ၏။ ကောင်မလေးနှစ်ယောက်ကားပေါ်က ဆင်းဆင်းခြင်းကိုဘမောင်တို့ ကားလဲ အရှိန် ပြင်းစွားဖြင့် မောင်ပြေးကြတော့သည်။ဝူးးးးးးဝူးးဘူးး(ကားအရှိန်ပြင်းစွာမောင်းသံ)ကိုဘမောင်တို့ညီအကိုနှစ်ယောက်လဲရင်ထဲက အလုံးကြီး ကျသွားတော့သည်။''ဟူး တော်ပါသေးရဲ့ အကိုကြီးရယ်နို့ မှို့ဆို ဒီကောင်မလေးတွေကိုတစ်ခု့ခု့လုပ်မိရင် ကျွန်တော်တို့လဲဒုက္ခရောက်မှာ ဗျ''''ကံကြီးပေလို့သာပေါ့ ကွာ''ကိုဘမောင်တို့ ညီအကိုလဲ ပြောပြောဆိုဆိုနှင့် ကားမောင်း၍ ခရီး ဆက်တော့၏။([( အကယ်၍သာ)])လမ်းတွင် ကျန်ခဲ့သော ကောင်မလေးယောက်လဲ ကံဆိုးခြင်းမှ လွှတ်ကင်းခဲ့ရသည် အဘယ်ကြောင့်ဆိုသော်ညာဏ်ကောင်းသောကြောင့် ဖြစ်သည်။''အမေလေး တော်ပါသေးရဲ့ဟဲညည်း သာ ကားပေါ်မှာ အီးမပေါက်ခဲ့ဘူးဆိုကျုပ်တို့ အရှက်ကွဲ ပြီး အသက်ပါသေ နိုင်တယ် ''''ဟုတ်တယ် ကျုပ်လဲ ဓားကိုမြင်ပြီး ကြောက်ကြောက် နဲ့ အီးပေါက် မိသွားတာ ခိစ် ခိစ်''''ညည်း ရဲ့ အီးကလဲ နံလိုက်တာအေ''''ကျုပ်လဲ ရှက်ရှက်နဲ့ ရေမွှေးတစ်ပုလင်း ထိုင်ခုံပေါ် လောင်းချလိုက်ရတယ် ခိစ်ခိစ်''''ဟို ငတိ နှစ်ကောင် လဲ ငါတို့ ညီအမ နှစ်ယောက်ပြောတာ တကယ် ယုံ သွားပုံပဲ ''''ဘာပဲ ဖြစ်ဖြစ် နောက်တစ်ခါဒီလို နောက်မကျအောင် သတိထားရမယ် ''ဟုတ်သည်။ သူတို့ညီအမ နှစ်ယောက်သည် အငြိမ့် မင်းသမီးများဖြစ်ရာ သရုပ်ဆောင် အလွန်တော်ကြသည် ။ ထို့ကြောင့်လဲ ကိုဘမောင်နှင့်ကိုမြင့်နိုင် ကို လှည့် စား သွားပုံမှာ ပြီပြင်လှ၏။အငြိမ့်မင်းသမိးများဖြစ်သောကြော့ ည သန်ခေါင်အချိန်မှ အိမ်ပြန်ရသူလဲဖြစ်၏။ENDစာဖတ်သူ လဲ မှတ်ထားပါအသက်ကို ညဏ်စောင့် သည်။စိတ်ကူးယဉ် ဇာတ်လမ်းဖြစ်သည်။ရေးသူ-စာနဂါး

စိတ်ကူးယဉ်သရဲဇာတ်လမ်းများWhere stories live. Discover now